ရာထူးက ဆင်းရင် ထောင်ကျနိုင်ခြေ ရှိလို့ နောက်ကြောင်းမပြန်ရဥပဒေကို အမြန်ပြဌာန်းဖို့ လုပ်နေတဲ့ ထရန့်

ရာထူးက ဆင်းရင် ထောင်ကျနိုင်ခြေ ရှိလို့ နောက်ကြောင်းမပြန်ရ ဥပဒေကို အမြန် ပြဌာန်းဖို့ လုပ်နေတဲ့ ထရန့်

သမ္မတရာထူးက ဆင်းသွားရင် ထရန့်က အမှုပေါင်း ၆ ခု ရင်ဆိုင်ရမယ်။ လက်ရှိ ရင်ဆိုင်နေရတဲ့ အမှုတွေ။ အခွန်ရှောင်မှုတွေက အဆိုးဆုံးပဲ။ ပြစ်မှုထင်ရှားရင် ထောင် ၅ နှစ်လောက် ကျခံရနိုင်တယ်။

အောက်လွှတ်တော်မှာ စွဲချက်တင်ထားတဲ့ ၂ မှုလဲ ရှိသေးတယ်။ Abuse of Power နဲ့ Obstruction of Congress ဆိုပီး စွဲချက်တင်ထားတာ။ အာဏာ အလွဲသုံးစားလုပ်မှုပေါ့။ အဲဒါနဲ့ဆို ၈ မှု။

သမ္မတဖြစ်နေတုန်း Indict မလုပ်နိုင်ပေမယ့် ရာထူးက ပြုတ်သွားရင် စွဲချက်တင်လို့ရပီ။ ထရန့်ကတော့ ဟိုတလောထဲက သူ့ကိုယ်သူ Pardon ပေးတဲ့ ဥပဒေတခု ပြဌာန်းဖို့လုပ်နေတယ်။ ဒီမှာဆို နောက်ကြောင်းပြန် အရေးမယူရ ဆိုသလိုပေါ့။

မအောင်မြင်ရင်တော့ ထောင်ထဲဝင်ရတဲ့ ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာလိမ့်မယ်။ အဲဒါကြောင့်လဲ အရှုံးမပေးပဲ အတင်းတွယ်ကပ်နေတာ။

Nay Thway

Be the first to comment

Leave a Reply

Your email address will not be published.


*