ဘုရားလောင်း မိန်းမဘဝ ဖြစ်ဖူး၊ မဖြစ်ဖူး

ဂေါတမဘုရားအလောင်း နုစဉ်ကာလတွင် မိန်းမဘဝဖြစ် မဖြစ်နှင့် ဖြစ်သည်ရှိသော် ဘယ်နှစ်ကြိမ် ဖြစ်ပါသနည်းဆိုသော် ဘုရားအလောင်းတော်ကိုခေတ်နှစ်ခေတ်ခွဲပြီး ပြရမှာပဲ၊


ခေတ်နှစ်ခတ်ဆိုတာက – (၁) နိယတဗျာဒိတ်မရသေးသော နုသောဘုရားအလောင်းတော်ခေတ်၊ (၂) နိယတဗျာဒိတ်တော်ရပြီးသော ရင့်သောဘုရားအလောင်းတော်ခေတ်- များပေါ့၊အဲသည် ခေတ် ၂-ပါးနက် ငါသည် သစ္စာလေးပါးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိမြင်တဲ့ ဗုဒ္ဓဘုရားဖြစ်လျှင်ကောင်းမှာပဲလို့ စိတ်ဖြင့် ဘုရားဆုကို တောင်းသော မနောပဏိဓိခေတ်၊ စိတ်ဖြင့် ဆုတောင်းရုံမျှ မကဗုဒ္ဓဘုရားဖြစ်ရပါလို၏လို့ နှုတ်က မြွတ်ဆိုဆုတောင်းတဲ့ ဝါစာပဏိဓိ ခေတ်၊ သည်ခေတ်နှစ်ခုတို့ဟာနိယတဗျာဒိတ် မရရှိသေးတဲ့ နုသော ဘုရားအလောင်း ခေတ်ဖြစ်တယ်။

သောတတ္ထကီကျမ်းရဲ့ အလိုအားဖြင့်ဘုရားအလောင်း မာတုပေါသက ဘဝ မှစ၍ သိဒ္ဓတ္ထတေလ ဒါယိကာမင်းသမီးဘဝအထိ (၇)သင်္ချေကာလအတွင်း ဟာ မနောပဏိဓိခေတ်ဖြစ်တယ်၊ သိဒ္ဓတ္ထတေလ ဒါယိကာမင်းသမီးဘဝက နိယတဗျာဒိတ်ခံတဲ့ သုမေဓာရသေ့ဘဝအထိ(၉)အသင်္ချေကာလအတွင်းဟာ ဝါစာပဏိဓိခေတ်ဖြစ်တယ်။
သည် နှစ်ခေတ်အတွင်း ဘုရားလောင်းရဲ့ဘဝဟာ ဧကန်ဘုရားဖြစ်ဖို့ မသေ ချာဘူး၊ အကြားကာလမှာ သာဝကဘဝနှင့် ကျွတ်တမ်းဝင်ချင်လည်း ဝင် တက်တယ်၊ပဏိဓိ(ဆုတောင်း) ပြောင်းချင်လည်း ပြောင်းသွားတက်တယ်၊ ဒါကြောင့် ဘဝလည်း မသေချာဘူး၊ အဝီစိရောက်ချင်လည်းရောက်မယ်၊ ဗြဟ္မာဖြစ်ချင်လည်း ဖြစ်မယ်၊ မိန်းမဖြစ်ချင်လည်း ဖြစ်မယ်၊ ယောကျ်ားဖြစ် ချင်လည်းဖြစ်မယ်၊ သူ့ရဲ့ ကံအားလျော်စွာ ယောကျ်ားအကြိမ်မည်မျှ၊ မိန်းမ အကြိမ် မည်မျှလို့ ရေတွက်ပိုင်းခြားဖို့လည်း မလွယ်ဘူး”

သည် နှစ်ခေတ်အတွင်း ဘုရားလောင်းရဲ့ဘဝဟာ ဧကန်ဘုရားဖြစ်ဖို့ မသေ ချာဘူး၊ အကြားကာလမှာ သာဝကဘဝနှင့် ကျွတ်တမ်းဝင်ချင်လည်း ဝင် တက်တယ်၊ပဏိဓိ(ဆုတောင်း) ပြောင်းချင်လည်း ပြောင်းသွားတတ်တယ်။ ဒါကြောင့် ဘဝလည်း မသေချာဘူး၊ အဝီစိရောက်ချင်လည်းရောက်မယ်၊ ဗြဟ္မာဖြစ်ချင်လည်း ဖြစ်မယ်၊ မိန်းမဖြစ်ချင်လည်း ဖြစ်မယ်၊ ယောကျ်ားဖြစ် ချင်လည်းဖြစ်မယ်၊ သူ့ရဲ့ ကံအားလျော်စွာ ယောကျ်ားအကြိမ်မည်မျှ၊ မိန်းမ အကြိမ် မည်မျှလို့ ရေတွက်ပိုင်းခြားဖို့လည်း မလွယ်ဘူး”
“သုမေဓာ ရသေ့ဘဝမှာ နိယတဗျာဒိတ် ခံယူပြီးတဲ့နောက်ယခု ဂေါတမ ဘုရားဖြစ်တော်မူသည့် တိုင်အောင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်းကတော့ စိတ်ညွတ်ရုံ နှုတ်မြွတ်ရုံမကတော့ဘူး၊ကိုယ်ရော, နှုတ်ရော, စိတ်ရော အားလုံးကုန် ညွတ်လာခဲ့ပြီ၊ ပါရမီအင်အားလည်း ကောင်းသည်ထက်ကောင်းလာခဲ့ပြီ၊ ဥပမာအားဖြင့် ဧကန် အပင်ပေါက်မည့် ရင့်ကျက်တဲ့ မျိုးစေ့ကို ပိုးစသော အန္တရာယ်များ မဖျက်ဆီးနိုင်သလို၊ ရင့်ကျက်တဲ့ဘုရားလောင်းရဲ့ ဘဝဟာလည်း ဇစ္စန္ဓ, ဇစ္စဗဓိရ စတဲ့ အန္တရာယ် မျိုး မဖြစ်တော့ဘူး၊ သည်လို မဖြစ်နိုင်တာကိုအဘဗ္ဗလို့ ခေါ်တယ်ကွယ့်၊

အဲသည် အဘဗ္ဗဋ္ဌနဟာ (၁၈)ပါး ရှိကြောင်း(သုတ္တနိပါတ်၊ ဋ္ဌ၊ ပ၊ ၄၅)မှာပြဆို ထားတယ်။ ဘုရားအလောင်းမဖြစ်နိုင်တဲ့အဘဗ္ဗဋ္ဌာန ၁၈-ပါး (၁) အမိဝမ်းတွင်းက မျက်စိကန်းလာတဲ့ဇစ္စန္ဓ မဖြစ်နိုင်ဘူး၊ (၂) အမိဝမ်းတွင်းက နားပင်းလာတဲ့ဇစ္စဗဓိရ မဖြစ်နိုင်ဘူး၊ (၃) ရူးသွပ်သောသူ မဖြစ်နိုင်ဘူး၊ (၄) စကားမပြောတတ်သော သူအ မဖြစ်နိုင်ဘူး၊ (၅) ခြေလက်ဆွံ့သူ မဖြစ်နိုင်ဘူး၊ (၆) လူရိုင်း မဖြစ်နိုင်ဘူး၊ (၇) ကျွန်မဝမ်းမှာ ပဋိသန္ဓေ မနေနိုင်ဘူး၊ (၈) နိယတ မိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်ဘူး၊ (၉) လိမ် မပြောင်းလွဲနိုင်ဘူး၊ (၁၀) အနန္တရိယ ကံငါးပါးကို မကျူးလွန်နိုင်ဘူး၊ (၁၁) နူသောသူ မဖြစ်နိုင်ဘူး၊ (၁၂) တိရစ္ဆာန်ဖြစ်သော်လည်း ငုံးအောက်ငယ်တဲ့တိရစ္ဆာန် မဖြစ်နိုင်ဘူး၊
(၁၃) မစားမသောက်ရလို့ အမြဲ ဆာလောင် မွတ်သိပ်ရတဲ့ ခုပ္ပိပါသိက ပြိတ္တာမျိုး၊၊ ခန္ဓာကိုယ် အမြဲမီးလောင်နေလို့ အပူဒဏ်ခံနေတဲ့ နိဇ္ဈာမတဏှိက ပြိတ္တာမျိုး၊ ခံတွင်း အပ်နဖားလောက်နဲ့ ကိုယ်ခန္ဓာ သုံးဂါဝုတ်လောက်ရှိတဲ့ ကာလကိဥ္စိက အသုရာမျိုး မဖြစ်နိုင်ဘူး၊ (၁၄)အဝီစိငရဲနှင့် လောကန္တရိက်ငရဲမှာ မဖြစ်နိုင်ဘူး၊ (၁၅)ကာမာဝစရဘုံမှာ မာရ်နတ် မဖြစ်နိုင်ဘူး၊ (၁၆)ရူပဝါစရဘုံမှာ အသညသတ်ဗြဟ္မာနှင့် သုဒ္ဓါဝါသဗြဟ္မာ မဖြစ်နိုင်ဘူး၊ (၁၇)အရူပဗြဟ္မာ မဖြစ်နိုင်ဘူး၊ (၁၈)သည် စကြာဝဠာတစ်မှတစ်ပါး အခြားစကြဝဠာမှာ မဖြစ်နိုင်ဘူး။ သည် ၁၈-ပါးသောဋ္ဌာနဟာနိယတဗျာဒိတ်ရတဲ့ ရင့်ကျက်သော ဘုရား အလောင်းများမဖြစ်နိုင်တဲ့ ဋ္ဌာနများ ဖြစ်ကြတယ်၊ သည် ၁၈-ဋ္ဌာန အနက် အမှတ်(၉)အရ(နဿ လိင်္ဂ ံ ပရိဝတ္တလိ) လိမ်မပြောင်းလွဲနိုင်ဘူးဆိုတာ ပါတယ်ကွယ့်၊ သုမေဓာရှင်ရသေ့ နိယတဗျာဒိတ် ခံယူတော်မူစဉ်က (ပုရိသ ဘာဝ) ယောကျ်ားဘဝဖြစ်တယ်၊အဲသည် ယောကျ်ားဘဝဟာ ဗုဒ္ဓဘုရား ဖြစ်သည့်တိုင်အောင် မပြောင်းလဲနိုင်ဘူး။

သည် ၁၈-ပါးသောဋ္ဌာနဟာ နိယတဗျာဒိတ်ရတဲ့ ရင့်ကျက်သော ဘုရား အလောင်းများမဖြစ်နိုင်တဲ့ ဋ္ဌာနများ ဖြစ်ကြတယ်၊ သည် ၁၈-ဋ္ဌာန အနက် အမှတ်(၉)အရ(နဿ လိင်္ဂ ံ ပရိဝတ္တလိ) လိမ်မပြောင်းလွဲနိုင်ဘူးဆိုတာ ပါတယ်ကွယ့်၊ သုမေဓာရှင်ရသေ့ နိယတဗျာဒိတ် ခံယူတော်မူစဉ်က (ပုရိသ ဘာဝ) ယောကျ်ားဘဝဖြစ်တယ်၊အဲသည် ယောကျ်ားဘဝဟာ ဗုဒ္ဓဘုရား ဖြစ်သည့်တိုင်အောင် မပြောင်းလဲနိုင်ဘူး။
အကျဉ်းချုပ်ပြီး ဖြေရလျှင် ဂေါတမဘုရားအလောင်းဟာ အလွန်နုတဲ့ မနောပဏိဓိ ခေတ်,ဝါစာပဏိဓိခေတ်မှာ မိန်းမဖြစ်ခဲ့ဖူးပါတယ်၊ သိဒ္ဓတ္ထတေလ ဒါယိကာမင်းသမီး ဟာ ဂေါတမဘုရား အလောင်းပါပဲ၊မိန်းမဘဝပေါင်း ဘယ်မျှ ဖြစ်တယ်ဆိုတာ အသေ အချာ ကျမ်းညွှန်းချက် မရှိပါဘူး၊ နိယတဗျာဒိတ်ရပြီးဂေါတမဘုရား ဖြစ်သည့်တိုင် အောင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်းမှာ ဘုရားအလောင်းတော်ဟာ ယောကျ်ားဘဝမှ ပြောင်းလဲခြင်း မရှိပါဘူး။ –

နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ
(ထီးချိုင့်မြို့ – တည်တောဆရာတော်ကြီး)
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ
အတွဲ(၂) (စာမျက်နှာ ၆၅ – ၆၈ ) မှ ကောက်နုတ်ပူဇော်ပါသည်။ ဓမ္မဒါန –

Be the first to comment

Leave a Reply

Your email address will not be published.


*