ဟိုတယ်မှာ ဧည့်သည်တွေ မနက်စာ စားနေတုန်း ကျားသစ်ဝင်လာခဲ့တဲ့ ဖြစ်ရပ်

ဟိုတယ်မှာ ဧည့်သည်တွေ မနက်စာ စားနေတုန်း ကျားသစ်ဝင်လာခဲ့တဲ့ ဖြစ်ရပ် (ရုပ်သံ)

ဟိုတယ်တစ်ခုမှာ မနက်စာစားနေတုန်း ကိုယ်စားနေတဲ့ ဆိုင်ထဲကို ကျားသစ်တစ်ကောင် ရုတ်တရက်ဝင်ရောက်လာရင် ဘာလုပ်မိကြမယ်လို့ ထင်ပါသလဲ။ တော်တော်များများကတော့ ဒီလိုမျိုး ဟိုတယ်ကြီးတစ်ခုရဲ့ စားသောက်ဆိုင်မှာ မနက်စာစားနေတုန်း ကျားသစ်တစ်ကောင် ရုတရက်ဝင်လာမယ်ဆိုတာကို မဖြစ်နိုင်လောက်ဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမယ့် တောင်အာဖရိကနိုင်ငံမှာ ဒီအဖြစ်အပျက်က တစ်ကယ်ကို ဖြစ်ခဲ့တာပါ။ တောင်အာဖရိကနိုင်ငံရှိ နာမည်ကြီးဟိုတယ်တစ်ခုရဲ့ စားသောက်ဆိုင်မှာ မနက်ခင်းအစားအစာစားနေချိန် ရုတ်တရက် ကျားသစ်တစ်ကောင်ဝင်ရောက်လာခဲ့တာကြောင့် လာရောက်တည်းခိုသူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရကြောင်း Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါဟိုတယ်ကတော့ တောင်အာဖရိကနိုင်ငံက Singita Ebony Lodge လို့ အမည်ရတဲ့ ဟိုတယ်ပဲ ဖြစ်ပါတယ်။ ကျားသစ်အကောင်ကြီးတစ်ကောင်ဟာ ဟိုတယ်ရှိလူများ မနက်စာစားသောက်နေချိန်မှာ ဟိုတယ်ထဲ ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး သူစားဖို့ မနက်စာကို လိုက်လံရှာဖွေနေဟန်တူပါတယ်။ တောင်အာဖရိကမှာတော့ အကုန်လုံး သိတဲ့အတိုင်း တောရိုင်းတိရစ္ဆာန်တွေဟာ နေရာအနှံ့မှာ ရှိနေတာကြောင့် ဒီလိုမျိုး ဖြစ်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ ကံကောင်းတာတစ်ခုကတော့ ကျားသစ်ကြီးဟာ ဟိုတယ်ရှိ စားသောက်ဆိုင် နေရာအနှံ့ လျှောက်သွားနေခဲ့ပြီး နောက်ဆုံးမှာတော့ ဟိုတယ်ဝန်ထမ်းတွေ မေယင်းထုတ်လိုက်တာကြောင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

“ကျားသစ်ကြီးရောက်မလာခင်မှာ ဟိုတယ်အနားမှာရှိတဲ့ မျောက်တွေရဲ့ အော်သံကို တောက်လျှောက်ကြားခဲ့ရပါတယ်။ မျောက်တွေဟာ သူတို့ရဲ့ အန္တရာယ်ကို ကြိုသိပြီး တစ်ကောင်နဲ့တစ်ကောင် အချက်ပေးနေကြတဲ့ ပုံပဲ။ သိပ်မကြာခင်မှာ ကျားသစ်ကြီးတစ်ကောင်က ရုတ်တရက် မြင်ကွင်းထဲမှာ ဘွားကနဲပေါ်လာပါတယ်။ အတွေ့အကြုံရှိတဲ့ ဟိုတယ်ဝန်ထမ်းတွေ အနီးအနားမှာရှိနေတာ တော်တော်ကံကောင်းသွားတယ်။ သူတို့တွေက ဧည့်သည်တေါကို လှုပ်လှုပ်ရှားရှားမလုပ်ပဲ ဒီအတိုင်းနေဖို့ တောက်လျှောက်ပြောခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဝန်ထမ်းတွေရောက်လာပြီး ကျားသစ်ကြီးကို မောင်းထုတ်ခဲ့ကြပါတယ်”လို့ ဗီဒီယိုကိုရိုက်ခဲ့သူ အသက် ၃၉ နှစ်အရွယ် Erika Wiese က ပြောကြားခဲ့ပါတယ်။

 

ZawGyi

ဟိုတယ္မွာ ဧည့္သည္ေတြ မနက္စာ စားေနတုန္း က်ားသစ္ဝင္လာခဲ့တဲ့ ျဖစ္ရပ္ (ရုပ္သံ)

ဟိုတယ္တစ္ခုမွာ မနက္စာစားေနတုန္း ကိုယ္စားေနတဲ့ ဆိုင္ထဲကို က်ားသစ္တစ္ေကာင္ ရုတ္တရက္ဝင္ေရာက္လာရင္ ဘာလုပ္မိၾကမယ္လို႔ ထင္ပါသလဲ။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီလိုမ်ိဳး ဟိုတယ္ၾကီးတစ္ခုရဲ႕ စားေသာက္ဆိုင္မွာ မနက္စာစားေနတုန္း က်ားသစ္တစ္ေကာင္ ရုတရက္ဝင္လာမယ္ဆိုတာကို မျဖစ္ႏိုင္ေလာက္ဘူးလို႔ ထင္ေကာင္းထင္ၾကပါလိမ့္မယ္။ ဒါေပမယ့္ ေတာင္အာဖရိကႏိုင္ငံမွာ ဒီအျဖစ္အပ်က္က တစ္ကယ္ကို ျဖစ္ခဲ့တာပါ။ ေတာင္အာဖရိကႏိုင္ငံရွိ နာမည္ၾကီးဟိုတယ္တစ္ခုရဲ႕ စားေသာက္ဆိုင္မွာ မနက္ခင္းအစားအစာစားေနခ်ိန္ ရုတ္တရက္ က်ားသစ္တစ္ေကာင္ဝင္ေရာက္လာခဲ့တာေၾကာင့္ လာေရာက္တည္းခိုသူေတြ ရုတ္ရုတ္သဲသဲ ျဖစ္သြားခဲ့ရေၾကာင္း Fox News သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အဆိုပါဟိုတယ္ကေတာ့ ေတာင္အာဖရိကႏိုင္ငံက Singita Ebony Lodge လို႔ အမည္ရတဲ့ ဟိုတယ္ပဲ ျဖစ္ပါတယ္။ က်ားသစ္အေကာင္ၾကီးတစ္ေကာင္ဟာ ဟိုတယ္ရွိလူမ်ား မနက္စာစားေသာက္ေနခ်ိန္မွာ ဟိုတယ္ထဲ ရုတ္တရက္ ဝင္ေရာက္လာခဲ့ျပီး သူစားဖို႔ မနက္စာကို လိုက္လံရွာေဖြေနဟန္တူပါတယ္။ ေတာင္အာဖရိကမွာေတာ့ အကုန္လံုး သိတဲ့အတိုင္း ေတာရိုင္းတိရစၦာန္ေတြဟာ ေနရာအႏွံ႔မွာ ရွိေနတာေၾကာင့္ ဒီလိုမ်ိဳး ျဖစ္လာခဲ့ရတာပဲ ျဖစ္ပါတယ္။ ကံေကာင္းတာတစ္ခုကေတာ့ က်ားသစ္ၾကီးဟာ ဟိုတယ္ရွိ စားေသာက္ဆိုင္ ေနရာအႏွံ႔ ေလွ်ာက္သြားေနခဲ့ျပီး ေနာက္ဆံုးမွာေတာ့ ဟိုတယ္ဝန္ထမ္းေတြ ေမယင္းထုတ္လိုက္တာေၾကာင့္ ျပန္လည္ထြက္ခြာသြားခဲ့ေၾကာင္း သိရပါတယ္။

“က်ားသစ္ၾကီးေရာက္မလာခင္မွာ ဟိုတယ္အနားမွာရွိတဲ့ ေမ်ာက္ေတြရဲ႕ ေအာ္သံကို ေတာက္ေလွ်ာက္ၾကားခဲ့ရပါတယ္။ ေမ်ာက္ေတြဟာ သူတို႔ရဲ႕ အႏၱရာယ္ကို ၾကိဳသိျပီး တစ္ေကာင္နဲ႔တစ္ေကာင္ အခ်က္ေပးေနၾကတဲ့ ပံုပဲ။ သိပ္မၾကာခင္မွာ က်ားသစ္ၾကီးတစ္ေကာင္က ရုတ္တရက္ ျမင္ကြင္းထဲမွာ ဘြားကနဲေပၚလာပါတယ္။ အေတြ႕အၾကံဳရွိတဲ့ ဟိုတယ္ဝန္ထမ္းေတြ အနီးအနားမွာရွိေနတာ ေတာ္ေတာ္ကံေကာင္းသြားတယ္။ သူတို႔ေတြက ဧည့္သည္ေတါကို လႈပ္လႈပ္ရွားရွားမလုပ္ပဲ ဒီအတိုင္းေနဖို႔ ေတာက္ေလွ်ာက္ေျပာခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ ဝန္ထမ္းေတြေရာက္လာျပီး က်ားသစ္ၾကီးကို ေမာင္းထုတ္ခဲ့ၾကပါတယ္”လို႔ ဗီဒီယိုကိုရိုက္ခဲ့သူ အသက္ ၃၉ ႏွစ္အရြယ္ Erika Wiese က ေျပာၾကားခဲ့ပါတယ္။

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*