ယောင်္ကျားရကာစ ဆရာမလေးတယောက် မဲရုံတာဝန်ကျလေသော အခါ… (ငိုရမှာလား ရယ်ရမှာလား)

ယောင်္ကျားရကာစ ဆရာမလေးတယောက် မဲရုံတာဝန်ကျလေသော အခါ… (ငိုရမှာလား ရယ်ရမှာလား)

မဲရုံတာဝန်ကျတဲ့ ဆရာမလေးတစ်ယောက် မဲရုံတာဝန်တွေပြီးသွားတယ် ဆိုရင်ပဲ အိမ်ကယောက်ျားကို ဖုန်းတန်းဆက်ပြီး သက်ပြင်းအရှည်တွေကြီးတွေချကာ ချကာနဲ့ ဆိုင်ကယ်နောက်ကထိုင်ပြီး ပြန်သွားပါလေရော၊

ယောက်ျားဖြစ်သူက မိန်းမရေ ပင်ပန်းနေပြီလား၊ မိန်းမစားဖို့ ဘာဝယ်ထားဝယ်၊ ညာဝယ်ထားတယ်တွေ ပြောနေပေမယ့် ဆရာမလေးကတော့ ‘အင်း’ ‘အဲ’ ပဲ ပြောပြီး ယောက်ျားလုပ်သူကျောပြင်လေးကို မှီပြီး အိမ်ရောက်ရင် တန်းအိပ်ဖို့သာ စဉ်းစားနေတယ်၊ မနက်လေးနာရီလောက်ကတည်းက ပြင်ဆင်ရတာ ည ဆယ်နာရီထိဆိုတော့ မပင်ပန်းနေမလား၊ ဒါတောင် မြို့ပေါ်က ဆရာမ မလို့ပေါ့။

အိမ်လည်းရောက်ရော ယောက်ျားက မိန်းမရေ ခဏနားကွာ၊ ခေါက်ဆွဲကြော်ဝယ်ထားတယ်၊ အားဆေးလေးသောက်ဦး၊ နွား‌နို့လေးလည်း နွှေးထားတယ်၊ ရေချိုးဖို့ ရေနွေးနွေးလေးပါ လုပ်ပေးထားတယ်နော်၊ ယောက်ျားကလည်း ချစ်ဆို ညားတာကမှ တစ်လမပြည့်သေးဘူးလေ၊ ကြင်စဦးလေတွေပေါ့၊ ဒါပေမယ့် ဆရာမလေးဟာ ဘယ်လိုမှ ဟန်မဆောင်နိုင်အောင် ပင်ပမ်းနေတော့ ယောက်ျားရေ တော်တော်ကိုနွမ်းနေပြီ၊ မျက်လုံးတောင်မဖွင့်နိုင်တော့ဘူး၊ တော်တော်အိပ်ချင်နေပြီ၊

ယောက်ျားကလည်း သနားသွားပြီး uniform လေးတော့ ထ လဲပါဦး၊ ပြီးရင် အိပ်ပေါ့လို့ ပြောလိုက်တယ်၊ အဲ့ဒါနဲ့ မိန်းမလည်း အိပ်ပျော်သွားရော၊ ယောက်ျားက ပင်ပန်းပြီး အိပ်နေတဲ့ သူ့မိန်းမ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး နဖူးလေးကို နမ်းလိုက်၊ ပါးလေးကို နမ်းလိုက်နဲ့ သူ့မိန်းမလေးကို ကြည့်မဝဘူး ဖြစ်နေတယ်။

ည နှစ်နာရီထိုးပြီးကာစ မိန်းမက ထ ယောင်ပါလေရော ”ဦးတင်မောင်၊ ဦးတင်မောင်၊ ဦးတင်မောင် ” နှစ်စက္ကန့်ခြား တစ်ခါ ထ ထအော်တယ်။ ယောက်ျားက နိုးလာတယ်၊ စိတ်လည်း တိုနေတယ် မိန်းမကို ” ဘယ်ကောင့်ကို တ ပြီး ယောင်နေတာလဲ ” သေတော့မယ် နင်က တဲ့ မေးလိုက်ကာမှ ပိုဆိုးကုန်ရော ” ဦးကျော်ညွန့်၊ ဦးကျော်ညွန့်၊ ဦးကျော်ညွန့် ” တဲ့ နောက်တစ်ယောက်ကို ထပ်ယောင်ပြန်ရော

ယောက်ျားပိုစိတ်တိုသွားပြီး “$#&$#$မိန်းမ ဘယ်ကောင့်တွေကို တ‌ နေတာလဲ လို့ ” ဘေးအိမ်တွေပါ လန့်နိုးကုန်ကြတယ် မိန်းမကတော့ မနိုးဘူး ထပ်တောင် ယောင်လိုက်သေးတယ် “ဦးဖေတင်၊ ဦးဖေတင်၊ ဦးဖေတင် ” ယောက်ျားလည်း တင်းပြီလေ သူနမ်းခဲ့တဲ့ မျက်နှာရော နဖူးရော ဖူးယောင်ကုန်တယ် မိန်းမ ရှင်းပြတာ‌ကိုတောင် မစောင့်နိုင်ဘဲ ထိုးပစ်တာ မျက်နှာတစ်ခုလုံး ဘုသီးတွေချည်းပဲ။

တကယ်တော့ သူ့မဲရုံက ပါတီတစ်ခုက အပြတ်အသတ်အနိုင်ရပြီး မဲကြေငြာတဲ့အခါ အမတ်လောင်းတွေရဲ့ နာမည်ကို အခေါက်ငါးရာလောက် ရွတ်နေရတော့ စိတ်ထဲစွဲပြီး ယောင်တာ သေရောပဲ။ ကျန်တဲ့ ဆရာမတွေလည်း အိပ်ခါနီး သတိသာ ထားအိပ်ကြဗျို့။

Hein Hset Naing

Be the first to comment

Leave a Reply

Your email address will not be published.


*