သေပြီးသား လူတစ်ယောက် က သင့်ကို အိမ်မက်ထဲ ကနေ ဆက်သွယ် ဖို့ ကြိုးစား တဲ့ ပုံစံ ( ၇ )မျိုး

ကိုယ့်ဆွေ မျိုးသားချင်းတွေ ထဲက၊ အသိ မိတ်ဆွေ တွေ ထဲက တစ်ယောက်ယောက် သေဆုံး သွားပြီး တဲ့အခါ သူတို့ကို သတိရတဲ့ စိတ်ကတော်တော်နဲ့ မလျော့သွား ပါဘူး။

ပြီးတော့ သေဆုံးပြီးတဲ့ သူက အသက်ရှင် ကျန်ရစ်တဲ့ သူတွေကို အိပ်မက်ပေးပြီး ဆက်သွယ်ဖို့ကြိုးစား တတ်ကြတယ် လို့လည်း ယူဆတတ် ပါတယ်။

တကယ်ရော အဲ့ဒီလို အဖြစ်မျိုး ရှိပါ့မလား ဆိုတာ ကတော့ စဉ်းစားစရာ ပါပဲ။ ဘာပဲ ပြောပြော ဆုံးပါးသွားတဲ့ တစ်စုံတစ်ယောက်က သင့်ကိုအိပ်မက်ကတဆင့်ဆက်သွယ်ဖို့ကြိုးစားလာရင် ဒီအချက်လေးတွေ ကြုံရတတ်ပါတယ်ပါတယ်

(၁) အိပ်မက်ကနိုးလာချိန်မှာတစ်ယောက်ယောက်စိုက်ကြည့် နေသလိုခံစားရတယ်

ကိုယ်ချစ်ခင်ရတဲ့ သူတွေ ဆုံးပါးသွား ခဲ့ပေမယ့် သူတို့တွေကိုယ့် အနားမှာ ရှိနေတုန်း ပဲ လို့ စိတ်ထဲကနေထင်နေတတ် ပါတယ်။

ပြီးတော့ ညအိပ်တဲ့ အခါ သူတို့ကို အိပ်မက်မက်ပြီး လန့်နိုးလာတဲ့ အချိန်မှာ ဘေးနား ကနေ တစ်ယောက်ယောက်ကြည့်နေ သလို ခံစားချက် မျိုး ဖြစ်တတ် ပါတယ်။ အဲ့ဒီလိုဖြစ်တာက သူတို့တွေ သင့်ကိုအိပ်မက်ကနေတဆင့်ဆက် သွယ်ဖို့ ကြိုးစားနေ လို့ပါတဲ့။

(၆) အိပ်ရာနိုးလာတဲ့ အခါကြည်လင်လန်းဆန်းနေပြီး သက်တောင့် သက်သာ ဖြစ်နေမယ်

သေဆုံးပြီးတဲ့ သူတွေကို အိပ်မက်မက် ပြီး မနက်အိပ် ရာနိုးလာတဲ့ အခါ ကြည်လင်လန်းဆန်းနေမယ်၊ သက်တောင့် သက်သာဖြစ်နေ မယ် ဆိုရင်

သူတို့တွေက သင့်ရဲ့ကျန်းမာရေးနဲ့ ပတ်သက် လို့ စိုးရိမ်နေပြီး သင့်ကို မပင်ပန်းစေ ချင်တာကြောင့် ကောင်းကောင်း အနားရအောင် ကူညီပေး တယ်လို့ ဆိုကြ ပါတယ်။

(၃) အိပ်မက်တစ်ခုပြီးတစ်ခု ဆက်စပ်ပြီး မက်တယ်

တစ်ညတည်းမှာ အိပ်မက် တစ်ခုနဲ့ တစ်ခု အဆက်အစပ် လေးတွေနဲ့မက်နေတယ် ဆိုရင်လည်း ဒါက သင့်ကိုဆက်သွယ်ဖို့ အကြောင်းအရာ တစ်ခုလို့ပြောလို့ရ ပါတယ်။

(၂) အိပ်မက်တဲ့အကြောင်းအရာ အသေးစိတ် ကို မှတ်မိနေတယ်

မနက်နိုးလာတဲ့ အချိန်မှာ အိပ်မက်မက်တဲ့ အကြောင်းအရာ တွေကို မေ့သွား တတ်ကြ ပါတယ်။ မှတ်မိရင်တောင် ဇဝေဇဝါဖြစ်နေ တုန်းပါ။

အဲ့ဒီလို မဟုတ်ဘဲ သေဆုံးပြီး သားသူကို လည်း အိမ်မက်မက် တယ်၊ အကြောင်းအရာ အသေးစိတ်ကိုလည်း မှတ်မိနေတယ် ဆိုရင် သူတို့တွေ သင့်ကို တစ်ခုခုပြောချင်နေလို့ ဆက်သွယ်ဖို့ ကြိုးစားနေ တာပါ။

(၄) သူတို့တွေကိုနဂိုထက်ပိုငယ်ရွယ်နုနယ်တဲ့ ပုံစံမျိုးတွေ့ရတယ်

အိပ်မက်ထဲမှာ သူတို့သေဆုံးချိန် တုန်းကထက် ပိုငယ်ရွယ် နုနယ်တဲ့ ပုံစံ မျိုးမြင်တွေ့ရတယ်ဆိုရင်၊ ကျန်းမာရေးကောင်းတဲ့ ပုံစံမျိုး ကိုတွေ့ရတယ် ဆိုရင် သူတို့ကို သတိရနေ တာကို သူတို့ကလည်း သိတယ်ဆိုတဲ့ အကြောင်း အသိပေး တာပါတဲ့။ ပြီးတော့ သင့်ကိုလည်း ပျော်ပျော်နေ ချင်တယ်လို့ ပြောချင် တာပါတဲ့။

(၅) အိပ်မက်လို့မထင်ရဘူး၊တကယ့် အဖြစ်အပျက်လို့ထင်ရတယ်

တခါတလေ သေသွားပြီးသား လူကို အိပ်မက်မက် တဲ့ အခါ အိပ်မက်လို့ မထင်ရဘဲ တကယ့်အဖြစ်အပျက်လို့ထင်ရတဲ့ အခါမျိုးတွေ ရှိပါတယ်။ အနံအသက်၊ အသံ၊ မြင်ကွင်း နဲ့ ခံစားချက်တွေက တကယ့်အပြင်မှာဖြစ်နေသလိုမျိုး ထင်ရရင် သူတို့တွေ သင်နဲ့ အနီးနားတဝိုက်မှာ ရှိနေပြီး သင်နဲ့ဆက်သွယ်ချင် လို့ဖြစ်နိုင် ပါတယ်။

(၇) စကားပြောတယ်

သေဆုံးပြီးတဲ့လူက အိပ်မက်ထဲမှာ စကားပြောတယ် ဆိုရင်၊ သူတို့ အသံ ကိုကောင်းကောင်းကြားရတယ်လို့ မက်ရင် သူတို့လက်ရှိရောက်နေ တဲ့နေရာမှာ အဆင်ပြေနေပြီ ဆိုတဲ့ အဓိပ္ပါယ် ပါ။ သူတို့ကိုမစိုးရိမ်ဖို့၊ စိတ်မပူနဲ့တော့လို့ပြောချင်တာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*