
ထိုင်ဝမ်မှ ကောင်လေးနဲ့ တရုတ်ပြည်မှ ကောင်မလေးတို့ရဲ့ဇာတ်လမ်းဟာတော့ လေယာဉ်ပေါ်မှာစတင်ခဲ့ပါတယ်။
Xu Zhewei လို့ခေါ်တဲ့ အမျိုးသားဟာ အလုပ်ကနေထွက်လာပြီး ထိုင်ဝမ်ကို ပြန်လာချိန် လေယာဉ်ပေါ်မှာ တရုတ်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတယ်။
သူတို့နှစ်ယောက်ခုံတွေဟာ ဘေးချင်းကပ်ကျပြီး ကောင်မလေးက လေယာဉ်ကြောက်တယ်ဆိုလို့ လက်ချင်းဆုပ်ကိုင်ထားရင်းနဲ့ကနေ ရိုမန်တစ်တွေဆန်ပြီး ချစ်သူတွေဖြစ်သွားကြပါတယ်။
တစ်ခါတစ်ခါ လေယာဉ်လှုပ်တဲ့အခါ ကောင်မလေးအရမ်း စိတ်လှုပ်ရှားနေတာတွေ့တော့ Xu က ” ဘာမှမဖြစ်ဘူး အားလုံးအဆင်ပြေသွားလိမ့်မယ်..” လို့ပြောပြီး ရုတ်တရက် သူမကို ကာကွယ်ချင်စိတ်တွေ ပေါ်လာသတဲ့။
အဲ့ဒီလိုနဲ့ မြင်မြင်ချင်းချစ်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲ ဖေ့ဘွတ်စ်ပေါ်မှာ Relationship လည်းတင်ခဲ့ပါတယ်။
Leave a Reply