ရဟန်းဘောင်ကိုဝင်သွားပေမဲ့ ထောင်ကျနေတဲ့ဖခင်ကို နေ့တိုင်းဆွမ်းခံကျွေးနေတဲ့ ကိုရင်လေး

ထောင်ကျနေတဲ့ ဖခင်ကို နေ့တိုင်း ဆွမ်းခံရှာကျွေးတဲ့ ကိုရင်လေးရဲ့ ကြေကွဲဖွယ်မြင်ကွင်း …. မိခင်နို့ဖိုးဆိုတာ ဆပ်လို့မကုန်လို့ ဆိုကြသလို ဖခင်ချွေးဖိုးဆိုတာလည်း ဆပ်လို့ မနိုင်ပါဘူး….ဒီဖြစ်ရပ်လေးကတော့ အသက်ငယ်ရွယ်သူဖြစ်ပေမဲ့ မိမိရဲ့ ဖခင်အပေါ်မှာ ကျေးဇူးသိတတ်တဲ့ သားဖြစ်သူ ကိုရင်လေးရဲ့ ချီးကျူးလေးစားစရာဖြစ်ရပ်လေးပါပဲ….

ကြေကွဲဖို့လည်း ကောင်းလှပါတယ်…အဲတာကတော့ ထိုင်းနိုင်ငံက ကိုရင်လေးဟာ ထောင်ကျနေတဲ့ သူ့ရဲ့ ဖခင်ဖြစ်သူကို ဆွမ်းခံလို့ရတဲ့ ခဲဖွယ်ဘောဇဉ်တွေနဲ့ နေ့တိုင်းကျွေးမွေးနေတာပဲ ဖြစ်ပါတယ်….

ဘယ်နေရာရောက်ရောက် မိဘဟာ မိဘလို့ မြင်ပြီး ပြုစုစောင့်ရှောက်တဲ့ ကိုရင်လေးရဲ့ လုပ်ရပ်ဟာ အတုယူစရာဖြစ်သလို မြင်ရသူအဖို့လည်း ဝမ်းနည်းကြေကွဲစရာဖြစ်ခဲ့ရတာပါ…. ပရိသတ်ကြီးတို့လည်း မိမိတို့ရဲ့ မိဘတွေကို တတ်နိုင်သလောက်ပြုစုစောင့်ရှောက်ကြပါလို့ တိုက်တွန်းပါရစေနော်…

မိဘကျေးဇူးဆိုတာ ကြီးမားလှပါတယ်…ကိုရင်လေးနဲ့ ဖခင်ဖြစ်သူတို့လည်း အမြန်ဆုံးအတူတကွ ဆုံစည်းနေထိုင်ရပါစေလို့ ဆုတောင်းပေးခဲ့ကြပါအုံးနော်..

Be the first to comment

Leave a Reply

Your email address will not be published.


*