ဆရာမတွေ ပေါက်ကွဲပြီလေ… မဲရုံမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာ/ဆရာမတွေရဲ့ ရင်တွင်းစကား

ဆရာမတွေ ပေါက်ကွဲပြီလေ…မဲရုံမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာ/ဆရာမတွေရဲ့ ရင်တွင်းစကား
………………………
မဲခိုးတယ် မဲလိမ်တယ် မတရားဘူးပြောနေတဲ့သူတွေကို အမုန်းစကားပြောပါရစေ။ကျွန်မတို့ဆရာ ဆရာမတွေ တာဝန်ဘယ်လိုထမ်းဆောင်ခဲ့ရတယ်ဆိုတာ ခင်ဗျားတို့ကိုရှင်းပြမနေတော့ဘူး။ခင်ဗျားတို့ရဲ့အကူကိုယ်စားလှယ်တွေ မိုးလင်းကနေ မဲရေပြီးတဲ့အထိ မဲရုံထဲမှာရှိတယ်။ သူတို့ကအလုပ်မလုပ်ဘဲ


မုန့်ထိုင်စားနေလို့ မမြင်တာလား။အတင်းပြောနေလို့မမြင်တာလား။ဖင်ပိတ်ပြီး မဲခိုးတယ် မတရားဘူးအော်နေရအောင်အကူ ကိုယ်စားလှယ်တွေကပါတီစုံ စောင့်ကြည့်အနေနဲ့မဲရုံထဲတရားဝင်နေခွင့်ပေးတယ်။ မဲရေတဲ့အချိန်ခိုင်လုံမဲ ပယ်မဲ သေချာပြတယ် တာလီချိုးတယ်။

ခင်ဗျားတို့ကိုယ်စားလှယ်တွေ အိပ်ငိုက်နေလို့မမြင်တာလား။ သူတို့လည်း စာရင်းထိုင်မှတ်နေတာတွေ့တာပဲ။တစ်နှစ်သုံးလေး မရေတွက်တတ်လို့လား။ကြိုတင်မဲတွေအတွက်လည်း မဲရုံမှာတာဝန်ကျတဲ့ဆရာဆရာမတွေနဲ့ မဲရုံအဖွဲ့ဝင်တွေ တစ်လမ်းဝင်တစ်လမ်းထွက် တစ်အိမ်တက် တစ်အိမ်ဆင်း နေပူမိုးရွာလိုက်ကောက်ထားတာ။ လိမ်လို့လည်းမရသလို ခိုးလို့လည်းမရဘူး။

မဲစာရင်းစာအုပ်ကလူဦးရေကမဲပေးပြီးတိုင်း လက်သန်းမှင်စွတ်ရတယ်။ နောက်တစ်ခါပြန်လာခွင့်မရှိဘူး ကြိုတင်မဲပေးပြီးတဲ့သူတွေကိုလည်း မဲစာရင်းစာအုပ်ထဲမှာမှင်နီတားပြီးသား။ ထပ်လာပေးခွင့်မရှိဘူး။မဲပေးတဲ့သူတွေ အရင်၂၀၁၅ထက်ပိုများတယ်။ ထမင်းစားချိန်တောင်မရဘူး။ မနက်စာဘာမှန်းမသိလိုက်ဘူး။၆ နာရီမထိုးခင်ကတည်းက ပြည်သူတွေတန်းစီစောင့်နေကြလို့။ အဲဒါလည်း ခင်ဗျားတို့အကြောင်းကိုသိလို့ကပ်ရောဂါကြားက မဲရုံထိရောက်အောင်လာပြီး မဲလာပေးကြတာ အားရစရာကြီး။

မတရားဘူး မတရားဘူးလို့အော်နေတာ မရှက်ဘူးလား။ မဲရုံမှာတာဝန်ထမ်းဆောင်တဲ့သူက လိမ်နေသလို မတရားလုပ်နေသလို ပြောနေတာ ခင်ဗျာတို့လိပ်ပြာသန့်သလား။ပြည်သူကိုနည်းနည်းမှ အားမနာဘူးလား။ မဲနဲ့မဆုံးဖြတ်ပဲ လမ်းပေါ်ထွက်လူခွဲမလား။ အိမ်တွေမှာထောင်ထားတဲ့အလံတွေနဲ့ ဆုံးဖြတ်မလား။ ခင်ဗျားတို့ ဒီထက်ပိုအရှက်ကွဲဦးမယ်။စိတ်တိုတယ်။

(ဆရာ/ဆရာမတွေကို မယုံတာမဟုတ်ဘူး UECနဲ့ဟိုပါတီကို မယုံတာ လို့ လာမလိမ်နဲ့။ ပုံစံ (၁၆နဲ့ ၁၆-က )ကကျွန်မတို့ လက်ထဲက ထွက်တာ။ ပြီးမှ UEC ဆီ ရောက်တာ။ အစမှအဆုံးတိုင် ကျွန်မတို့ခြေ ကျွန်မတို့လက်နဲ့ လုပ်ထားရတဲ့ လုပ်ငန်းကို မယုံတာ ကျွန်မတို့ကို မယုံတာလို့ စွပ်စွဲတာပဲ။ )
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*