အနုပညာ မလုပ်ခင် ဆယ်ကျော်သက်အရွယ်မှာ အလှကြီး လှခဲ့စဉ် က ပုံလေးတွေ ထုတ်ပြ လိုက်တဲ့ ထက်ထက်မိုးဦး

ပရိတ်သတ်ကြီးရေအကယ်ဒမီမင်းသမီးထက်ထက်မိုးဦးကတော့ တစ်ခေတ်မှာ ထက်ထက်မိုးဦး ခေတ်ရယ်လို့ နာမည်တွင်ခဲ့ပြီး ကြော်ငြာဘုရင်မ လို့လည်း တင်စားခေါ်ဝေါ်ကြတဲ့အထိအောင်မြင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ အခိုင်အမာနေရာယူထားနိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် ပိုင်း ထူးချွန်တဲ့ သူမကတော့ အကယ်ဒမီဆုတွေကို ပိုင်ဆိုင်နိုင်တဲ့ အထိ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်။

ထက်ကအခုချိန်ကို နုပျိုလှပပြီး မရိုးသွားနိုင်တဲ့ အလှတရားတွေ ပြည့်နှက် နေဆဲဖြစ်ပါတယ် ။ အခုတော့ ထက်ထက်မိုးဦးက အနုပညာ လှုပ်ရှားမှုတွေကို ပုံမှန်လုပ်ကိုင်လာပြီး ဇာတ်ကားတွေရိုက်ကူးနေပြီ ဖြစ်ပါတယ်။

အချိန်အတော်ကြာအောင် အနုပညာလောကကနေ ပျောက်ကွယ်သွားခဲ့တဲ့ ထက်ထက်မိုးဦးက အခုတော့ပရိသတ်တွေရဲ့ရှေ့ကို ပြန်လည်ရောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ခုကာလမှာ မထက်က အနုပညာအလုပ်တွေ နားထားပေမယ့်လည်း Live လွှင့်ကာ စိန်ရွှေရတနာများကို ရောင်းချလျက် ရှိရာ ဝယ်ယူအားပေးကြသူတွေများပြားခဲ့တာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ဆယ်ကျော်သက်အရွယ် ပန်းလေးတစ်ပွင့်လို နုပျိုပြီး အလှကြီးလှခဲ့စဉ်က အမှတ်တရပုံလေးတွေကိုဖော်ပြခဲ့ရာ ချစ်စရာ ကောင်းလွန်းတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက် ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*