ရွှေလက်စွပ်နဲ့ ရွှေဆွဲကြိုးတွေကို လမ်းမှာတွေ့တဲ့သူတွေဆီ ရက်ရက်ရောရော လိုက်လံလှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး (ရုပ်သံ)

ချစ်ပရိသတ်ကြီးရေ… မူလနာမည်ပျောက်ပြီး ပရဟိတမင်းသမီးလေးလို့ အများက ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့ မကြာခဏဆိုသလို အလှူအတန်းတွေကို လုပ်ကိုင်လေ့ရှိသူပါ။

သူမရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ထားလေးကြောင့်လည်း အများရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဆယ်လီတွေထဲမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်ထားနိုင်သူလည်း ဖြစ်ပါတယ်။

ယခုလို Covid ကာလမှာတောင် သူမက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရတာကိုလည်း တွေ့ရပါတယ်နော်။

အလှူမျိုးစုံကို လှူဒါန်းပေးလေ့ရှိတဲ့ ဖြူဖြူထွေးဟာ ယနေ့မှာတော့ ရွှေဆွဲကြိုးရွှေဆွဲသီး ရွှေလက်စွပ်တွေကိုပါ လိုက်လံလှူဒါန်းခဲ့တာပါ

ဖြူဖြူထွေးက သူမကို လှူဖို့ပေးလိုက်တဲ့ ရွှေဆွဲကြိုး၊ ရွှေဆွဲသီးနဲ့ ရွှေလက်စွပ်တွေအပြင် သူမကိုယ်တိုင် ပိုက်ဆံတွေကိုလည်း လမ်းမှာတွေ့တဲ့သူတွေဆီ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း အခုလိုပဲ တင်ဆက်ပေးလာခဲ့ပါတယ်။

ဖြူဖြူထွေးကတော့ ပရဟိတ မင်းသမီးဆိုတဲ့ နာမည်နဲ့လိုက်အောင် စေတနာကောင်းလွန်းလှတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး သာဓုခေါ်နိုင်စေဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်

1 Trackback / Pingback

  1. ရွှေလက်စွပ်နဲ့ ရွှေဆွဲကြိုးတွေကို လမ်းမှာတွေ့တဲ့သူတွေဆီ ရက်ရက်ရောရော လိုက်လံလှူဒါန်းခဲ့

Leave a Reply

Your email address will not be published.


*