
လူတွေကဝိုင်းကြည့်နေတဲ့အချိန် မကျေနပ်ချက်ကို ဖော်ပြလိုက်တာလား၊ မင်္ဂလာပွဲကိုသဘောမတူဘဲ လုပ်လိုက်ရလို့လား၊ သတို့သားရဲ့တုံ့ပြန်မှုကကော ဘယ်လိုဖြစ်မှာလဲ။
ဘေးမှာ နှစ်ဖက်မိဘဆွေမျိုးတွေရှိနေတဲ့အချိန်မှာ သတို့သားနမ်းတာကိုခံပြီး သိသိသာသာရွံတဲ့အမူအရာနဲ့ ပါးစပ်ကိုသုတ်လိုက်တဲ့ သတို့သမီးရဲ့အပြုအမူကြောင့် အားလုံးအံ့သြသွားကြရပါတယ်။
သတို့သားရဲ့သူငယ်ချင်းတွေက ၀ိုင်းပြီး အကြင်နာပေးဖို့တောင်းဆိုတဲ့အချိန်မှာ သတို့သားနမ်းပြီးနောက် ဒီလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီအပြုအမူကို သတို့သားကိုယ်တိုင်ကမြင်ပေမယ့် သတိမထားမိသလိုဟန်ဆောင်ပြီး ပြုံးပြီး သတို့သမီးကိုဖက်ပြီး ဓာတ်ပုံတောင်ရိုက်လိုက်ပါသေးတယ်။
Leave a Reply