ဘဝတစ်လျှောက်လုံး ပလက်စတစ်ပုံးထဲမှာ နေထိုင်နေရတဲ့ မိန်းကလေး

နိုင်ဂျီးရီးယားနိုင်ငံက မိန်းကလေးတစ်ဦးဟာ ခန္တာကိုယ်ဖွံဖြိုးပုံ ပုံမှန်မဟုတ်တဲ့ ရောဂါဆန်းတစ်မျိုးကြောင့် သူမရဲ. ဘဝတစ်လျှောက်လုံးနီးပါးကို ပလက်စတစ်ပုံးထဲမှာသာ နေထိုင်ပြီး ဖြတ်သန်းခဲ့ရပါတယ်။

သူမဟာ မွေးဖွားကာစက အခြားသော ကလေးငယ်တွေလိုပဲ ကျန်းကျန်းမာမာ ဖြစ်ပေမယ့် ခြောက်လအရွယ်မှာ လက်ရှိသူမခံစားနေရတဲ့ ရောဂါစတင်ဖြစ်လာပါတယ် ။ သူမရဲ. ခန္တာကိုယ်အောက်ပိုင်းနဲ့ လက်တွေဟာ လက်ဆက်ဖွံဖြိုးခြင်း မရှိတော့ပဲ ဒီအတိုင်းသာ ဖြစ်နေခဲ့ပါတယ်။

လက်ရှိမှာ သူမဟာ အသက် 23 နှစ်အရွယ်ရှိပြီဖြစ်ကာ သူမရဲ. အခြေအနေဟာ လေးဖက်ထောက်သွားနိုင်တဲ့ အခြေအနေမှာတောင် မရှိပါဘူး ။ ဒါကြောင့် သူမကို ပလက်စတစ်ပုံးထဲ ထည့်ပြီး သူမရဲ.မိသားစုဝင်တွေက ခေါ်သွားရလေ့ ရှိပြီး ရေမျိုးချိုးတာ အစားအစာ စားတာတွေကို မွေးချင်းမောင်နှမတွေက ကူညီပြုလုပ်ပေးရပါတယ်။

သူမဟာ အခြားသော သာမန်မိန်းကလေးတွေလိုပဲ ပျော်ပျော်နေချင်သူ ဉာဏ်ကောင်း ထက်မြတ်တဲ့ မိန်းကလေးတစ်ယောက်ပါ ။ သူမကို မိသားစုက ကုသမှုတွေ ပြုလုပ်ပေးခဲ့ပေမယ့်လည်း ဘယ်လိုမှ မပျောက်ကင်းခဲ့ပါဘူး ။ သူမက ဖြစ်နိုင်မယ်ဆိုရင် ကိုယ်ပိုင်စတိုးဆိုင်လေးတစ်ခု ပိုင်ဆိုင်ချင်တယ်လို့ ဆိုပါတယ်။

zaw gyi version






Be the first to comment

Leave a Reply

Your email address will not be published.


*