တစ်သက်လုံးသန့်ရှင်းရေးလုပ်ပြီး ရလာတဲ့ငွေတွေကို အကုန်လှူခဲ့တဲ့ လေးစားဖွယ် ဦးလေးကြီး

တစ်သက်လုံးသန့်ရှင်းရေးလုပ်ပြီး ရလာတဲ့ငွေတွေကို အကုန်လှူခဲ့တဲ့ လေးစားဖွယ် ဦးလေးကြီး

မရှိလို့ မလှူ မလှူလို့မရှိ တဲ့နော်။ဒါပေမဲ့လည်း ခုပြောပြမဲ့ ဦးလေးကြီးရဲ့ အလှူဟာ တကယ့်ကို ချီးကျူး သာဓုခေါ်ဖွယ်အလှူတစ်ခုပါ။မိမိကိုယ်တိုင်က ဆင်းရဲသူဖြစ်ပြီး တော့နေစရာအိမ်တောင်မရှိတဲ့ သန့်ရှင်းရေးသမားတစ်ဦး ဖြစ်ပေမယ့်လည်း သူလှူခဲ့တဲ့ ငွေတွေကတော့ တကယ့်ကို များပြားလှပါတယ်။ဒီလို ချီးကျူးလေးစားရမဲ့ အိမ်ရာမဲ့ ဦးလေးကြီးရဲ့ အလှူကိုတော့ ထိုင်းနိုင်ငံမှ အမျိုးသမီးတစ်ဦးက

လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့တာပါနော်။အဆိုပါဦးလေးကြီးက လမ်းတွေပေါ်မှာ သန့်ရှင်းရေးလုပ် ငွေရှာရသူဖြစ်ပြီးတော့ အိပ်တော့လည်း အိမ်မရှိလို့ Lob Puri က Seven Eleven ဆိုင်ရှေ့မှာပဲ အမြဲအိပ်လေ့ရှိတယ်လို့ဆိုပါတယ်နော်။သနားစရာကောင်းတဲ့ ဦးလေးကြီးကတော့ သူမကွယ်လွန်ခင်မှာ အမျိုးတွေကို ကိစ္စတစ်ခု လုပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။အဲတာကတော့ တစ်သက်လုံး သန့်ရှင်းရေးလုပ်ပြီး

စုဆောင်းထားတဲ့ ငွေအကြွေစေ့လေးတွေအကုန်လုံးကို ဘုန်းကြီးကျောင်းမှာ လှူပေးဖို့ တောင်းဆိုခဲ့တာပါတဲ့။အမျိုးတွေကလည်း လှူပေးခဲ့ပြီး ငွေပမာဏဘယ်လောက်ရှိမှန်းမသိရပေမဲ့လည်း အတော့်ကိုများတယ်လို့ ဆိုပါတယ်။ခုလို လူကိုယ်တိုင် မချမ်းသာပေမဲ့ ဆင်းရဲသူတစ်ယောက်ဖြစ်ပေမဲ့လည်း မသုံးရက်ဘဲ သန့်ရှင်းရေးလုပ်ပြီး တစ်သက်လုံးစုထားတဲ့ ငွေတွေကို လှူဒါန်းခဲ့တဲ့ ဦးလေးကြီးရဲ့ လုပ်ရပ်က

ချီးကျူးလေးစားဖွယ်ပါနော်။ဒါကြောင့် ကွယ်လွန်သွားတဲ့ ဦးလေးကြီးတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*