အရမ်းချစ်လို့ ရည်းစားဟောင်းနောက်ကို တစ်လတိတိရေမချိုးပဲ ကားနဲ့လိုက်ခဲ့တဲ့ အမျိုးသား

Liu ဆိုတဲ့ အမျိူးသားဟာ Tang လို့ခေါ်တဲ့ ကောင်မလေးနဲ့ ၂ဝ၁၇ခုနှစ်မှာ အွန်လိုင်းဂိမ်းတစ်ခုဆော့ရင်းနဲ့ ဆုံဖြစ်ခဲ့ပါတယ်။ တကယ်တော့ Liu ဟာ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်ပါ။ဒါကို Tang က မသိပဲ တွဲနေခဲ့တာ တစ်နှစ်ခွဲလောက်ထိကြာသွားပါတယ်တဲ့။ အမှန်ကိုသိလိုက်ရတဲ့အချိန်မှာTang က Liu ကို အဆက်သွယ်ဖြတ်ပါတယ်။

Liu ကလည်း Tang ကိုချစ်လွန်းလို့ ဘာမှမပြောပဲနေခဲ့ပါသတဲ့။ သူမနဲ့မခွဲနိုင်လို့ လက်ရှိပေါင်းသင်းနေတဲ့ အမျိုးသမီကိုတောင် ကွာရှင်းခဲ့ပါတယ်။ ၂နှစ်တိတိ Tang နောက်ကို သူလျှောက်လိုက်နေခဲ့တာပါ။ တစ်လတိတိကို ရေမချိုးပဲ ကားထဲမှာပဲနေခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၂နှစ်အတွင်း Tang က အချစ်သစ်တွေ့နေပါပြီ။ ဒါကိုသိတဲ့ Liu က သူမကို တစ်နေ့ လည်ပင်းညှစ်ပြီး တစ်နေရာရာကို ဆွဲခေါ်သွားဖို့ ကြိုးစားပါတယ်။ ကံကောင်းစွာနဲ့ကောင်မလေး လွတ်မြောက်ခဲ့ပါတယ်။ သူ့ရဲ့တစ်လတိတိ ရေမချိုးထားတဲ့ ကိုယ်သင်းနံ့ကလည်း Tang ကို တကယ်ခေါင်းကိုက်စေခဲ့တယ်။

ရဲတွေက Liu ကို ခေါ်ယူစစ်ဆေးတော့ ” သူမကို အရမ်းချစ်လို့ပါ ” ဆိုတဲ့ အဖြေတစ်ခုသာပြောပါတယ်။ အချစ်ကြီးလွန်းတော့ အမျက်ကြီးလွန်းတယ်ဆိုတာ တကယ်ပါပဲ…

Be the first to comment

Leave a Reply

Your email address will not be published.


*