သူမရဲ့တူဟန်ဆောင်ပြီး သရုပ်ဆောင် ငှက်ပျော်ကြော်ရဲ့ အိမ်ကို မုန့်ဖိုးလိမ်တောင်းသွားတဲ့လိမ်လည်မှုအကြောင်းပြောပြလာတဲ့ မျိုးသန္တာထွန်း

ပရိတ်သတ်ကြီးရေအကယ်ဒမီ မျိုးသန္တာထွန်းကတော့ ယခုထက်တိုင် ပရိသတ်အားပေးမှုကို ဆက်တိုက်ရရှိနေဆဲဖြစ်သလိုကိုယ်ပိုင်မိသားစုဘဝလေးနဲ့ အေးဆေးစွာ ဘဝကို ဖြတ်သန်းနေခဲ့တာပါ။

သူမဟာ အနုပညာလုပ်ငန်းတွေကိုလည်း ရပ်နားထားတာဖြစ်ပြီးကိုယ်ပိုင်အထပ်သားစက်ရုံလုပ်ငန်းကိုပဲ လုပ်ကိုင်လျှက်ရှိတယ်လို့ သိရပါတယ်။

ယနေ့မှာတော့ မျိုးသန္တာထွန်းက သူမရဲ့ တူဟန်ဆောင်ကာ သရုပ်ဆောင် ငှက်ပျော်ကြော်ရဲ့ အိမ်ကို သွားကန်တော့ပြီး မုန့်ဖိုးလိမ်တောင်းသွားတဲ့ အံ့သြဖွယ်လိမ်လည်မှုအကြောင်းကို သူမရဲ့ Facebook ကတဆင့်ပြောလာခဲ့တာဖြစ်ပြီး သတိထားကြဖို့ ပြောလာခဲ့တာဖြစ်ပါတယ်။

“ညနေ ကိုငှက်ပျောကြော် ဖုန်းဆက်ပြီးမေးလာတယ်၊မျိုးသန္တာထွန်းရဲ့တူ ဆိုပြီးကောင်လေးတယောက် လာကန်တော့တယ်တဲ့၊ကောင်မလေးတယောက်လဲပါတယ် သူနဲ့ လက်ထပ်မဲ့ မိန်းကလေးလို့ပြောပြီးမိတ်ဆက်ပါတယ်တဲ့၊

စကားတွေ ရေပက်မဝင်ပြောပြီး ကိုငှက်ရဲ့ နာမည်ရင်းကိုလဲ ပြော၊အရမ်းရင်းနှီးခဲ့ဖူးသလိုတွေ လုပ်ပြီး မုန့်ဖိုးတောင်းသွားပါတယ်တဲ့၊ ကိုငှက်က ၂ သောင်းပေးတာကို နဲလို့ ၃ သောင်းပေးပါလို့တောင်းသေးတယ်တဲ့အရမ်းကို အံ့ဩသွားပါတယ်

ကျမရဲ့ တူတွေ/တူမတွေ(ကျမရဲ့သား)ကအစ ဘယ်အနုပညာရှင်အိမ်ကိုမှ သွားလေ့ သွားထမရှိပါဘူးရှင်၊ ကျမတို့တောင် အလုပ်ထဲမှာဘဲတွေ့ကြ ဆုံကြတာပါ၊

အဲ့လို နာမည် အလွဲသုံးစားလုပ်ပြီး လိုက်လိမ်နေတာကို တော်တော့်ကို စိတ်ခံပြင်းမိပါတယ်၊ ကျမရဲ့ အနုပညာ မောင်နှမတွေရော မိတ်ဆွေတွေပါ ထပ်ပြီးအလိမ်မခံရအောင် ဒီ post ကိုတင်ရခြင်းဖြစ်ပါတယ်၊ချစ်ရတဲ့ ညီအကိုမောင်နှမတွေ အားလုံးလဲ ဝိုင်းပြီး အဲ့လူလိမ်လာရင် သတင်းပေးကြပါရှင့်။” လို့ မျှဝေထားခဲ့တာဖြစ်ပါတယ်။

မျိုးသန္တာထွန်းကတော့ သူမနာမည်ကို အသုံးချကာ လိမ်လည်သွားတဲ့အတွက် စိတ်ဆိုးဒေါသထွက်နေခဲ့တာပဲဖြစ်ပါတယ်နော်။

လူမှုကွန်ယက်မှာ သတင်းကြီးနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်။ဖတ်ရှုပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးအားလုံးသာယာသောနေ့လေးတစ်နေ့ ဖြစ်ကြပါစေနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*