( 28 ) နှစ်အရွယ် အပျိုမိန်းကလေးဟန်ဆောင်ပြီး ချစ်သူကောင်လေးထံ ငွေအမြောက်အများလိမ်စားခဲ့တဲ့ ( 42 ) နှစ်အရွယ်အမျိုးသမီး

ပေါက်ဖော်ကြီးတို့နိုင်ငံမှာ နေထိုင်တဲ့ အသက် 42 နှစ်အရွယ်အမျိုးသမီးဟာ ကိုယ့်ကိုယ်ကို 28နှစ်အရွယ် မိန်းကလေးဆိုပြီး ဟန်ဆောင်ကာ ချစ်သူကောင်လေးထံ ငွေ 6million ယွမ် လိမ်စားခဲ့ပါတယ်။

Ms Wang Jingjing အမည်ရှိတဲ့အဆိုပါအမျိုးသမီးဟာ အသက် 30 အရွယ် Mr Li Xiaoqing အမည်ရှိတဲ့ ချစ်သူကောင်လေးထံအား သူမရဲ့အလုပ်အကိုင် အောင်မြင်အောင် 2016 ခုနှစ်ကနေ 2017 ခုနှစ်အထိ ငွေကြေးအမြောက်အများ သူမထံပေးပို့ခိုင်းခဲ့ပါတယ်။

သူမကတော့ ရင်းနှီးမြုပ်နှံမှုအတွက် ငွေလိုအပ်လိုပါဆိုပြီး ခိုင်ခိုင်မာမာပြောဆိုခဲ့တာပါ။ နောက်ဆုံးမှ Mr Li ရဲ့အစ်ကိုဖြစ်သူက မိသားစုစီးပွားရေးလုပ်ငန်းမှာ ငွေပေါင်းမြောက်များစွာ ပျောက်ဆုံးနေကြောင်း ပြောဆိုခဲ့ချိန်မှာမှ Mr Li ကရိပ်မိသွားခဲ့ပြီး ရဲစခန်းသို့တိုင်ကြားခဲ့တာပါ။ အစပိုင်းမှာ ရဲအရာရှိတွေကလည်း ရှာဖွေစစ်ဆေးပေးဖို့ ခက်ခဲနေတဲ့အချိန်မှာ Ms Wang ဟာ မိတ်ကပ်ထူထူလိမ်းလေ့ရှိပြီး အတော်ဝတ်စားတတ်တဲ့သူဖြစ်ကြောင်း Mr Li ကပြောပြခဲ့ပါတယ်။

April 3 ရက်နေ့မှာမှ ရဲအရာရှိများက သူမကို Shenzhen မြို့ရဲ့ဆင်ခြေဖုံးရပ်ကွပ်ရှိ ငှါးရမ်းထားတဲ့တိုက်ခန်းငယ်လေးမှာ ဖမ်းဆီးမိခဲ့တာပါ။ စစတွေ့ချင်းမှာ ချစ်သူကောင်လေးတောင် သူမကိုမမှတ်မိခဲ့ပါဘူး။ ဆက်လက်စစ်ဆေးခဲ့ချိန်မှာမှ သူမဟာ1965 ခုနှစ် မွေးဖွားခဲ့သူမှန်း သိရှိခဲ့ရတာပါ။

Ms Wang က ပြီးခဲ့နှစ်က မက်ဆီကိုမှာ သူမလောင်းကစားပြုလုပ်ရင်း ငွေ 6 million ယွမ် ရှုံးခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတော့တယ်။ ထို့ကြောင့် ရဲအရာရှိများက အင်တာနက်အသုံးပြုသူများအနေဖြင့်

အွန်လိုင်းပေါ်မှာ ခင်မင်တဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို ယုံကြည်စွာငွေငှါးရမ်းမှုများ မပြုလုပ်ကြဖို့ သတိပေးခဲ့တဲ့အပြင်၊ လိမ်စားသူများအား တွေ့ဆုံကြုံ့ကြိုက်မိပါက ချက်ချင်းဆက်သွယ်တိုင်ကြားကြဖို့ သတိပေးပြောဆိုခဲ့ပါတယ်။ ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*