ကျွန်တော့်ရဲ့ချစ်ရပါသော အမေနဲ့ညီမလေးဖြစ်သူဟာ ရှေ့ဆင့်နောက်ဆင့်ဆယ်ရက်ပဲ ကွာတယ်တဲ့ဗျာ (ကိုဗစ်ဖြစ်ရပ်မှန် ဖြစ်ရပ်တခု)

မော်နီတာစက်ပေါ်ကအောက်စီဂျင်ရာခိုင်နှုန်းတွေ ၄၀-၅၀ ထိုးကျသွားတာမျိုး အရင်ကမမြင်ဘူးလို့ ဓါတ်ပုံရိုက်ထားလိုက်မိတာ။ ဒီ ဓါတ်ပုံက သူ့အတွက်နောက်ဆုံးမှတ်တမ်း ဖြစ်မယ်လို့ဘယ်ထင်မိမလဲ။ ကိုယ်ကတော့ပြန်တက်လာနိုးနဲ့ စောင့်နေတာ။ ဒါပေမယ့် ပြန်မတက်လာတော့

ပါဘူး။ အပြီးပျောက်သွားတော့တာ။ တချို့က ကိုဗစ်ကို တကယ်မရှိဘူးထင်ကြတယ်။ ကိုဗစ်ကို ကြောက်ရကောင်းမှန်း မသိတဲ့သူတွေရှိသလို လုံးဝ ဂရုမစိုက်သူတွေလည်းဒုနဲ့ဒေး။ တကယ်တော့ ကိုဗစ်က တော်တော်ရက်စက်ပါတယ်။ ထင်မှတ် မထားလောက်အောင်ကို ဆိုးဝါးပါတယ်။

ကာကွယ်ဆေး မပေါ်သေးသလိုအရှင်းပျောက်အောင် ကုသနိုင်တဲ့ဆေးလည်းမရှိသေးဘူး။ မနက်ခင်းမှာ ကောင်းကောင်းမွန်မွန် ရှိနေတဲ့သူက ညနေရောက်တော့အောက်စီဂျင်တွေ ထိုးကျပြီး ဘာမှကူမရနိုင်ဘဲ Expired ဖြစ်သွားတဲ့သူတွေ အများကြီးရှိတယ်။ သေဆုံးကြောင်း

လက်မှတ်ဆိုတာဂျူတီ အဝင်/အထွက် လက်မှတ်ထိုးနေသလိုရေးရတာ ပြီးတော့ လူနာအိမ်ကို အကြောင်းကြားပေးရတယ် (မလုပ်ချင်ဆုံး အလုပ်ပဲ)။ ဒါပေမယ့် ခနခနဆက်နေရတာပဲ။ ကိုယ်ဆက်ခဲ့တဲ့ ‌call တွေထဲကတခုဆိုရင်၊ မိသားစု ၃ ယောက်ရှိတယ်။ အမေရယ်၊ အကိုရယ်၊ ညီမရယ်။

လူနာရှင်အိမ်ကိုလူနာ ဆုံးသွားကြောင်း ဖုန်းဆက်တော့ အကို ဖြစ်သူဖုန်းကိုင်တယ်။ အကို ဖြစ်သူက အမေနဲ့အတူနေတယ်။ အမေက positive ဆိုတော့ သူလည်းကွာရန်တင်း ဝင်နေရတယ်။ ကိုယ်က သူ့ညီမအကြောင်းပြောပြတော့။ ”ဟုတ်လား ဆရာ”တဲ့ ပြီးတော့ဆက်ပြောတယ်”

ကျနော့် ညီမကအမေနဲ့ဆယ်ရက်ပဲကွာတာ” တဲ့၊ “အမေလည်း လွန်ခဲ့တဲ့ဆယ်ရက်ကပဲ ကိုဗစ်နဲ့ ဆုံးသွားတာ” လို့ ပြန်ဖြေတော့၊ ကိုယ် လည်း ဘာဆက်ပြောရမှန်း မသိ။ ဒါနဲ့ ကျနော်လည်း စိတ်မကောင်းပါဘူးအစချီလို့ပြောစရာရှိတာတွေခပ်မြန်မြန် ပဲပြောလိုက်တော့ တယ်။ လူဆိုတာသေမျိုးလို့

ပြောကြတယ်။ သေတာဘာဆန်းလို့လဲလို့ ပြန်မေးရင် ကိုဗစ်ဖြစ်လို့ သေရတာကဆန်းတယ်၊ ပြီးတော့တခြား အကြောင်းကြောင့်သေရတာတွေ နဲ့ အင်မတန် ကွာတယ်။ လူဆိုတာ မွေးလာတုန်းကလည်း တယောက်တည်းသေတော့လည်း တယောက်တည်း ဘာများထူးဆန်းလဲလို့

အထွန့်တက်ချင်တက်ပေါ့။ ကိုဗစ်နဲ့ သေရင်တော့ တကယ် တယောက်တည်းသေရတယ်။ ဆွေမျိုး အသိုင်းအဝိုင်းလည်း လာလို့မရဘူး။ ကုန်ကုန်ပြောရရင် နောက်ဆုံးအချိန်မှာ မိန်းမ/ယောက်င်္ကျား/သားသမီးမျက်နှာတောင်မြင်ခွင့်ရမှာ

မဟုတ်ဘူး။ တကယ်ကို တယောက်တည်းပဲ။ မသေခင်မှာလည်း အထီးကျန်ရသလို သေတော့လည်း တယောက်တည်း သွားရတာ။ဆိုတော့ မပေါ့ကြနဲ့ဗျို့။နောက်ကေ့စ်တွေလည်း အချိန်ရသလို ရေးပြဦးမယ်။ ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*