ရုတ်တရက်ကြုံလာရတဲ့ကျန်းမာရေးပြဿနာတွေအတွက် လွယ်ကူရိုးရှင်းတဲ့ဆေးနည်းအထွေထွေ

ရုတ်တရက်ခေါင်းကိုက်တာလာတာမျိုး၊သွားကိုက်လာတာမျိုး၊လည်ချောင်းနာလာတာမျိုးစတဲ့ကျန်းမာရေးပြဿနာတွေကြုံလာရတဲ့အခါ ဆေးဝါးအလွယ်တကူမရနိုင်ရင် ဒီလိုနည်းလမ်းလေးတွေနဲ့ဖြေရှင်းလို့ရပါတယ်တဲ့။Brightside ဆောင်းပါးကနေ သင်ရုတ်တရက်တွေ့ကြုံလာရတဲ့နာကျင်မှုတွေကိုဖြေဖျောက်နိုင်ဖို့ နည်းလမ်းလေးတွေဖော်ပြပေးထားပါတယ်။ဘာတွေလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ပါဦး

*လည်ချောင်းနာလာရင် Dark Chocolate အနည်းငယ်စားလိုက်ပါ

သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ချောကလက်ဟာ အအေးမိတာတွေ၊လည်ချောင်းနာတာတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေတယ်လို့သိရပါတယ်။ဒါကြောင့်လည်ချောင်းနာဝေဒနာခံစားလာရတဲ့အခါ ချောကလက်အမည်းအနည်းငယ်စားကြည့်ပါ။

*ခေါင်းကိုက်ဝေဒနာခံစားလာရရင် ရေများများသောက်လိုက်ပါ

မကြာခဏခေါင်းကိုက်ဝေဒနာခံစားရတာာဟာ ရေဓာတ်ခြောက်သွေ့ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ဒါကြောင့် ခေါင်းကိုက်ဝေဒနာရုတ်တရက်ခံစားလာရရင်ရေများများသောက်ပေးသင့်ပါတယ်။ကျွမ်းကျင်သူတွေက ၂နာရီခြားတစ်ခါ ရေတစ်ဖန်ခွက်သောက်ဖို့အကြံပေးထားပါတယ်။

*နောက်ကျောဘက်နာကျင်လာတဲ့အခါ အကြောဆန့်ပါ

ခါးနာ၊ကျောနာဝေဒနာခံစားလာရတဲ့အခါ အကြောဆန့်လေ့ကျင့်ခန်း ၂မျိုးလောက်ကို ၁၀ခါစီလုပ်ပေးပါ။ဒါက ကြွက်သားနာကျင်မှုတွေကိုပြေပျောက်စေပါတယ်။ကျောရိုးကြွက်သားတွေဆီက နာကျင်မှုကိုလည်းလျှော့ချပေးပါတယ်။

*သွားကိုက်ဝေဒနာခံစားရတဲ့အခါ ငရုတ်ကောင်းအရွက်ဖျော်ရည်ကိုသုံးပါ

ငရုတ်ကောင်းအရွက်တွေကို စားပွဲတင်ဇွန်းတစ်ဇွန်းစာလောက်ရအောင် အခြောက်လှန်းပြီး အမှုန့်ချေပါ။ပြီးရင် ရေနွေးပူပူတစ်ခွက်ထဲကိုထည့်ပြီးမိနစ် ၂၀လောက်ထားပါ။အေးသွားတဲ့အခါ အဲ့ဒီရေနဲ့ ခံတွင်းကို ပလုတ်ကျင်းပါ။နာကျင်မှုဝေဒနာ သက်သာသွားပါလိမ့်မယ်။ငရုတ်ကောင်းအရွက်ဟာနာကျင်မှုကိုသက်သာစေသလို ခံတွင်းထဲက ဘတ်တီးရီးယားပိုးတွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်။

*အရိုးအဆစ်နာကျင်လာရင် ဆားခါးနဲ့ရေချိုးပါ

ခန္ဓာကိုယ်တစ်ခုလုံး ညောင်းညာကိုက်ခဲလာတယ်ဆိုရင်တော့ ဆားခါးနဲ့ ရေစိမ်ချိုးရင် သက်သာစေပါတယ်။၁၅မိနစ်လောက် ရေစိမ်ပေးမယ်ဆိုရင် နာကျင်မှုဝေဒနာလျော့ပါးသွားတာကိုခံစားရပါလိမ့်မယ်။ဆားခါးမှာ မဂ္ဂနီဆီယမ်ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးသလိုစိတ်ဖိစီးမှုတွေကိုပါပြေပျောက်စေတယ်လို့သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*