မာဆတ်မှာ အနှိပ်သမလေးရဲ့ အကြောမှားနှိပ်မှုကြောင့်အမျိုးသားတစ်ဦးသေဆုံး

မာဆတ်မှာ အနှိပ်သမလေးရဲ့ အကြောမှားနှိပ်မှု့ကြောင့် အမျိုးသားတစ်ဦးသေဆုံးယနေ့ခေတ်မှာ မာဆတ်၊ကေတီဗွီ ဆိုတာ လူတိုင်းကြားဖူးနားဝဖြစ်နေကြပါပီ။ မာဆတ်ဆိုတာ အညောင်းအညာ ပင်ပန်းနွမ်းနယ်မှုတွေ သက်သာစေဖို့အတွက် အနင်းအနှိပ်ခံကြတာဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ အညောင်းအညာပြေဖို့ထက် လိ

င်အသားပေး ပွတ်သတ်တာတွေကို ပိုမိုဦးစားပေးလာခဲ့ကြပါတယ်။ ဒီ့နရာတွေကို လုံးဝမကောင်းဘူးပြောမရသလို ကောင်းပါတယ် သွားသင့်ပါတယ်လို့လည်း ပြောမရပါ။ သွားတဲ့သူရဲ့ စိတ်နဲ့ နှိပ်နယ်ဝန်ဆောင်ပေးတဲ့သူတို့ရဲ့ အနေအထားပေါ်မှာပဲ ရာနှုန်းပြည့်မူတည်နေပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း ဟိုအရင့်အရင်ကတည်းက အငြင်းပွားခဲ့ကြတာ ဒီနေ့အထိပါပဲလေ။ ဘာပဲဖြစ်ဖြစ်ပါ အိမ်ကမိန်းမ သို့မဟုတ်

ကိုယ့်ချစ်သူမိန်းကလေးကတော့ ဒီလိုနေရာတွေသွားတယ်ဆိုရင် မကြိုက်တာတော့ အမှန်ပါပဲ။ ကျွန်တော်တို့ ကိုယ်ခန္ဓာမှာ အကြောပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပီး အဲဒီအကြောတွေထဲမှာမှ အရေးကြီးတဲ့အကြောတွေလည်းရှိပါတယ်။ မတို့မထိမဖိမနှိပ်သင့်တဲ့ အကြောတွေလည်းရှိမှာပေါ့ဗျာ။ အဲဒီအကြောတွကို နှိပ်မိရင် ဒုက္ခအနည်းနဲ့အများတော့ ရောက်ကြမှာပါ။ ဒါပေမယ့် အကြောမှားနှိပ်မိလို့ သေတယ်ဆိုတာတော့ အခုမှပဲ ကြားဖူးပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ မာဆတ်ရောက်ပီဆိုရင်တော့ ထူးထူးဆန်းဆန်းမနှိပ်ခိုင်းပဲ ရိုးရိုးလှေကြီးထိုးလေးသာ အနှိပ်ခိုင်းကြပါဗျာ။ သေနိုင်တဲ့အကြော ရှိမရှိ အကြောပါရဂူမဟုတ်ကြတဲ့အတွက် အနှိပ်သမတွေကတော့ ခိုင်းရင်နှိပ်ရမှာပါပဲ။ သူဆန်စားတော့ ရဲရပါတာပေါ့ဗျာ။

အခုခါ ထိုင်းနိုင်ငံမှာ အမျိုးသားတစ်ဦးဟာ မာဆက်ကို ဝင်ရောက်အနှိပ်ခံစဉ်မှာ အကြောမှာ နှိပ်မိပြီး ရုတ်တရက် အသက်ရှူရပ်တန့်ကာ သေဆုံးခဲ့ရကြောင်း သိရပါတယ်။ တစ်ချို့ကတော့ ဒီလို ဖြစ်ရခြင်းဟာ ဖြစ်ချိန်တန်လို့ ဖြစ်တာဖြစ်ပြီး၊ ဒီမတိုင်ခင်ကတည်းက အဲဒီအမျိုးသားဟာ ဒဏ်ရာရရှိထားသူလို့ ပြောနေကြပါတယ်။ သေဆုံးသူရဲ့ ညီ Tom က သူ့အစ်ဟာ မကြာခင်ရက်ပိုင်းက သူငယ်ချင်းတွေနဲ့အတူ အပျော်တမ်း ဘောလုံးကစားခဲ့ကြောင်း ဆိုပါတယ်။ အစ်ကိုဖြစ်သူ Sanook ဟာ ဘောလုံးကစားစဉ်မှာ ခြေကျင်းဝတ် အစစ်လည်ဒဏ်ရာ ရရှိခဲ့ပြီး ဒေါက်တာနဲ့ပြသခဲ့ပေမယ့် မသက်သာခဲ့ကြောင်း သိရပါတယ်။ ဒီလိုနဲ့ နောက်တစ်ပတ်လောက် အကြာ

မှာ ညီအစ်ကိုတွေ၊ သူငယ်ချင်းတွေ ရေပေါ်ဈေးပွဲ သွားခဲ့ကြပါတယ်။ အဲဒီဈေးပွဲမှာ Sanook ဟာ ခြေထောက်ဒဏ်ရာ အတော်မသက်မသာ ဖြစ်လာခဲ့လို့ နီးစပ်ရာမာဆက်တစ်ခုခုမှာ သွားရောက် အနှိပ်ခံဖို့ သူငယ်ချင်းတွေကို တိုင်ပင်ခဲ့ပါတယ်။ သူငယ်ချင်းတွေကလည်း သူ့ သဘောအတိုင်း လိုက်ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် ရောက်ြပီး ဆယ်မိနစ်အကြာမှာ Sanook တစ်ယောက် အသက် မရှူနိုင်မကယ်နိုင် ဖြစ်လာခဲ့ပါတယ်။ အရေးပေါ်သူနာပြုအဖွဲ့ကို ခေါ်ယူခဲ့ပေမယ့် သူနာပြုအဖွဲ့မရောက်ခင်မှာ အသက်သေဆုံးသွားပါတယ်။ ဆရာဝန်တွေကတော့ သူဟာ သွေးကြောပိတ်ပြီး သေဆုံးသွားခဲ့တာလို့ မှတ်ချက်ပြုခဲ့ပါတယ်။ Sanook ရဲ့ ဇနီးသ

ည်ကတော့ ဆိုင်ကိုလည်း တရားစွဲမှာမဟုတ်ကြောင်း၊ ဗုဒ္ဓတရားတော်အရ အကြောင်းရှိလို့ အကျိုးဖြစ်လာရတာမို့ သူမ တရားနဲ့ ဖြေနိုင်ပါတယ်လို့ ပြောပါတယ်။ မာဆက်ကလည်း သူမကို ထောက်ပံ့ကြေး (၄)သောင်း ထောက်ပံ့ကြေး ပေးခဲ့ပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ သိန်း(၂၀)လောက် ရခဲ့တာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*