ထက်ထက်စျေးရောင်းသလို တစ်ထေရာတည်းတူအောင်ရောင်းပြထားလို့ နာမည်ကြီးပြီး ကြည့်ရှုသူသန်းနဲ့ချီရရှိနေတဲ့ သွန်းမြတ်ကြယ်စင်ရဲ့ဗီဒီယို

သမီးလေး သွန်းမြတ်ကြယ်စင်ကတော့ မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံး Miss လေးလို့တောင် ခေါ်ဆိုနိုင်တာ ဖြစ်ပါတယ် ။

သွန်းမြတ်ကြယ်စင်က “Mini Mister Myanmar & Mini Miss Myanmar “ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ရင်း “Little Miss Supranational Myanmar” သရဖူဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။ နောက်ပိုင်းမှာတော့ သွန်းမြတ်ကြယ်စင်က အနုပညာလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ် ။

အသယ်ငယ်ငယ်လေးနဲ့ အရမ်းစကားတတ်ပြီး လူကြီးလေးလိုပြုမူတတ်တဲ့ သွန်းမြတ်ကြယ်စင်ကို အားလုံးကလည်း ချစ်ခင်နေကြတာ ဖြစ်ပါတယ် ။ သွန်းမြတ်ကြယ်စင်ကတော့ ကြော်ငြာလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ် ။

အခုလည်း သွန်းမြတ်ကြယ်စင်က မင်းသမီးချောထက်ထက်မိုးဦးရဲ့ပုံစံအတိုင်း တစ်ထေရာတည်းတူအောင်လုပ်ပြလိုက်တာ ဖြစ်ပါတယ် ။

သွန်းမြတ်ကြယ်စင်က အန်တီထက်ကိုချစ်လို့ဆိုပြီး ထက်ထက်မိုးဦးစျေးရောင်းသလိုမျိုး ရောင်းပြလိုက်တာပဲ ဖြစ်ပါတယ် ။ အန်တီထက်ရဲ့အသံနောက်ခံလေးအတိုင်း အမူအရာတွေလုံးဝမလွဲအောင် သရုပ်ဆောင်ပြထားတဲ့ သွန်းမြတ်ကြယ်စင်ရဲ့

ဗီဒီယိုလေးက အခုဆိုရင် ကြည့်ရှုသူတွေသန်းနဲ့ချီအောင် ရရှိထားပြီ ဖြစ်ပါတယ် ။ ကဲ အရမ်းနာမည်ကြီးနေတဲ့ သွန်းမြတ်ကြယ်စင်ရဲ့Tik Tok Video လေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Be the first to comment

Leave a Reply

Your email address will not be published.


*