ဆပ်ပြာတစ်မျိုးတည်းကိုသာ အသုံးပြုပြီး အသားဖြူလာခဲ့တဲ့ အမျိုးသမီးတစ်ဦး

ဆပ်ပြာတစ်မျိုးတည်းကိုသာ အသုံးပြုပြီး အသားဖြူလာခဲ့တဲ့ အမျိုးသမီးတစ်ဦး

ခန္ဓာကိုယ်လေး ကြည့်ကောင်းနေပေမယ့် ဆံသားလေးက ကောင်းနေပေမယ့် မျက်နှာလေးက လှနေပေမယ့် အသားလေးက မဖြူနေဘူးရင် ဒါကိုအားနည်းချက်တစ်ခုလို့ သတ်မှတ်လေ့ရှိကြတာ မိန်းကလေးတိုင်းလိုလိုပါပဲ။ မိန်းကလေးတွေဟာ အသားဖြူချင်လွန်းလို့ ဈေးတအားကြီးတဲ့ အလှကုန်ပစ္စည်းတွေ အမျိုးစုံသုံးစွဲကြတဲ့အပြင် နောက်ဆုံးမှာ ခွဲစိတ်ကုသမှု ခံယူတဲ့အထိပါ အသားဖြူလာအောင် ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ဦးကတော့ န့စဉ်သုံးစွဲနေကြ ပစ္စည်းတစ်ခုတည်းကို အသုံးပြုပြီး ထင်မထားလောက်အောင် အသားဖြူသွားခဲ့ရတယ်လို့ သိရပါတယ်။

Cai Cortez ဆိုသူ အမျိုးသမီးဟာ ယခင်က အသားအရောင် အရမ်းညိုသူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် kojic ဆိုတဲ့ ဆပ်ပြာတစ်မျိုးကို အသုံးပြုပြီးနောက်ပိုင်းမှာတော့ Cai Cortez ရဲ့ အသားအရည်ဟာ အိမ်မက်ဆန်လောက်အောင် ဖြူဝင်းတောက်ပတဲ့ ပုံစံအဖြစ် ပြောင်းလဲပိုင်ဆိုင်သွားခဲ့ရပါတယ်။ ဒီလို ညိုမြကနေ ပုလဲဖြူလေးအသွင် ပြောင်းလဲသွားခဲ့တဲ့ Cai Cortez ရဲ့ ဖြစ်ရပ်ဟာ အင်တာနက်စာမျက်နှာများပေါ်မှာ အတော်လေးကို ရေပန်းစားသွားခဲ့ရပါတယ်။

ဒီလို နာမည်ကြီးလာတာနဲ့အမျှ ဝေဖန်တိုက်ခိုက်သူများကလည်း ဆပ်ပြာတစ်ခုကိုသုံးပြီး အသားဖြူလာတယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ကြောင်း ကန့်ကွက်ပြောဆိုပါတယ်။ Cai Cortez ကတော့ သူမဟာ လူတွေဝိုင်းသမုတ်နေကြသလို ပလတ်စတစ်ဆာဂျရီလုပ်ထားတာ လုံးဝမဟုတ်ပဲ Kojic ဆပ်ပြာကိုသာ နေ့စဉ်သုံးစွဲခဲ့တာကြောင့်ဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုထားပါတယ်။
Cai Cortez ရဲ့ လူမှုကွန်ယက်ထဲရှိ ဓါတ်ပုံတွေထဲမှ လွန်ခဲ့တဲ့တစ်နှစ်ကျော်နောက်ပိုင်းက ဓါတ်ပုံများမှာ Cai Cortez ရဲ့ အသားအရေဟာ ညိုမဲနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူမပြောဆိုထားတဲ့ ဆပ်ပြာတစ်မျိုးကို တစ်နှစ်ပတ်လုံး အသုံးပြုခဲ့ပြီးနောက်မှာတော့ အသားညိုမဲလွန်းလို့ Cai Cortez ကို လိုက်လိုက်စနောက်ခဲ့တဲ့ သူရဲ့ကျောင်းနေသူငယ်ချင်းများပါ အံသြမှင်သက်လောက်စေတဲ့အထိ ဖြူဝင်းချောမွတ်လာခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့် Cai Cortez လို အသားဖြူလာစေဖို့အတွက် မိန်းကလေးအများစုက အက်ဆစ်ဓါတ်ပါဝင်တဲ့ Kojic ဆပ်ပြာကို လိုက်လံသုံးစွဲခဲ့ပေမယ့် Cai Cortez လောက် အသားမဖြူလာခဲ့ဘူးလို့ သိရှိရပါတယ်ခင်ဗျာ။

ZawGyi

ဆပ္ျပာတစ္မ်ိဳးတည္းကုိသာ အသုံးျပဳၿပီး အသားျဖဴလာခဲ႔တဲ႔ အမ်ိဳးသမီးတစ္ဦး

ခႏၶာကုိယ္ေလး ၾကည့္ေကာင္းေနေပမယ့္ ဆံသားေလးက ေကာင္းေနေပမယ့္ မ်က္ႏွာေလးက လွေနေပမယ့္ အသားေလးက မျဖဴေနဘူးရင္ ဒါကုိအားနည္းခ်က္တစ္ခုလုိ႔ သတ္မွတ္ေလ့ရွိၾကတာ မိန္းကေလးတုိင္းလုိလုိပါပဲ။ မိန္းကေလးေတြဟာ အသားျဖဴခ်င္လြန္းလုိ႔ ေစ်းတအားႀကီးတဲ႔ အလွကုန္ပစၥည္းေတြ အမ်ိဳးစုံသုံးစြဲၾကတဲ႔အျပင္ ေနာက္ဆုံးမွာ ခြဲစိတ္ကုသမႈ ခံယူတဲ႔အထိပါ အသားျဖဴလာေအာင္ ႀကိဳးစားတတ္ၾကပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီးတစ္ဦးကေတာ့ န႔စဥ္သုံးစြဲေနၾက ပစၥည္းတစ္ခုတည္းကုိ အသုံးျပဳၿပီး ထင္မထားေလာက္ေအာင္ အသားျဖဴသြားခဲ႔ရတယ္လုိ႔ သိရပါတယ္။

Cai Cortez ဆုိသူ အမ်ိဳးသမီးဟာ ယခင္က အသားအေရာင္ အရမ္းညိဳသူတစ္ဦးျဖစ္ပါတယ္။ ဒါေပမယ့္ kojic ဆုိတဲ႔ ဆပ္ျပာတစ္မ်ိဳးကုိ အသုံးျပဳၿပီးေနာက္ပုိင္းမွာေတာ့ Cai Cortez ရဲ႕ အသားအရည္ဟာ အိမ္မက္ဆန္ေလာက္ေအာင္ ျဖဴဝင္းေတာက္ပတဲ႔ ပုံစံအျဖစ္ ေျပာင္းလဲပုိင္ဆုိင္သြားခဲ႔ရပါတယ္။ ဒီလုိ ညိဳျမကေန ပုလဲျဖဴေလးအသြင္ ေျပာင္းလဲသြားခဲ႔တဲ႔ Cai Cortez ရဲ႕ ျဖစ္ရပ္ဟာ အင္တာနက္စာမ်က္ႏွာမ်ားေပၚမွာ အေတာ္ေလးကုိ ေရပန္းစားသြားခဲ႔ရပါတယ္။

ဒီလုိ နာမည္ႀကီးလာတာနဲ႔အမွ် ေဝဖန္တုိက္ခုိက္သူမ်ားကလည္း ဆပ္ျပာတစ္ခုကုိသုံးၿပီး အသားျဖဴလာတယ္ဆုိတာ ဘယ္နည္းနဲ႔မွ မျဖစ္ႏုိင္ေၾကာင္း ကန္႔ကြက္ေျပာဆုိပါတယ္။ Cai Cortez ကေတာ့ သူမဟာ လူေတြဝုိင္းသမုတ္ေနၾကသလုိ ပလတ္စတစ္ဆာဂ်ရီလုပ္ထားတာ လုံးဝမဟုတ္ပဲ Kojic ဆပ္ျပာကုိသာ ေန႔စဥ္သုံးစြဲခဲ့တာေၾကာင့္ျဖစ္တယ္လုိ႔ တုန္႔ျပန္ေျပာဆုိထားပါတယ္။
Cai Cortez ရဲ႕ လူမႈကြန္ယက္ထဲရွိ ဓါတ္ပုံေတြထဲမွ လြန္ခဲ႔တဲ႔တစ္ႏွစ္ေက်ာ္ေနာက္ပုိင္းက ဓါတ္ပုံမ်ားမွာ Cai Cortez ရဲ႕ အသားအေရဟာ ညိဳမဲေနတာကုိ ေတြ႕ရွိရမွာျဖစ္ပါတယ္။ ဒါေပမယ့္ သူမေျပာဆုိထားတဲ႔ ဆပ္ျပာတစ္မ်ိဳးကုိ တစ္ႏွစ္ပတ္လုံး အသုံးျပဳခဲ႔ၿပီးေနာက္မွာေတာ့ အသားညိဳမဲလြန္းလုိ႔ Cai Cortez ကုိ လုိက္လုိက္စေနာက္ခဲ႔တဲ႔ သူရဲ႕ေက်ာင္းေနသူငယ္ခ်င္းမ်ားပါ အံၾသမွင္သက္ေလာက္ေစတဲ႔အထိ ျဖဴဝင္းေခ်ာမြတ္လာခဲ႔တာပဲျဖစ္ပါတယ္။

ဒါေၾကာင့္ Cai Cortez လုိ အသားျဖဴလာေစဖုိ႔အတြက္ မိန္းကေလးအမ်ားစုက အက္ဆစ္ဓါတ္ပါဝင္တဲ႔ Kojic ဆပ္ျပာကုိ လုိက္လံသုံးစြဲခဲ႔ေပမယ့္ Cai Cortez ေလာက္ အသားမျဖဴလာခဲ႔ဘူးလုိ႔ သိရွိရပါတယ္ခင္ဗ်ာ။

Be the first to comment

Leave a Reply

Your email address will not be published.


*