မဲတပြားအတွက် မိုင်လေးဆယ်ကျော် လမ်းလျှောက်ခဲ့တဲ့ တူဝရီး နှစ်ယောက်ရဲ့ ဇွဲလုံ့လ (တာဝန်ကျေလွန်းပါတယ်)

မဲတပြားအတွက် မိုင်လေးဆယ်ကျော် လမ်းလျှောက်ခဲ့တဲ့ တူဝရီး နှစ်ယောက်ရဲ့ ဇွဲလုံ့လ (တာဝန်ကျေလွန်းပါတယ်)

ရွေးကောက်ပွဲမကျင်းပမီ ၈ နာရီ ခန့်အလို နိုဝင်ဘာ ၇ ရက် ည ၁၀ နာရီဝန်းကျင် ထနောင်းပင်တန်းတွေ၊ ထန်းတောတွေနဲ့ သာသာယာယာရှိလှတဲ့ တံတားဦး-မြို့သာ လမ်းဟာ ညဉ့်နက်ချိန်မှာတော့ လမ်းမီးမရှိဘာမရှိနဲ့ ချောက်ချားစရာကောင်းနေ တယ်။

ဒီကြားထဲ သီတင်းကျွတ်လပြည့်ကျော် ၇ရက်နေ့မို့ ကောင်းကင်မှာ လတောင်မမြင်ရဘူး။ အဲဒီ မှောင်မည်းတိတ်ဆိတ်နေတဲ့ တံတား ဦး-မြို့သာလမ်းပေါ်မှာ အမျိုးသားနှစ်ယောက် ကိုယ့်ခြေထောက်တောင် ကိုယ်မသယ်နိုင်တော့တဲ့ မျက်နှာတွေနဲ့ တစ်လှမ်း ချင်း လျှောက်လာနေတယ်။

နှာခေါင်းစည်းကိုယ်စီနဲ့ မျက်လုံးတွေကလည်း အားနည်းဖျော့တော့နေပြီ။ ‘‘မြို့သာရောက်တော့မယ်။ အားတင်းထား ငါ့တူရေ’’ လို့ အသက် (၄၀)ကျော် အမျိုးသားက သူ့ဘေးက အသက် (၂၀)ကျော် လူငယ်လေးကို အားပေးလိုက်တယ်။

လူငယ်လေးကပြုံးရင်း ခေါင်းညိတ်တယ်။ ဒီဇာတ် လမ်းက အဲဒီလူငယ်လေးကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။ အဲဒီလူငယ်လေးနာမည်က မောင်ကျော်သိန်းလို့ ခေါ်ပါတယ်။ အသက်က (၂၄)နှစ်ရှိပါပြီ။ သူကမန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့သာဇာတိပါ။

သူ့ဘေးက လူကတော့ ကိုအောင်ခင်လို့ ခေါ်ပါတယ်။ အသက်ကတော့ (၄၀)ကျော်ပါပြီ။ ကိုအောင်ခင်ကတော့ မြို့သာဇာတိမဟုတ်ပါဘူး။ မတ္တရာနယ်ဘက်ကပါ။ မောင်ကျော်သိန်းရဲ့အဒေါ်နဲ့ ကိုအောင် ခင်က လင်မယားပါ။ စပ်မယ်ဆို တူဝရီးသဘောမျိုးပေါ့။

မောင်ကျော်သိန်းတို့ မိဘ များဟာ မြို့သာမှာ လုပ်ငန်းကိုင် ငန်း မကောင်းလှတာကြောင့် ကိုအောင်ခင်တို့နေတဲ့ မတ္တရာနယ် ဆည်တော်ဘက်မှာ သွားအ လုပ်လုပ်ကြပါတယ်။

ဒါကြောင့် မောင်ကျော်သိန်းလည်း မိသားစုနဲ့အတူ မတ္တရာနယ်ဘက် အလုပ်လိုက်လုပ်ရတယ်။ အတန်း ကျောင်းလည်း ကောင်းကောင်းမနေခဲ့ရပါဘူး။ မောင်ကျော်သိန်း တို့က မိသားစုများတယ်။ မောင်နှမကိုးယောက်ရှိပြီး မောင်ကျော် သိန်းက အကြီးဆုံးပါ။

မောင်ကျော်သိန်းတို့က မတ္တ ရာနယ် မိုးကုတ်လမ်းပေါ်ကနေ လှမ်းကြည့်ရင် မြင်ရတဲ့ ဟိုးအရှေ့ဖျားက ရှမ်းရိုးမတောင်တန်း ပေါ်က တောထဲမှာ သစ်ခုတ်ဝါး ခုတ်လုပ်ကြရတာပါ။ လူနေရွာတွေနဲ့လည်း ဝေးတယ်။ တော ထဲမှာ သီးခြားနေထိုင်ကြရတယ်။

မောင်ကျော်သိန်းက အ သက် (၂၄)ရှိပေမယ့် မဲတစ်ကြိမ်မှ မပေးဖူးသေးဘူး။ ၂၀၁၅ တုန်းက အသက်ပြည့်နေပြီဖြစ်ပေမယ့် မှတ်ပုံတင်မရှိသေးတော့ မဲမပေးလိုက်ရဘူး။ ဒီတစ်ခေါက် ၂၀၂၀ မှာ မြို့သာက သူ့အမေကြီး ဒေါ်ဝင်းဆွေက မိသားစုဆီ ဖုန်းဆက်တယ်။ ‘‘ငါ့မြေး နင်မဲပေးရ မယ် စာရင်းထဲပါတယ် လာပေး လှည့်ဦး’’တဲ့။ အဖေရော၊ အမေရော၊ သူရော မဲစာရင်းထဲပါတယ်။

မဲသွားပေးဖို့စဉ်းစားတော့ အဖေနဲ့အမေနဲ့က မလိုက်နိုင်ဘူး။ ဘာလို့ဆို သုံးယောက်ကြီးသွားမယ် ဆိုရင် စရိတ်ကမနည်းဘူးကုန် မယ်။ လုပ်ငန်းတွေက ကိုဗစ် ကြောင့် မဖြစ်လို့ရှိတာလေး ဖြစ် ညှစ်လုပ်နေရချိန် မဲပေးဖို့ အလုပ်ပျက်ရင် ကလေးတွေ ဒုက္ခရောက်သွားနိုင်တယ်လို့ အမေတို့ကတွေးတယ်။

ဒီဘက်နယ်မှာကျ တော့လည်း လူနေရွာနဲ့ လှမ်းတဲ့ တောထဲနေရတော့ မဲပေးခွင့်သွား မလျှောက်လိုက်ရဘူး။ ဒါကြောင့် မောင်ကျော်သိန်းကိုပဲ ငါ့သား အမေတို့ မပေးလိုက်ရပေမယ့် ငါ့သားတော့ သွားပေးဖြစ်အောင် သွားပေးဖို့ တိုက်တွန်းကြတယ်။

မောင်ကျော်သိန်းလည်း ပထမဆုံး မဲပေးရမှာမို့ သွားချင်နေတယ်။ သူတစ်ယောက်တည်း သွားဖို့ကျတော့လည်း အဆင် မပြေမှာစိုးနေတယ်။ အဲဒီမှာ အ ဒေါ်ဖြစ်သူရဲ့ ယောကျ်ားဦးလေး ဦးအောင်ခင်က မပူနဲ့ သူအဖော် လိုက်ပေးမယ်လို့ ပြောလာတယ်။ခရီးထွက်ရမှာမို့ သူကြိုတင်မဲပေး ခဲ့မယ်တဲ့။

ါနဲ့ပဲ ဦးလေးနဲ့ မောင်ကျော်သိန်းတို့ မဲပေးမယ့်နေ့မတိုင်မီ ၇ ရက်နေ့ မနက် ၆ နာရီလောက်တောင်ပေါ်ကနေ ဆိုင်ကယ် အ စုတ်လေးနဲ့ ဆင်းလာခဲ့ကြတယ်။ မနက်ကိုးနာရီလောက်မှာ မတ္တရာနယ်ထဲက သူ့ဦးလေး ကိုလှိုင်ဇင် ဝင်းအိမ်ရောက်တယ်။ ကိုလှိုင်ဇင်ဝင်းအိမ်မှာ မနက်စာစားကြ တယ်။ မနက်စာစားပြီး နေ့ခင်းမှာ သူတို့ထွက်လာခဲ့ကြတယ်။

မန္တလေးရောက်တော့ နေ့ခင်း နှစ်ချက်လောက်ရှိပြီ။ မန္တလေး အနောက်ပြင်ဘက်လည်း ရောက်ရောဆိုင် ကယ်က ထိုးရပ်ပါလေရော။ ဆီကုန်တာလည်းမဟုတ်ဘူး။ ဘယ်လိုမှနှိုးမရဘူး။

ဒါနဲ့ ဆိုင်ကယ်ကို တွန်းပြီး ဝပ်ရှော့သွားပြတာ ဝပ်ရှော့က စစ်ဆေးကြည့်တယ်။ တစ်သောင်းလောက်ကုန်မယ်တဲ့။ တူဝရီးနှစ်ယောက် ခေါင်းချင်းဆိုင်ရပြီ။ ဘာလို့ဆို သူတို့နှစ်ယောက် ပါတာမှ ငါးထောင်တည်းရယ်။

မန္တလေးနဲ့ မြို့သာက ၃၅ မိုင်၊ မိုင် ၄၀ နီးပါးလောက်ရှိတာမို့ ငါးထောင်ဆို ဆီဖိုးလောက်ပါတယ်ဆိုပြီး ရှိတာလေးနဲ့ ထွက်လာကြ တာ။ ဒါနဲ့ မဖြစ်သေးဘူးဆိုပြီး ဝပ်ရှော့ကနေ ဆိုင်ကယ်ကိုပြန် ယူလာခဲ့တယ်။

မောင်ကျော်သိန်းရော ကိုအောင်ခင်တို့ပါ အနေအစား ဆင်းရဲကြသူတွေပါ။ ဒီဆိုင်ကယ်တောင် ဦးလေး ကိုလှိုင်ဇင်ဝင်း က ပေးထားလို့စီးရတာ။ ပြီးတော့သူတို့နှစ်ယောက်လုံး ဖုန်းတောင်မရှိကြဘူး။

ခုတော့ ငွေငါးထောင်တည်းနဲ့ နှစ်ယောက်သား မန္တလေး မြို့ပေါ် ဒုက္ခရောက်ရပြီ။ ဦးလေး ကိုလှိုင်ဇင်ဝင်းဆီလည်း ပြန်သွားလို့မရ။ သူ့ဖုန်းနံပါတ် ရော မြို့သာက အဘွားဖုန်း နံပါတ်ပါ အလွတ်မရကြ။

မှတ် ထားတဲ့ ဖုန်းစာအုပ်ကလည်း အိမ် မှာကျန်နေခဲ့သတဲ့။ ဒီအချိန် မောင်ကျော်သိန်း အကြံတစ်ခုရ တယ်။ မန္တလေး ၂၂ လမ်းက အသိတစ်ယောက်ဆီသွားဖို့။

တူဝရီးနှစ်ယောက် ၂၂ လမ်းအသိအိမ်ရောက်တော့လည်း အ ဆင်မပြေပါ။ အဲဒီအသိကလည်း ငွေရေးကြေးရေးအဆင်မပြေလှ။ နောက်ဆုံးတော့ ဆိုင်ကယ်လေး ခဏထားခဲ့ဖို့သာ အကူအညီတောင်းပြီး ထွက်လာခဲ့တော့ တယ်။ လမ်းရောက်တော့ ဆိုင်ကယ်ကယ်ရီသမားကို မြို့သာကားဂိတ်ပို့ခိုင်းတယ်။ အကယ်၍မြို့သာကားရှိရင် ပိုက်ဆံမပါသေးလည်း ဟိုရောက်မှ အမေကြီးဆီ ပြေးယူပေးလိုက်ရင် အဆင်ပြေမယ်လို့ တွေးတယ်။

ဒါနဲ့ သုံး ထောင်နဲ့ ဆိုင်ကယ်တက္ကစီစီးပြီး နှစ်ယောက်သား ကမ်းနားလမ်း ကားဂိတ်ရောက်ခဲ့တယ်။ ဟို ရောက်တော့ ကားတွေက ကိုဗစ်ကြောင့် မထွက်ပါတဲ့။ မောရော။

ကိုအောင်ခင်က အသိဘုန်းကြီးကျောင်းရှိသေးလို့ ဆိုင်ကယ်တက္ကစီသမား အကူအညီတောင်းပို့ခိုင်းတယ်။ ဘုန်းကြီးကျောင်း ရောက်တော့လည်း ဘုန်းကြီးက ကျန်းမာရေးမကောင်းလို့ ဆေး ရုံတက်နေရပါသတဲ့။

မောင်ကျော်သိန်းနဲ့ ကိုအောင်ခင် အထုပ်ကလေးပိုက်ပြီး လမ်းဘေးပြန်ရောက်တယ်။ လက်ထဲလည်း နှစ်ထောင်ပဲရှိတော့တယ်။ မြို့သာပြန်ဖို့ကား တွေလည်းမရှိ၊ ဆိုင်ကယ်ဆီ ပြန်သွားဖို့ကလည်း ပြင်စရာပိုက်ဆံ မရှိ။

အိမ်ပြန်လို့လည်းမရတော့။ အဲဒါထက် ပိုအရေးကြီးတာက မဲပေးတဲ့နေ့ရောက်ဖို့ ဒီညတစ်ညသာ အချိန်ရှိတော့တာပါ။ နောက်ဆုံး မောင်ကျော်သိန်း အချိန်မီ မဲပေးနိုင်ဖို့က တစ်နည်းသာ ရှိတော့တယ်။ အဲဒါကတော့ မန္တလေးကနေ မြို့သာအထိ လမ်း လျှောက်သွားဖို့ပါ။

မန္တလေး-မြို့သာ ၃၅ မိုင် ကျော်ကျော် ဝေးတာကြောင့် ဒီတစ်ညနဲ့တော့ မဲပေးဖို့အချိန်မီ ရောက်နိုင်လောက်တယ်လို့ တွေးကြတယ်။ အကယ်၍ ကံကောင်းပြီး လမ်းမှာ ဆိုင်ကယ်ကြုံ၊ ကား ကြုံလေးများရှိရင် အကူအညီ တောင်းလိုက်သွားလို့ရနိုင်တယ် လို့ တွေးမိတယ်။ ဒါနဲ့ပဲ နှစ် ယောက်သား မန္တလေးမြို့ကနေ ကုန်းကြောင်းလျှောက်ပြီး ထွက် ခွာခဲ့ကြပါတော့တယ်။

မန္တလေးကနေ ၄ နာရီ လောက်ကထွက်လာခဲ့တာ အမရပူရကို ည ၇ နာရီလောက် ရောက်တယ်။ အမရပူရကထွက်လို့ စစ်ကိုင်း-မန္တလေးလမ်းပေါ် ရောက်တော့ မှောင်သွားပြီ။

အမရပူရအဝင်မှာတော့ သူတို့ဗိုက် တအားဆာလာတာနဲ့ မုန့်တီတစ် ပွဲ ၅၀၀ တန် တစ်ယောက်တစ်ပွဲ စားခဲ့ကြသေးတယ်။ သုံးနာရီကျော်ကျော် လျှောက်ခဲ့တာဆို တော့ မုန့်တီတစ်ပွဲက ခဏလေးကုန်သွားတယ်။ လက်ထဲလည်း ငွေတစ်ထောင်ပဲ ကျန်တော့ တယ်။

စစ်ကိုင်း-မန္တလေးလမ်းကနေ စစ်ကိုင်း-မြစ်ငယ်လမ်းကို ချိုးတယ်။ မြစ်ငယ်လမ်းကနေ အမြန်လမ်းဘက်တက်တဲ့လမ်းကို လိုက်တယ်။ အမြန်လမ်းရောက်ဖို့ကို အကြာကြီးလျှောက်လိုက်ရ တာ။

မှောင်မှောင်မည်းမည်း အမြန်လမ်းကနေ ဆက်လျှောက်တယ်။ ကားတွေဆိုင်ကယ်တွေ ကတော့ တဝီးဝီးသွားနေကြ တယ်။ တားကြည့်တယ်။ မရပ် ပေးကြဘူး။ မရပ်တာကလည်း အပြစ်မဆိုသာဘူး။

လမ်းဘေးကလူဆိုတော့ သူတို့လည်း စိတ်ပူကြ မှာပါ။ ပြီးတော့ ကိုဗစ်ပိုးကလည်း နှိပ်စက်နေချိန်ဆိုတော့ ရောဂါပါ လာနိုင်လား စိုးရိမ်နေကြတော့ဘယ်သူကမှ တင်ရဲကြမယ်မထင် ဘူး။

နှစ်ယောက်သား ဒုဋ္ဌဝတီတံတားကိုကျော် မြစ်ငယ်မြစ်ကို ဖြတ်ပြီး အတော်ကြာကြာလမ်း လျှောက်တော့မှ တံတားဦးမြို့ကို ရောက်တယ်။

အဲဒီနေရာတွေက ဆိုင်ကယ်နဲ့သာ အသာလေး ရွှတ်ဆိုရောက်ပေမယ့် လမ်းလျှောက် ရင် အချိန်မနည်းဘူးကြာတယ်။ ပိုဆိုးတာက သူတို့ သုံး၊ လေးနာရီ လောက် တောက်လျှောက် လျှောက်လာတာ ညောင်းညာနေ ကြပြီ။

တံတားဦးမြို့ရောက်တော့ မြို့သာလမ်းဘက်လိုက်တယ်။ မြို့အကျော်ကျတော့ သူတို့ခွေချင်ချင်ဖြစ်နေပြီ။ ခြေထောက်တွေက ယိုင်နေပြီ။ ဒူးတွေလည်း ညွတ်နေ ပြီ။ နောက်ဆုံး မြို့အလွန်ကျတော့ လမ်းဘေးတမာပင်အောက်က တဲလေးထဲ ဝင်လှဲရတော့တယ်။

နှစ်ယောက်သား ဆက် လျှောက်ဖို့ စဉ်းစားရပြီ။ ခန္ဓာကိုယ် ကလည်း မလိုက်နိုင်တော့ဘူး။ နောက်ပြီး အချိန်ကလည်း ကိုး နာရီလောက်တော့ ရှိလောက်ပြီ။ ညမထွက်ရအမိန့်ကလည်း ထုတ်ထားတာကြောင့် မတော်လို့မသင်္ကာပြီး စခန်းခေါ်သွားမှာ လည်းစိုးတယ်။ ဒါနဲ့နှစ်ယောက် သား တဲလေးမှာ ခဏနားဖို့ ဆုံးဖြတ်လိုက်တယ်။

အညာမှာက ဆောင်းဝင်ပြီမို့ ညဉ့်နက်လေ အေးလာလေပဲ။ မောင်ကျော်သိန်းတို့တူဝရီး ချမ်းလာကြတယ်။ နောက်ဆုံး အကြံတစ်ခုရပြီး တမာကိုင်းတွေချိုး တယ်။ တမာရွက်ကိုင်းတွေကို ကိုယ်နဲ့လုံးပြီးအိပ်မှ နည်းနည်း နွေးသွားသလို ခံစားရတယ်။

နှစ်ယောက်သား ပန်းပန်းနဲ့အိပ်လိုက်ကြတာ ဝေလီဝေလင်း လောက်မှ နိုးလာတယ်။ သူတို့ရောက်နေတဲ့နေရာက ခရီးတစ် ဝက်နီးပါးတော့ရှိလာပြီ။ ဒါပေမဲ့ ပန်းတိုင်မရောက်သေးဘူး။ မောင်ကျော်သိန်းလေး မဲပေးရဖို့ ဆက်လျှောက်မှရမယ်ဆိုပြီး နှစ်ယောက်သား လူးလဲထလိုက်ကြ တော့တယ်။ တံတားဦးမြို့သာက ၂၁ မိုင် ဝေးသေးတယ်လေ။

အိပ်လိုက်ရလို့ နည်းနည်း လန်းလာသလို ခံစားရပေမယ့်အချိန်ကြာကြာ ပြန်လျှောက်တော့ ညောင်းလာပြန်တာပဲ။ အချိန်နည်းနည်းလောက်လျှောက်ပြီး ချိန် ပြူကံရွာနားလောက်မှာ လူ ငယ်တစ်ယောက် လာတာနဲ့တား လိုက်တာ ရပ်ပေးတယ်။

အကျိုးအကြောင်းရှင်းပြပြီး လမ်းကြုံ လိုက်ချင်ကြောင်းပြောတော့ ငါန်းဇွန်လမ်းဆုံအထိပဲ ရောက်မယ် အဲဒီထိလိုက်ခဲ့ပေါ့လို့ပြောတယ်။ အဲဒီလမ်းဆုံထိလည်း မဆိုးပါဘူး ဆိုပြီး လိုက်သွားခဲ့ကြတယ်။

ဆိုင်ကယ်သမား လူငယ် လေးက လမ်းဆုံရောက်တော့ ရပ်ပေးပြီး သွားစရာရှိလို့သာ မြို့သာ အထိ လိုက်မပို့နိုင်တဲ့အကြောင်း ပြောတယ်။

ဖုန်းနံပါတ်သိရင်သူ့ ဖုန်းနဲ့ ခေါ်ပေးမယ်လို့ပြောတော့ မောင်ကျော်သိန်းတို့က အဘွား ဖုန်းနံပါတ် အလွတ်မရတော့ ခက် ရော။ ဆိုင်ကယ်သမားလည်း ‘‘ခင်ဗျားတို့တွေ လူအတွေပါဗျာ။ခြေကျင်သာ လျှောက်ကြတော့’’ လို့ ကရုဏာဒေါသောနဲ့ ပြော ထွက်သွားတယ်။

မောင်ကျော်သိန်းတို့လည်း ဆက်လျှောက်ကြရတာပေါ့။ အတော်ကြာ လျှောက်ပြီးတော့ ထနောင်းကိုင်းနား ကုန်တင်ကားတစ်စီးတွေ့တာနဲ့ တားလိုက်တာခေါ်ပါတယ်။ ဒါပေမဲ့ ဟိုဘက်ရွာတင်တဲ့။ မောင်ကျော်သိန်းလည်း သွားသလောက်လေး ကပ်လိုက် ရတာပေါ့။

ကားပေါ်ကဆင်းတော့ မြို့သာနဲ့က နည်းနည်းတော့လိုနေ သေးတယ်။ ဒါနဲ့ပဲ ဆက်လျှောက်ကြရပြန်တယ်။ နေကလည်းထွက်လာပြီ။ မဲပေးဖို့သွားကြတဲ့ဆိုင် ကယ်တွေလည်း တဝေါဝေါနဲ့ သူတို့ဘေးနားကနေ ဖြတ်သွားကြတယ်။ ဆိုင်ကယ်နောက်မှာလည်း လူကိုယ်စီနဲ့ လမ်းကြုံတားလိုက် ဖို့လည်း မလွယ်ဘူး။ ကဲပါလေ မဲပေးဖို့တော့ အချိန်မီရောက်ပါ တယ်ဆိုပြီး နှစ်ယောက်သား လမ်းဆက်လျှောက်ကြတယ်။

ကွမ်းဆိုင်လေးတစ်ဆိုင်တွေ့တော့ နှစ် ယောက်သား ကွမ်းတအားစားချင်နေတာ။ ပိုက်ဆံကလည်းမပါ တော့ဘူး။ ဒါနဲ့ဆိုင်ရှင်အဘွားကို ‘‘အမေကြီးရေ။ ကွမ်းလေးတစ် ယောက်လောက် ပေးပါလား။ ပိုက်ဆံတော့ မပါတော့ဘူး’’လို့ မရှက်မကြောက် သွားတောင်း တယ်။ အမေကြီးက သုံးရာဖိုးထုပ်ပေးပြီး ‘ရော့ရော့ငါ့မြေး’ ဆိုပြီး ပေးတယ်။ နှစ်ယောက်သား ကွမ်း လေးဝါးရတော့ ပျော်သွားတယ်။

ကွမ်းလေးဝါးရင်း လျှောက် လာရင်း၊ လျှောက်လာရင်း မြို့သာနဲ့ နှစ်မိုင်လောက်သာလိုတော့တဲ့ နေရာရောက်လာတယ်။ မြို့နဲ့နီး လာလေလေ နှစ်ယောက်သား ပစ်လှဲချင်လေလေပဲ။ အဲဒီအချိန် ဆိုင်ကယ်တစ်စီးက သူတို့ကိုကျော်တက်ပြီးမှ ပြန်ကွေ့လာတယ်။ သူတို့မော့ကြည့်လိုက် တော့ မတ္တရာက မောင်ကျော်သိန်း ဦးလေး ကိုလှိုင်ဇင်ဝင်း။ သူလည်းမဲပေးဖို့ ရွာပြန်လာတာ။

ဖြစ်ကြောင်း ကုန်စင်သိရတော့ ကိုလှိုင်ဇင်ဝင်းက ‘‘ငါ့တူရာ ဖုန်းဆက် လိုက်တာမဟုတ်ဘူးကွာ’’လို့ ပြောတော့ ‘‘သိမှမသိတာကို ဦးလေး ကလည်း’’လို့ မောင်ကျော်သိန်းက ငိုမဲ့မဲ့နဲ့ ပြောလိုက်တော့တယ်။

မောင်ကျော်သိန်းတို့ မနက်ရ နာရီသာသာလောက် မြို့သာရောက်ခဲ့ပါပြီ။ ခြေဆေးလက် ဆေး မနက်စာလေးစားပြီး မောင် ကျော်သိန်း မဲရုံဘက်ထွက်ခဲ့ တယ်။ သူပထမဆုံးပေးရမယ့် ရွေးကောက်ပွဲ။ သူဒုက္ခတွေ အ များကြီးရောက်ပြီး ပေးခဲ့ရတဲ့မဲ။ တစ်နေ့နဲ့တစ်ည လမ်းပေါ်မှာ ဆင်းရဲဒုက္ခရောက်ခဲ့ရတယ်။ သူတင်မကဘူး။ သူ့ဦးလေးပါ ဒုက္ခ ဝေမျှခဲ့ရတယ်။ အခုတော့ သူမဲရုံထဲရောက်ခဲ့ပြီ။ ဆန္ဒပြုလက်မှတ်လေးယူပြီး သူယုံကြည်တဲ့ပါတီကို မဲပေးခဲ့နိုင်ခဲ့ပါတော့ တယ်။

မောင်ကျော်သိန်း မဲရုံကအပြန် ဒူးတွေနာ၊ ပေါင်တွေလည်းပွန်းနေတာမို့ ဖြေးဖြေးလျှောက်ရတယ်။ လမ်းတွေတအားလျှောက် ခဲ့ရတာကိုး။

လမ်းလျှောက်ရင် လည်း ကွတကွတနဲ့။ သို့ပေမဲ့မောင်ကျော်သိန်း မျက်နှာပြုံးနေ တယ်။ သူမဲပေးနိုင်ခဲ့ပြီလေ။