ဆန်ခိုးစားလို့ဆိုပြီး ကြွက်ကိုလူကြားထဲမှာ စာကပ်ပြီးအရှက်ခွဲတဲ့အဖြစ်အပျက်

ဒီအဖြစ်အပျက်ဟာ တရုတ်ပြည်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး စတိုးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ Lai Tiancai ဆိုတဲ့အမျိုးသားကနေ သူ့ဆိုင်မှာရှိတဲ့ ဆန်တွေပျောက်ဆုံးမှုအတွက် နောက်ဆုံးတရားခံရှာလိုက်တာကတော့ သနားစရာကြွက်တစ်ကောင်ပဲဖြစ်ပါတယ်။

တရုတ်မှာ လူသိရှင်ကြား ယခုလိုစာကပ်ပြီးအရှက်ခွဲတာဟာ သိပ်မထူးဆန်းတော့တဲ့အဖြစ်အပျက်တစ်ခုလိုဖြစ်ပြီးတော့ ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်းတိရစ္ဆာန်တစ်ကောင်ကို စာကပ်ပြီး အရှက်ခွဲတဲ့ပုံစံမျိုးလုပ်ခဲ့တာကြောင့် ထူးဆန်းလို့နေပါတယ်။

စာထဲမှာ ” ဒါနင်လုပ်တာအကုန်ပဲလား၊ ငါ့ကိုသေအောင်ရိုက်မယ်ဆိုရင်တောင် ဆန်ခိုးတာငါဝန်ခံမှာမဟုတ်ဘူး။ ” လို့ရေးထားပြီး၊ နောက်တစ်ပုံမှာတော့ ” ဒါမျိုးနောက်ထပ်မလုပ်တော့ပါဘူး ” လို့ရေးပါတယ်။ ဒီဓာတ်ပုံတွေ အင်တာနက်ပေါ် ပြန့်လာတဲ့အခါမှာ လူအများက ဟာသအနေနဲ့မြင်ကြပြီး အများစုက ကြွက်ဘက်ကနေပြီး သနားစာနာခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*