ဒီအချက်(၄)ချက်သိရုံနဲ့ သူသင့်အပေါ်ဖောက်ပြန်နေပြီလားဆိုတာ ခန့်မှန်းနိုင်ပြီ !

ဒီအချက်(၄)ချက်သိရုံနဲ့ သူသင့်အပေါ်ဖောက်ပြန်နေပြီလားဆိုတာ ခန့်မှန်းနိုင်ပြီ !


ယောကျ်ားတစ်ယောက် ဖောက်ပြန်ရင် တွေ့ရများဆုံးလက္ခဏာတွေကို Lipstick Investigations ရဲ့မန်နေဂျင်း ဒါရိုက်တာဒေးဗစ် ကင်းက ဖော်ပြထားပါတယ်။ သူက ဖောက်ပြန်ခံရဖူးတဲ့ မိန်းမတွေဆီ ကိုယ်ပိုင်စစ်ဆေးမှုပြုလုပ်ပြီး အားလုံးထဲမှ တူညီနေတဲ့အချက်တွေကို ဆွဲထုတ်ကောက်နုတ်ထားတာဖြစ်ပါတယ်။ ဒီအချက်တွေကို သိထားမယ်ဆိုရင် သင်အနေနဲ့သတိထားလို့ရအောင်၊အခြားလူတွေကိုပြန်လည်ဝေမျှလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

1 သင့်ယောကျ်ား (သို့) ချစ်သူဟာ ပုံမှန်ထက်ပိုပြီး သူ့ကိုယ်သူ ပြင်ဆင်နေပြီဆိုရင် ဥပမာ- ဆံပင်ဒီဇိုင်းအသစ်ပြောင်းတာ၊အကျီ ၤစတိုင်လ်အသစ်ပြောင်းတာ၊ ရေမွှေးတွေပိုစွတ်လာတာမျိုးပေါ့။ သူဟာ သင်နဲ့အတူကုန်ဆုံးအချိန်တွေကို ရှောင်ယ်လာရင် သင့်အပေါ် ဖောက်ပြန်ချင်နေတဲ့သဘောရှိပါတယ်။

2 သူ့ရဲ့ဖုန်း (သို့) ကွန်ပျုတာမှာ သင်မသိအောင် ကောင်းတဲ့အကြောင်းပြချက်ကြောင့် မဟုတ်ဘဲ လျှို့ဝှက်နံပါတ်တွေတောင်းထားခြင်း။ သူ့ရဲ့ဖုန်းအဝင်ကောလ်တွေ၊ မက်ဆေ့ချ်တွေဟာ ထူးခြားမှုမရှိဘဲ လျှို့ဝှက်နံပါတ်ထားတာကတော့ သူ့ရဲ့private space ထားတာမျိုးလည်းဖြစ်နိုင်ပါတယ်။

3 ဖောက်ပြန်သူတွေရဲ့နောက်ထပ် အကျင့်လက္ခဏာတစ်ခုက စိတ်ဆိုး ဒေါသထွက်တာပဲဖြစ်ပါတယ်။ ဖုန်းမြည်လာရင် ချက်ချင်းကောက်ထပြီး အခြားနေရာမှာစကားသွားပြောနေတာမျိုးတို့။ သင်မေးသမျှ မေးခွန်းတိုင်းကို (ရိုးရိုးမေးခွန်းလေးဖြစ်သည့်တိုင်) ဖြေရမှာ မွှန်းကြပ်နေပြီ စိတ်ဆိုး ဒေါသထွက်ပြခြင်းတို့ဟာ အဓိက လက္ခဏာတွေဖြစ်ပါတယ်။ မဖြစ်မနေမို့ ပြန်ဖြေပြီးတဲ့အခါမှာလည်း သူအပြင်မှာ လေကောင်းလေသန့်ရှုချင်လို့ဆိုပြီး ထွက်သွားပါလိမ့်မယ်။

4 နောက်ဆုံးတစ်ချက်ကတော့ သင်မပါဘဲ အခြားနေရာတွေကို သွားချင်လာတာမျိုးဖြစ်ပါတယ်။သင့်ကို သူငယ်ချင်းတွေနဲ့ သွားပြီး ဈေးဝယ်ထွက်ပါလား… မုန့်သွားစားပါလားလို့ အကြံပေးတာတွေကလည်း တစ်ဖက်မှာ သူလမ်းထွက်ချင်လို့ အကြောင်းရှာနေတာမျိုးဖြစ်တတ်ပါတယ်။ ဒီအဆင့်ဟာ စိုးရိမ်စရာအခြေအနေဖြစ်နေပါပြီ။

ZawGyi

ဒီအခ်က္(၄)ခ်က္သိ႐ံုနဲ႔ သူသင့္အေပၚေဖာက္ျပန္ေနျပီလားဆိုတာ ခန္႔မွန္းႏုိင္ျပီ !
ေယာက်္ားတစ္ေယာက္ ေဖာက္ျပန္ရင္ ေတြ႔ရမ်ားဆံုးလကၡဏာေတြကို Lipstick Investigations ရဲ႕မန္ေနဂ်င္း ဒါ႐ုိက္တာေဒးဗစ္ ကင္းက ေဖာ္ျပထားပါတယ္။ သူက ေဖာက္ျပန္ခံရဖူးတဲ့ မိန္းမေတြဆီ ကိုယ္ပုိင္စစ္ေဆးမႈျပဳလုပ္ျပီး အားလံုးထဲမွ တူညီေနတဲ့အခ်က္ေတြကို ဆဲြထုတ္ေကာက္ႏုတ္ထားတာျဖစ္ပါတယ္။ ဒီအခ်က္ေတြကို သိထားမယ္ဆိုရင္ သင္အေနနဲ႔သတိထားလို႔ရေအာင္၊အျခားလူေတြကိုျပန္လည္ေဝမွ်လုိ႔ရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

1 သင့္ေယာက်္ား (သို႔) ခ်စ္သူဟာ ပံုမွန္ထက္ပိုျပီး သူ႔ကိုယ္သူ ျပင္ဆင္ေနျပီဆိုရင္ ဥပမာ- ဆံပင္ဒီဇိုင္းအသစ္ေျပာင္းတာ၊အက်ီ ၤစတိုင္လ္အသစ္ေျပာင္းတာ၊ ေရေမႊးေတြပိုစြတ္လာတာမ်ဳိးေပါ့။ သူဟာ သင္နဲ႔အတူကုန္ဆံုးအခ်ိန္ေတြကို ေ႐ွာင္ယ္လာရင္ သင့္အေပၚ ေဖာက္ျပန္ခ်င္ေနတဲ့သေဘာ႐ွိပါတယ္။

2 သူ႔ရဲ႕ဖုန္း (သို႔) ကြန္ပ်ဳတာမွာ သင္မသိေအာင္ ေကာင္းတဲ့အေၾကာင္းျပခ်က္ေၾကာင့္ မဟုတ္ဘဲ လွ်ဳိ႕ဝွက္နံပါတ္ေတြေတာင္းထားျခင္း။ သူ႔ရဲ႕ဖုန္းအဝင္ေကာလ္ေတြ၊ မက္ေဆ့ခ်္ေတြဟာ ထူးျခားမႈမ႐ွိဘဲ လွ်ဳိ႕ဝွက္နံပါတ္ထားတာကေတာ့ သူ႔ရဲ႕private space ထားတာမ်ဳိးလည္းျဖစ္ႏုိင္ပါတယ္။

3 ေဖာက္ျပန္သူေတြရဲ႕ေနာက္ထပ္ အက်င့္လကၡဏာတစ္ခုက စိတ္ဆိုး ေဒါသထြက္တာပဲျဖစ္ပါတယ္။ ဖုန္းျမည္လာရင္ ခ်က္ခ်င္းေကာက္ထျပီး အျခားေနရာမွာစကားသြားေျပာေနတာမ်ဳိးတို႔။ သင္ေမးသမွ် ေမးခြန္းတိုင္းကို (႐ိုး႐ိုးေမးခြန္းေလးျဖစ္သည့္တုိင္) ေျဖရမွာ မႊန္းၾကပ္ေနျပီ စိတ္ဆိုး ေဒါသထြက္ျပျခင္းတုိ႔ဟာ အဓိက လကၡဏာေတြျဖစ္ပါတယ္။ မျဖစ္မေနမုိ႔ ျပန္ေျဖျပီးတဲ့အခါမွာလည္း သူအျပင္မွာ ေလေကာင္းေလသန္႔႐ႈခ်င္လို႔ဆိုျပီး ထြက္သြားပါလိမ့္မယ္။

4 ေနာက္ဆံုးတစ္ခ်က္ကေတာ့ သင္မပါဘဲ အျခားေနရာေတြကို သြားခ်င္လာတာမ်ဳိးျဖစ္ပါတယ္။သင့္ကို သူငယ္ခ်င္းေတြနဲ႔ သြားျပီး ေစ်းဝယ္ထြက္ပါလား… မုန္႔သြားစားပါလားလို႔ အၾကံေပးတာေတြကလည္း တစ္ဖက္မွာ သူလမ္းထြက္ခ်င္လို႔ အေၾကာင္း႐ွာေနတာမ်ဳိးျဖစ္တတ္ပါတယ္။ ဒီအဆင့္ဟာ စိုးရိမ္စရာအေျခအေနျဖစ္ေနပါျပီ။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*