ပိုက်ဆံမက်လို့ ယောကျာ်းယူတယ် ဆိုပြီး ဝေဖန်သူတွေ ကို အိမ်ပေါင် ထားတဲ့ အထိ အကြွေးသိန်း(၄၀၀၀) ရှိကြောင်း အတွင်းရေး အကုန်ထုတ်ပြောလာတဲ့ မယ်လိုဒီ

နိုင်ငံကျော် သရုပ်ဆောင် မယ်လိုဒီကတော့ သူမရဲ့ အိမ်ထောင် နဲ့ တရားဝင်ကွာရှင်းပြတ်ဆဲပြီး တဲ့နောက် သားလေး သိဒ္ဓိစစ်ကို ပြုစုပျိုးထောင်ကာ တစ်ယောက်တည်း ရပ်တည်နေသူတစ်ယောက် ဖြစ်ပါတယ်။

မယ်လိုဒီရဲ့ ကွာရှင်းပြတ်ဆဲမှုသတင်းကတော့ အရှုပ်အရှင်းတွေရှိခဲ့တာဖြစ်ပြီး မယ်လိုဒီကတော့ သူမရဲ့ အမှန်တရားကို ချပြနိုင်ခဲ့တာ ပရိသတ်ကြီးအားလုံး သိပြီးသား ဖြစ်မှာပါ။ သားလေးကို ပြုစုပျိုးထောင်ရင်း တစ်ယောက်တည်း ဘုရား တရားလုပ်ရင်း အေးဆေးစွာ နေထိုင်နေတဲ့ မယ်လိုဒီက ဒီကနေ့မှာတော့ ပိုက်ဆံမက်လို့ ယောကျာ်းယူတယ်ဆိုပြီး ပြစ်တင်ဝေဖန်သူတွေကို အခုလိုပဲ ပြောလာပါတယ်။

“အိမ်ထောင်မပြုခင်ကတည်းကနေခဲ့တဲ့ ကျွန်မရဲ့အိမ်ပိစိလေး ရှိသမျှshe shine က အရစ်ကျဝယ်ထားတဲ့ပစ္စည်းတွေ မမျိုးသန္တာထွန်းတိုက်တွန်းလို့ အရစ်ကျဝယ်ထားတဲ့ ချမ်းသာကွန်ဒိုကအခန်းလေး ဦးဘိုလှဂါးဒင်းထဲကမြေကွက် အားလုံးကိုရောင်းပြီး ချစ်ခင်ရတဲ့မစူး အကြံပေးလို့ မစူးရဲ့အိမ်နားမှာ ဝယ်ဖြစ်ခဲ့တယ်(စောင့်ရှောက်လို့ကျေးဇူးပါအစ်ကိုနဲ့အစ်မ🙏🏻) ပြီးတော့ အိမ်ထောင် ပြုတယ်။ မင်္ဂလာဝတ်စုံ ဦးပြည်စိုးအောင်၊ မိတ်ကပ် မကြီးစန်း မေမေစန်း၊ ပန်း မာမီကျော်၊ Sedona ခန်းမဖိုးတော့ပေးရတာပေါ့ရှင်။ ဖိတ်စာကတော့ ရိုက်တာများလို့အစောင် အစိတ်လားလက်ဆောင်ပိုပေးတယ်။

ဗီဒီယို ကိုဝဏ္ဏခွါနီး လက်ဆောင်၊ ကိုသုးံပေါင် ဦးပီတာဈေးလျော့ယူတယ်။ မင်းသမီးတစ်ယောက်ကိုလက်ထပ်ယူရတာ အကုန်အကျမများဘူးရှင့်“အထူးမမေ့တာတော့ ကျွန်မရဲ့သူငယ်ချင်း ကျွန်မမျက်နှာငယ်မှာစိုးလို့ သိန်း ၃၀၀ အထုတ်လိုက်လာပေးပြီး အတိုးမယူဘူး အဆင်ပြေတဲ့အချိန်မှဆပ်တဲ့။ မင်္ဂလာလက်ဖွဲ့ ဒေါ်လာ၅၀၀၀ ဖွဲ့တယ်။ မင်္ဂလာပန်းလည်းကြဲပေးသေးတယ်။ ခုထိကျွန်မကိုကူညီတုန်း သားလေးအတွက်ဆို မုန့်ဖိုးပေးရင်ဒေါ်လာ၁၀၀၀ပေးတယ်။ ကျွန်မရဲ့စိတ်ကူးကအိမ်ရှင်မ အိုး ခွက် ပန်းကန် စုတာဝါသနာကိုပါတယ်။ ၂၀၀၅ ကတည်းကဝယ်တာခုထိမရပ်သေးဘူး။ ဒီနေ့တောင်ဝယ်လာသေးတယ်။ ကျွန်မမှာ မင်္ဂလာဦးဘုရားနဲ့ကျောင်းဆောင်မရှိခဲ့ဘူး။ ကျွန်မမှာရှိပြီးသားမို့ ကျွန်မ မင်္ဂလာခန်းဝင်ပစ္စည်းမလိုခဲ့ဘူး။ Casabala က သိန်း၄၀ကျော်တန်ကုတင်နဲ့မွေ့ယာအရင်ကတည်းကရှိပြီးသားမို့ ဆိုဖာ ဆက်တီ မလိုခဲ့ဘူး”

“သွားဖြစ်တဲ့နိုင်ငံတိုင်း စောင် အိပ်ယာခင်း ပန်းကန် အိုး ခွက် ဓါး ခြေသုတ်ခုံ လက်နှီး ကြမ်းတိုက်ဝတ် အကုန် ဝယ်တယ်။ ကျွန်မ TV GAME -phone ထဲက Game ဘာgame မှဆော့တာဝါသနာမပါဘူး။ အိမ်လည်အတင်းပြော ဝါသနာမပါဘူး။ အလုပ်ဘယ်တော့လာခေါ်မလဲ အလုပ်ရမှဝိတ်ချတာမျိုးဘယ်တော့မှမလုပ်ဘူး။ အရာရာကြိုတင်ပြင်ဆင်တယ်။ အကောင်းဆုံးတွေ မမျှော်လင့်ဘူး။ အဆိုးဆုံးကြုံလာရင် ဘယ်လိုရင်ဆုံမလဲ ကြိုပြင်ဆင်ထားတယ်။ မှားရင် ကြီးကြီးငယ်ငယ် တောင်းပန်ဖို့ဝန်မလေးဘူး။ ယောက်ျားတစ်ယောက်ကိုရှာကြွေးနိုင်တယ်။ သူအလုပ်မလုပ်တတ်လို့ဆုံးရှုံးခဲ့ရင်လည်းအကြိမ်ကြိမ် အချိုသာဆုံးနဲ့ဖျောင်းဖျပြီး အဆင်မပြေ မှု့တွေမြိုချနိုင်တယ်။ စကားကိုပညာသားပါပါရော အရိုင်းအစိုင်းလိုရော ကလော်ကလယ် ဘယ်တော့မှမပြောဘူး။ စေတနာမပါဘဲ မပေးဘူး မလှူဘူး ”

“ခုနေတဲ့ကျွန်မအိမ်လေးလည်း ဘဏ်မှာ သိန်း ၄ထောင်နဲ့ ၂၀၁၇ ကတည်းကပေါင်ထား တာမနှစ်ကထိ ကျွန်မအတိုးဆပ်ပေးနိုင်ခဲ့တယ်။ လူဆိုတာ ကိုယ်တိုင်ကြုံမှ အဲ့ဒီနေရာကို ကိုယ်တိုင်ရောက်မှခံစားတတ်တာ နားလည်နိုင်တာ။ ယောကျ်ားတစ်ယောက်ကို ငွေမက်လို့ ယူတယ် တွဲတယ်။ အသိုင်းအဝိုင်းမက်လို့ လို့ပြောနေကြတဲ့သူတွေ။ အောက်လမ်းနဲ့လုပ်တယ်လို့ပြောနေကြတဲ့သူတွေ ကိုယ့်စကားက ကိုယ့်စိတ်ဘဲ ဆိုတာ တရားလက်လွတ် မမေ့ပါနဲ့။ သားအတွက်လည်းမပူပါနဲ့ ။ အသိ သတိ တရားမရှိတဲ့လူတွေအရှေ့မှာ ကျွန်မရော ကျွန်မသားပါ သိက္ခာ ကျစရာအကြောင်းမရှိပါဘူး။ ကျွန်မသားက အသက် ၆နှစ်မပြည့်သေးဘူး။ အမေစိတ်ကိုသိတဲ့သား ကြင်နာတတ်တဲ့သား၊ ယဉ်ကျေးတဲ့သား။ သားကိုလည်းဘယ်တော့မှ မလိမ်တတ်အောင်အမြဲဆုံးမသွန်သင်တယ်။ အိမ်ထောင်ရေးကံကောင်း ယောကျ်ားလုပ်စားစားရသူတွေ အားကျပါတယ်။ အတိတ်ကုသိုလ်ကံကောင်းကြတယ်။ သူတို့ပြုတဲ့ကံသူတို့ပြန်ရတာပဲ”

“စကားတွေဘောင်ကျော်တာတော်ရုံဘဲကောင်းတယ်။ အရမ်းစော်ကားချင်တယ် ဆဲချင်တယ်ဆိုဘဏ်ကြွေး သိန်း၄ထောင်နဲ့အတိုးတွေ ကိုယ်စားလာဆပ်ပေးလိုက်ကြ။ ပြီးရင် အလှည့်ကျဆဲ။ ထမင်းလည်းကျွေးမယ်။ အအေးလည်းတိုက်မယ် ဟုတ်ပြီလား။ အမေပေးတဲ့လယ်တစ်ကွက်နဲ့ယောက်ျားရှာ ပိုက်ဆံရှာရအောင် အလှပြင် အပျင်းထူ နေတဲ့မိန်းမလည်းမဟုတ်ဘူး။ ကျွန်မ လှတယ် မှန်မကြည့်ဘဲပြောနိုင်တယ်။ ကျွန်မမပျင်းဘူး မနက် ၃နာရီထအလုပ်လုပ်နိုင်တယ်။ ကျွန်မအိမ်ထောင်ကျကလေးမွေးပြီးချိန်တောင် နေကြာစေ့ရောင်းခဲ့တယ်။ အလုပ်ဟူသမျှဂုဏ်ရှိတယ်။ ဘဝအစကတည်းက ကျွန်မဘဝလေးသနားစရာပါဆိုပြီး ဘယ်ယောက်ျား ဘယ်ပရိသတ်မှမျက်ရည်မချူခဲ့ဖူးဘူး။ ကျွန်မကိုခေါ်ရိုက်ပါဆိုပြီး ဘယ်ပရိုဂျူဆာကိုမှအပေးအယူမလုပ်ခဲ့ဖူးဘူး။ ၄တန်းအရွယ်ကတည်းကမိဘကိုလုပ်ကျွေးခဲ့တာခုထိပဲ။ ခုထိ ကိုယ်ရှာတစ်အိမ်လုံးသုံးနိုင်တယ်။ မိဘကိုရှာကျွေးတဲ့သမီးမို့ ဘဝက ခွေး ဖြစ်မနေဘူး။”

ကောင်းကောင်းမွန်မွန်နေထိုင်ကြီးပြင်း လင်ကောင်းသားကောင်းရကြတဲ့သူတွေ ဆက်ပြီး ကောင်းကောင်းလေးနေကြပါ။ သူများဘဝကိုမသိဘဲ အကုသိုလ်မယူကြပါနဲ့။ ရှေ့ကပြော အနောက်ကဝဋ်လည်ဖို့ရောက်နေပြီ။ ထပ်ပြောမယ် ခုထိ ကျွန်မပိုင် သူများပေါင်ထားတဲ့ အိမ်သေးသေးလေးမှာဘဲ နေနေတယ်။ ဘဝမှာပေးသောလက် ဘဲအမြဲဖြစ်အောင်ကြိုးစားတယ်။ အိမ်ထောင်ပြုတာ ရိုးသား တာလေး ကိုမက်လို့လည်း ပြုလို့ရတယ်ရှင်။ ပိုက်ဆံရှိမှ အမျိုးတောင့်မှာ ကိတ် မှမဟုတ်ဘူးရှင်။ လူဆိုတာ မက်စရာမရှိရင် တာ့တာပါဘဲ။ ရှင်တို့လည်း ကြိုက်တာဆက်တွေး ကြိုက်တာမက်ပြီး အိမ်ထောင်ပြုလို့ရပါတယ်။ တစ်ဖက်ပိတ်တွေကြောင့် သံဝေဂ တရားရစေလို့ကျေးဇူးပါ။ ကျွန်မ လှတယ် မပျင်းဘူး ပိုက်ဆံရှာဖို့သမာအာဇီဝဆိုမရှက်ဘူး ပိုက်ဆံရှာတယ် စုတယ် အချက်အပြုတ်တော်တယ် ကဲ လင်ရှားစရာလား။ ယူဖို့ရော လိုသေးလို့လား။ ဆက်လှနေပြီး အလုပ်တွေ ကြိုးစားနေဦးမှာပဲ။ ရှင်တို့မအေးချမ်းချင်နေပေါ့။ ကျွန်မအေးချမ်းအောင်ကြိုးစားတော့မယ်။ ဒီစာနောက်ဆုံးရေးခြင်းပဲ” ဆိုပြီး သူမရဲ့ အတွင်းရေးတွေကို ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*