လူယုတ်မာတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ မိန်းကလေး ( အများသိအောင်ပြန်ရှယ်ပေးကြပါဦးဗျာ )

အဆိုပါပုံမှာ အွန်လိုင်းပေါ်အနှံ့အပြားမြင်တွေ့နေရပြီး လူတိုင်းလိုလိုသိနေသော ပုံဖြစ်ပါတယ်။ဖြစ်ပုံမှာ တင်ခဲ့သောမိန်းကလေးက ရိုးရိုးသားသားပဲ တင်ခဲ့တာပါ ဒါကို ကျောက်ဆည်မြို့နယ်၊ မြောက်ဦးရွာမှ လူယုတ်မာ မျိုးထက်ဇော်နှင့် သူငယ်ချင်းအပေါင်းအပါ တစ်သိုက်ကအဆိုပါပုံပိုင်ရှင် မိုးမြင့်ကြည်ရဲ့ပုံကို တင်၍ ပေါက်ကရယုတ်မာကာ မဟုတ်ပဲ တင်ခဲ့ပါတယ်လို့ ရွာသားတစ်ဦးကပြောပြပါတယ်။

အဆိုပါ မိုးထက်ဇော်နဲ့ သူ့ရဲ့ သူငယ်ချင်းများက မိုးမြင့်ကြည်ရဲ့ပုံနှင့် accကို ယူသုံးအတုပြုလုပ်ကာ ငွေညစ်တောင်းခြင်း၊

မဖွယ်မရာပုံများပြပြီး ခြိမ်းခြောက်ခြင်းနှင့်အတူ အဆိုပါ မိန်းကလေးပုံမှာ လူယုတ်မာတစ်သိုက်လုပ်ကြံထားကြောင်း သူတို့ကိုယ်တိုင် ဝန်ခံထားပါတယ်။ ဒါကြောင့် လိုင်းပေါ်ပုံတင်တော့မယ်ဆိုရင် ဘာကြောင့်တင်ရတာလဲ အခြေအနေအရ အချိန်အခါပေါ်မူတည်ပြီး တင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ဥပမာ ယခုလိုမျိုး ကြုံလာသည့်အခါဝယ် နစ်နာရမှာက ကာယကံရှင်မိန်းကလေးများ အလွန်ပင် ထိခိုက်မှာသေချာပါတယ်။ ကျန်တဲ့မျိုးထက်ဇော်တို့ အဖွဲ့ကလည်း ကိုယ့်မြန်မာလူမျိုးအချင်းချင်း ယခုလိုလုပ်တာ အင်မတန်မှ စက်စုပ်ဖွယ်ကောင်းလှပါတယ်။

ထို့အပြင် ၆၆ဃဥပဒေဖြင့်လဲ ထိရောက်စွာအရေးယူသင့်တာဖြစ်ပါတယ်။ ယခုလို ထိရောက်စွာအရေးမယူပါက နောက်ထပ်ဒီလို ငွေညစ်ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေ လုပ်သင့်နေပါပြီ။ထိုမိန်းကလေး၏ သတင်းဟာ အမှန်အကန်မဟုတ်ကြောင့် ပြုလုပ်သူများကိုယ်တိုင်

ဝန်ခံထားကြောင်း အများပြည်သများသိအောင် တင်ပေးလိုက်ပါတယ်။ ဒါကြောင့် ဒီ postလေးကို ရှယ်ပေးခြင်းဖြင့် ကူညီကြပါလို့ အကူအညီတောင်းပါရစေဗျ။ နောက်ထပ်ဒီလို အဖြစ်မျိုးတွေ မကြုံလာရအောင် ပုံတင်ရင်သတိထားကြပါလို့ ပြောလိုပါတယ်။ Crd

Be the first to comment

Leave a Reply

Your email address will not be published.


*