သူမကြော်ငြာပေးခဲ့တဲ့ရွှေဆိုင်မှာ Live ပြန်ရောင်းရင်း လေးနာရီအတွင်း ရွှေ (၁၀)ပိဿာကျော်ကို သောင်ပြိုကမ်းပြိုရောင်းထွက်ခဲ့လို့ ဝမ်းသာနေတဲ့ ထက်ထက်မိုးဦးရဲ့ ဗီဒီယို…

သူမကြော်ငြာပေးခဲ့တဲ့ရွှေဆိုင်မှာ Live ပြန်ရောင်းရင်း လေးနာရီအတွင်း ရွှေ (၁၀)ပိဿာကျော်ကို သောင်ပြိုကမ်းပြိုရောင်းထွက်ခဲ့လို့ ဝမ်းသာနေတဲ့ ထက်ထက်မိုးဦးရဲ့ ဗီဒီယို…

ယနေ့ချိန်အထိ ကြော်ငြာဘုရင်မဆိုတဲ့ ဂုဏ်ကို ထိန်းသိမ်းထားနေဆဲ မင်းသမီးကတော့ သရုပ်ဆောင် ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ် နှစ်စုတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ သိမ်းပိုက်ရရှိထားတဲ့ နိုင်ငံကျော် မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ထက်ထက်ဟာ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အချစ်တွေကို ရထားသူတစ်ယောက်လည်း ဖြစ်ပါတယ်နော်။

သူမရဲ့ Live Sales တွေဟာလည်း ထောင်ပေါင်းများစွာ ရောင်းချနိုင်တာတွေကြောင့်လည်း ပရိသတ်တွေအားလုံးက ကြက်သီးထရလောက်တဲ့ အထိပါပဲ။ ဘယ်အလုပ်ပဲ လုပ်လုပ် အမြဲစေတနာပါပါ လုပ်တတ်သူ ဖြစ်တာကြောင့်လည်း အမြဲအောင်မြင်မှုသရဖူဆောင်းထားနိုင်နေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပရိသတ်ကြီးအတွက် ဝမ်းသာစရာသတင်းလေးတစ်ခု ပြောပြလာတာပဲ ဖြစ်ပါတယ်။

ဒါကတော့ လေးနာရီအတွင်း ရွှေအတုံး ၁၀ ပိဿာကျော်ကိုသောင်ပြိုကမ်းပြိုရောင်းခဲ့ရတဲ့အတွက်ပြောမပြတတ်အောင် ဝမ်းသာနေတဲ့ ထက်ထက်ရဲ့Video လေးပဲ ဖြစ်ပါတယ်။ ထက်ထက်ကလည်း ” 11 . 11 . 2020

ထက်အတွက်တော့ ရွှေတွေ ပိဿချိန် နဲ့ ရောင်းရတဲ့နေ့….”1995 ကနေ 2020 ထိ ရွှေများရဲ့သခင် ရွှေစင်နဲ့လက်တွဲ အလုပ်လုပ်ခဲ့တာ၊ ထက်ကိုချစ်လို့ဆိုပြီး အမည်မဖော်ဘဲ အကယ်ဒမီ ရွှေတုံးတွေ အများကြီး အားပေးသွားတာ အရမ်းကိုပျော်ပါတယ် ရှင်။ဝယ်ယူသူတွေရော ကြည့်ရှုပေးသူအားလုံးကိုလည်း မေတ္တာတွေလည်း ပို့ပေးပါတယ်ရှင် ။

မနက်ဖြန်တိုင်းမှာလည်း ဒီထက်ပိုပြီးကြိုးစားပါဦးမယ်။ မုဒိတာ တွေထားရင်း ကုသိုလ်တွေ ရကြပါစေ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဗီဒီယိုလေးကိုပါ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*