ဦးဖိုးအေးတို့ မိသားစု သင်္ချိုင်းထဲ မှာ ပေါက်တဲ့ မျှစ်ကို ချိုးယူပြီး စားလိုက်မိကြသောအခါ.

*သင်္ချိုင်း ဆိုသည်မှာ*

လူတစ်ယောက်က မေးတယ်…

“ကိုဖိုးအေး ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွှံဘူးလား…?

ဖြေ။ ။”ဘာရွှံမလဲကွ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ ဘာရွှံစရာရှိလဲ။

သင်္ချိုင်းဆိုတာလဲ မြေကြီးပါပဲကွာ လူတွေသမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ ငါဆို ဒီသင်္ချိုင်းက ထွက်တဲ့မျှစ်တွေ စားလာတာ ကြာပါပြီ။

ကြည့်စမ်း ငါ့သားသမီးတွေ ဘယ်လောက်ချောလဲ။ ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။ဖျားနာနေတာ မင်းတို့မြင်ဘူးလာ။ဉာဏ်ရည်ဆိုတာလည်း ငါ့သားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။

ရွာကနေ ကျပ်ပြင်ကျောင်းသွားတတ်နေရတာ

မင်းတို့စဉ်းစားကြည့် မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သင်္ချိုင်းဝက လူသေလွှမ်းတဲ့အဝတ်တွေ ကောက်ယူတော်မူပြီး ပံ့သုကူသင်္ကန်းချုပ်ပြီး သုံးဆောင်တော်မူသေးတာ မင်းတို့ငါတို့လို ဘာမှမဟုတ်တဲ့အကောင်တွေက ရှောင်တယ်ဆိုတာ ရယ်စရာကြီးကွ။

ကျောင်းစကိုရှောင် မသာစကို “ဆောင်”ဆိုတဲ့အဆိုလည်းရှိသားပဲကွာ။ကျောင်ပစ္စည်းယူသုံးရင်သာ အပြစ်ရှိမယ် သင်္ချိုင်းပစ္စည်းယူသုံးရင် အပြစ်လုံးဝမရှိဘူးကွ။

ဘာလို့လဲဆိုတော့ သင်္ချိုင်းဆိုတာ လူတွေရဲ့စိတ်ထဲမှာ လုံးဝသံယောဇဉ်အတွယ်အတာမရှိပဲစွန့်ပစ်ထားတဲ့နယ်မြေ အဲ့ဒီနယ်မြေထဲက ပစ္စည်းမှာ ဘာအနှောင်အတွယ်မှ မရှိကြဘူး။

အဲ့ဒီစင်ကြယ်တဲ့ပစ္စည်းကို ငါသုံးတဲ့အခါ ငါလိပ်ပြာလုံတာပေါ့ကွာ။

ဘုန်းကြီးကျောင်းဝင်းထဲက ညောင်ချင်တစ်နပ်စာလောက် ခူးခဲ့ရင်တောင် ငါလိပ်ပြာလုံမှာမဟုတ်ဘူး။

ကျောင်းဆိုတာက သာသနာ့နယ်မြေသံဃာရဲ့ပစ္စည်းလေကွာ။

ယှဉ်ကြည့်ပေါ့။ကျောင်းပစ္စည်းဆိုတာ မစားတတ်ရင် သံသရာအဆိပ်ကွ။

သင်္ချိုင်းပစ္စည်းက သံသရာအဆိပ်ကင်းစေတယ်။ဒါ့ကြောင့်ငါအမြဲစားခဲ့တာပေါ့။သင်္ချိုင်းကမျှစ်လည်း မျှစ်ပါပဲ။

အပြင်က မျှစ်လည်း မျှစ်ပါပဲ။

အတူတူပါပဲကွာ။အေ သင်္ချိုင်းထဲက မျှစ်က စားမဖြစ်အောင် ခါးနေတယ် ပုတ်စော်နံနေတယ်ဆိုရင်တော့ ငါလဲဲ လူပဲကွာ ဘယ်စားမှာလဲ။

အလကားပါကွာ လူတွေကိုက အယူသီးနေတာပါ သင်္ချိုင်းတဲ့ မင်းတို့စဉ်းစားကြည့် သင်္ချိုင်းဆိုတာက ကြာကြာတစ်ခါ လူသေမှ မြှုတ်ကြတာ။မင်းတို့ငါတို့ရဲ့ ပါးစပ်တွေကိုကြည့်စမ်း။

ငါးပုပ်ရင် ဆားနဲ့နယ်ပြီး ငါးဆားနယ်ဆိုပြီး စားကြတယ်။

ကြက်သေ/ဝက်သေ/ဘဲသေ/ငါးသေ/နွားသေ/ဆိတ်သေတွေကွာ။စဉ်းစားကြည့်ကြ။အဲ့ဒါလည်း #အသုဘ တွေပဲကွာ။

ကြက်မသာ/ဝက်မသာ/နွားမသာ တွေပဲကွာ။ဒါတွေကြတော့ #အသုဘ လို့မမြင်ဘဲ #သုဘလို့ထင်ပြီး ချက်ပြုတ်ကြော်လှော်စားကြတယ်။

မင်းတို့ငါတို့ရဲ့ပါးစပ်သင်္ချိုင်းထဲကဘအဲ့ဒီလိုတိရိစ္ဆာန်အသေကောင်တွေ မနည်းမနောဝင်ပြီးပြီနော်

ဒါကြတော လောကနိယာမ ကောင်းမွန်တဲ့ အစားအစာလို့ သတ်မှတ်ကြတယ်။

သူလည်း ခန္ဓာငါးပါးအစုအဝေး အပုပ်ကောင်ပဲ မဟုတ်ဘူးလား။မသန့်တာက အဲ့ဒီပါးစပ်သင်္ချိုင်းပဲကွ။

ဒါတွေကြတော တဖြောင်းဖြောင်း ဝါးစားနေကြပြီး ငါသင်္ချိုင်းထဲက မျှစ်ချိုးစားတာကြတော အပြစ်မြင်ပြီး လူရာမသွင်းချင်သလိုလို ဘာလိုလိုနဲ့ လူတွေကွာ

#တရား အလွန်ဝေးတဲ့လူတွေပါလာ။

ကိုယ်ပြောမှ #အမှန်

ကိုယ်လုပ်မှ #အဟုတ်ထင်ကြတာလား။ လူဆိုတာ သေမျိုးကွ ဘယ်သူမှ ဒီသင်္ချိုင်းက ပြေးမလွတ်ဘူး။ မှတ်ထား။”

မိုးကုတ်ကျော်ကျော်စိုး

သေးခြင်းတရားနှင် သင်္ချိုင်း

Be the first to comment

Leave a Reply

Your email address will not be published.


*