Q စင်တာကနေ Negative နဲ့ ဆင်းလာပြီး (၅) ရက်ကြာမှ ကိုဗစ်လက္ခဏာတွေ ပြလာတဲ့အဖြစ်

“ကိုဗစ်ရဲ့ အသံတိတ်လူသတ်လက်နက်ကနေ ကျွန်မအဖေ အသက်လုလိုက်ရတာမို့ အားလုံးသတိထားဖို့ တင်ပေးတာပါ။”

(မဲကိစ္စ လည်းသတိမလွတ်ဘဲ စောင့်ကြည့်ရင်း ဒါလေးကို အားလုံးသေချာဖတ်ပေးဖို့ပါ။) ဒါလေးမြန်မြန်ရေးတာက ဖတ်ရင်ဖတ်မိသလောက် အသက်ကယ်နိုင်အောင်လို့ပါ။

ကျွန်မရဲ့ House Surgeon ဘဝမှာ Medicine သင်ကြားပေးတဲ့ အမ Prof Dr အေးအေးအောင် ရဲ့ သင်ပေးလိုက်တဲ့ စကားတစ်ခွန်းကြောင့် အဖေ့အသက်ရှင်ရတာပါ။ ကျေးဇူးပါအမ

အမသင်ပေးတာက “Test results ကိုမကုနဲ့လူနာရဲ့ခံစားရတဲ့လက္ခဏာကိုကု “တဲ့ ပြောချင်တဲ့အဓိပ္ပါယ်ကဆေးစစ်ချက်အဖြေတွေက ကောင်းနေလည်း လူနာက မသက်သာမခြင်းကုပါ ဆိုတာမျိုးပါ။ ဒီစကားလေးနဲ့ အဖေ့အသက်ကိုကူညီနိုင်တာပါ။

ကျွန်မအဖေဟာ Q မှာ Neg ထွက်လို့ Oct 30 မှာပြန်လာတာပါ။ ကျွန်မက ကုသမှုခံယူပြီးလို့ OCt 31 မှာပြန်ရောက်ပါတယ်။ အဖေနဲ့က အိမ်မှာ သပ်သပ်စီနေတာပါ။

NOV 5ရက်နေ့အရောက်မှာ အဖေ့ပုံစံက အသက်ရှုတာ တစ်မျိုးဖြစ်နေပါတယ်။ ဘာဖြစ်လဲမေးတော့ မောလို့နားနေတာလို့ပဲဖြေပါတယ်။

ခဏနေတော့သူသက်သာသွားပြီလို့ပြောပါတယ်။ အဲ့ဒီမှာ သူငယ်ချင်း Physician DrPhyo Thandar ခဏခဏသတိပေးနေတဲ့ Silent hypoxia ဖြစ်မှာစိုးလို့ SpO2 ကောက်တိုင်းလိုက်တဲ့အချိန်မှာ တကယ်ကို အောက်ဆီဂျင်ကျနေပါပြီ 89 အမြင့်ဆုံးမှ 93 ပါ ကျကျသွားပါတယ်။လူကနေလို့ရရင်တောင် အောက်ဆီဂျင်က လှုပ်တာနဲ့ကျကျသွားပါတယ်။

အဖေက လူကနေလို့ရတော့ ဆေးရုံမသွားချင်ပါဘူး။ ကျွန်မက ညတွင်းချင်း ဧရာစင်တာကိုဖုန်းဆက်တော့ မနက်လာစစ်ဖို့ ကူညီပေးပါတယ်။ အရမ်းကျေးဇူးတင်မိပါတယ်။(ကိုယ်က Positive လူနာဖြစ်ရင်း ဆရာတွေကို တတ်နိုင်တာလေးနည်းနည်းပဲကူညီနိုင်တာတောင် စင်တာက ကျွန်မကိုမှတ်မိပြီးကူပေးတာပါ) အရမ်းကျေးဇူးတင်ပါတယ်။

လိုတဲ့ဆေးထိုးပေးကာတစ်ညလုံး အောက်ဆီဂျင် ရှုခိုင်းထားပြီး ကိုယ်တိုင်လည်းမနက်အမေနိုးလာမှ အိပ်ပါတယ်။ Nov 6ရက်မနက် စင်တာမှာ ထပ်စစ်တော့ Neg ထပ်ထွက်ပါတယ်။ စင်တာက ဆရာတွေကVolunteer တွေအကုန်အရမ်းကူညီကြပါတယ်။

စစ်ပေးသူတွေရဲ့အမှားလုံးဝလုံးဝမဟုတ်ပါ။ စစ်ဆေးတဲ့ test တွေကို လှည်ဖျားနိုင်တဲ့ ကိုဗစ်ရဲ့ မာယာကြောင့်ပါ။ False Negative ဖြစ်တတ်တဲ့သဘောကြောင့်ပါ။ False Negative ဆိုတာ ရောဂါရှိတဲ့သူကို မရှိဘူး အဖြေထွက်တာကိုဆိုလိုတာပါ။

ကိုယ်တွေ ဆရာကြီး Patho Prof ကို inform တော့ ဆရာက လည်း မအားတာတောင်အကြံသေချာပေးပါတယ်။ အဲ့ဒါနဲ့ အမ မဇင် ခေါ် Juno Mayက အင်းစိန်ဆေးရုံက အမ SCS ကို ပြောပေးပြီး ဧရာစင်တာကနေ အင်းစိန်ဆေးရုံ အရေးပေါ်ကို တန်းသွားပါတယ်။ အမတို့ကိုကျေးဇူးအရမ်းတင်ပါတယ်။

ဆေးရုံအရေးပေါ်မှာ အဖေအပါအဝင် အောက်ဆီဂျင်ကျပြီးလာတဲ့လူနာတွေကို ချက်ချင်းအောက်ဆီဂျင်ပေးထားပြီး ဓာတ်မှန်ရိုက်ပြီး ထိုလူနာတွေကိုဆေးရုံကြပ်မတ်ဆောင်မှာ တစ်ခန်းထဲ ထားပြီးသေချာကုသပေးထားပါတယ်။ ဒီနေ့ ညနေပိုင်း အဖြေရမှ P ဖြစ်တာပါ။

အောက်ဆီဂျင်ရှုဆဲဖြစ်ပေမယ့် အခြေအနေက ၇၀ရာနှုန်းကောင်းသွားပါတယ်။အချိန်မီတဲ့အတွက်။ အဖေ့တို့ ၆ယောက်ဆံအခန်းထဲမှာ နောက်ကျရောက်လာလို့ အသက်မမီလိုက်တာ ဒီနေ့ပါဆို ၃ယောက်ရှိပါပြီ။ အဖေက အချိန်မီသိလို့ အသက်မီတာပါ။

ကျွန်မတို့မိသားစုဆိုရင် အကုန် Neg ထွက်ထားတာပါ။ LD ဖြေတာတောင် တစ်မိသားစုလုံးမထွက်ပါဘူး။ မဲပေးတာတောင် LD ဖြေကာစမို့ လူရှင်းတုန်း့ကြိုတင်မဲပေးဖို့တောင်းပေမယ့် LD က လည်းဖြေထား အဖေအပါအဝင် အားလုံးလိုလိုလည်းအကြိမ်ကြိမ် Negative မို့ အဖေနဲ့အမေကလွဲကျန်တဲ့သူ ကြိုတင်မဲမရပါဘူး။မဲဥပဒေကစည်းစနစ်ကျပါတယ်။ ကိုဗစ်ကသာမာယာများတာပါ။

အားလုံး ကိုဗစ်ရဲ့အသံတိတ်လူသတ်လက်နက်ဖြစ်တဲ့ Silent hypoxia ခေါ် ( တိတ်တဆိတ် အောက်ဆီဂျင်ကျတာကို) အထူးသတိထားကြပါ။

အဖေဖြစ်တာက Nov 5 ကိုယ်ဖြစ်တာက Oct 21 မှာ ဆိုတော့ ၁၆ရက်ကွာပါတယ်။ ကိုယ်ကလည်း ကုသရေးစင်တာမှာဆိုတော့ ကိုယ့်ဆီကလည်းဖြစ်နိုင်သလို Q ကကူးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် Qစင်တာမှာနေလျှင်လည်း တသီးတသန့် နေကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အောက်ဆီဂျင်ကျလာတာနဲ့ချက်ချင်း နီးစပ်ရာအစိုးရဆေးရုံကြီးတွေရဲ့အရေးပေါ်ဌာနကိုသွားပါ။ Negative ဖြစ်ထားလျှင်တောင်ယခုလိုပဲ ကုသပေးမှာဖြစ်ပြီးထပ်မံဆေးစစ်ကာ အချိန်မီ အသက်ကယ်နိုင်ခွင့်ရဖို့အခွင့်အလမ်းရမှာဖြစ်ပါတယ်။

အချိန်မီကူညီပေးသော ကိုမြင့်နိုင်တို့ Ambulance ကူညီမှုအဖွဲ့အားလည်းကျေးဇူးတင်ပါတယ်။ အောက်ဆီဂျင်လိုတာက အစ ကူညီပေးတဲ့ရပ်ကွက်က အနှေးယာဉ်ဆရာကြီးတွေနှင့်တကွရပ်ကွက်သူရပ်ကွက်သားတွေကိုလည်းကျေးဇူးတင်ပါတယ်။

ကိုယ်ကတော့ရောက်တဲ့နေရာတိုင်း အောက်ဆီဂျင်ရအောင်ရှာတာ။ ဧရာမှာ result စောင့်နေတုန်းလည်းရှာပြီးတပ်ပေးထားတယ်။ ဧရာမှ Prof ဆရာကြီး, Dr သင်းသီရိစိုး, Dr အောင်ချမ်းငြိမ်း test အဖြေစောင့်နေတုန်းကူညီပေးသူ ဆရာဝန်ဆရာမများနှင့်တကွ test စစ်ကူညီပေးသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

Myat Htoo

Be the first to comment

Leave a Reply

Your email address will not be published.


*