စကားနားမထောင်သည့်ကလေးများကို ခြောက်လှန့်ပေးခြင်းဖြင့် ဝင်ငွေတိုးပွားနေသည့် အမျိုးသား

တရုတ်နိုင်ငံ ကြက်ကြန်းပြည်နယ် Lishui မြို့က Luo Qingjun အမည်ရှိ တဲ့အမျိုးသားတစ်ဦးဟာ ထမင်းမစားတဲ့ ကလေးငယ်တွေ၊ စောစောမအိပ်တဲ့က လေးငယ်တွေအတွက် လူဆိုးကြီးအဖြစ် အလုပ်လုပ်ကိုင်ရင်း ဝင်ငွေတိုးပွားလျက် ရှိတယ်လို့ သိရပါတယ်။

Luo Qingjun က ကူညီတဲ့အနေနဲ့ ကလေးကိုခြောက်လှန့်နေတဲ့ဗီဒီယိုကို ရိုက်ပြီး သူငယ်ချင်းတစ်ယောက်ရဲ့က လေးအတွက် ပို့ပေးခဲ့ပေမယ့် ကလေးကို စကားနားထောင်အောင်လုပ်တဲ့နေရာမှာ အသုံးတည့်လွန်းတာကြောင့် သူငယ်ချင်း ဖြစ်သူက တခြားမိဘတွေကို ကူညီပေးဖို့ လည်း အကြံပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ အခငွေကြေးယူပြီးလုပ်ရာကနေ Luo Qingjun က ထမင်းမစားတဲ့ကလေးကို ဘယ်လိုခြောက်ရမလဲ၊ ညမအိပ်တဲ့က လေးကို ဘယ်လိုနည်းသုံးပြီးခြောက်ရမလဲ ဆိုတာကို ကျွမ်းကျွမ်းကျင်ကျင်သိလာခဲ့ ပါတယ်။

Luo Qingjun က ကလေးတွေ အတွက် ခြောက်လှန့်နေတဲ့ဗီဒီယိုလေး တွေလုပ်ပေးပြီး ကလေးမိဘတွေဆီပို့ပေး ရုံနဲ့ ဝင်ငွေရရှိနေတာဖြစ်ပါတယ်။ Luo Qingjun ရဲ့ Bad Uncle ဝန်ဆောင်မှု ဟာ နိုင်ငံပိုင်သတင်းစာတွေမှာတောင် ထည့်သွင်းဖော်ပြခံနေရပြီး ကြိုက်သူတွေ လည်းရှိသလို မကြိုက်သူတွေကလည်း ကလေးအတွက် စိတ်ဒဏ်ရာကျန်ရစ်ခဲ့စေ နိုင်တယ်လို့ ဝေဖန်ပြောဆိုခဲ့ကြကြောင်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*