ကလေးငယ် ကို လက်ဝတ် ရတနာတွေ ဆင်ပြီး ဈေးခေါ် လည်ခဲ့လို့ ဒုက္ခရောက်ခဲ့ ရတဲ့ အဖြစ်

ကလေးငယ် ကို လက်ဝတ် ရတနာတွေ ဆင်ပြီး ဈေးခေါ် လည်ခဲ့လို့ ဒုက္ခရောက်ခဲ့ ရတဲ့ အဖြစ်အရွယ်ရောက်ပြီး သားသူတွေတောင် လက်ဝတ်ရတနာ ဝတ်မယ်ဆိုပြီး အမြဲသတိနှင့် ဝတ်ဆင်ပြီး သွားလာနေရတဲ့ခေတ်ကြီးမှာ ကလေးငယ်ကို လက်ဝတ်ရတနာတွေ ဆင်ပေးတာကတော့ အတော်လေးကို အန္တရာယ်များလွန်းလှပါတယ် ။ ယုတ်မာပြီးအရှောင်လိုချင်တဲ့ သူတွေကတော့ အမြဲတမ်း လိုလို အခွင့်အရေး ရဖို့ လိုက်ရှောင်းနေကြတာပါ ။

ဒီတစ်ခေါက် Facebook ပေါ်မှာဝေမျှထားခဲ့တဲ့အကြောင်းအရာတစ်ခုကတော့ မလေးရှားနိုင်ငံ ၊ Batu Kawan မြို့မှာကျင်းပပြုလုပ်တဲ့ open-air bazaar ဈေးအရောင်းပြပွဲမှာ ကလေးမလေးတစ်ယောက်ဟာ မိသားစုတွေနဲ့ဈေးလည်နေတုန်း အလစ်သုတ်သမားက သူမ ဝတ်ဆင်ထားတဲ့ဆွဲကြိုးကို ရုတ်တရက် ဆွဲယူလုယက်မှုဖြစ်ပွားခဲ့ပါတယ် ။

မိသားစု ဝင်တွေကတော့ ဈေးတစ်လျှောက် လှည့်လည်ကြည့်ရှုကြရင်း အနီးအနားမှာ ဖွင့်ထားတဲ့ သီချင်းအသံတွေကြောင့် အတော်လေးကို အာရုံ ထွေပြားနေခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း သီချင်းအသံခဏတိတ်သွားတဲ့အချိန်မှ သမီးလေး Anelia ၏ငိုကြွေးနေခဲ့တဲ့ အသံကိုသတိထားမိခဲ့ကြပါတယ် ။

ဘာလို့ငိုနေတာလဲဆိုပြီး မေးမြန်းလိုက်တဲ့အချိန်မှ ” သမီးရဲ့ဆွဲကြိုးကို ဖြုတ်ယူသွားတယ် ” ဆိုပြီးကလေးငယ်က ငိုရင်းပြန်လည်ဖြေကြားခဲ့ပါတယ် ။ မိသားစုဝင်တွေအကုန် အေးအေးလူလူလမ်းလျှောက်နေကြတုန်း Anelia ရဲ့ဆွဲကြိုးဆွဲဖြုတ်ခံခဲ့ရတာဖြစ်ပါတယ် ။ Anelia ၏လက်ကိုကိုင်ဆွဲထားခဲ့တဲ့ ဖခင်ဖြစ်သူက လုယက်သွားသူကိုရှာဖွေဖို့ လမ်းသွားလမ်းလာများကို အကူအညီတောင်းခံခဲ့ပေမဲ့လည်း ပတ်ဝန်ကျင်မှသီချင်းအသံတွေဟာ အတော်လေးကို ဆူညံလွန်းလှတဲ့အတွက် မည်သူမှမကြားခဲ့ကြပဲ အကူအညီမဲ့ဖြစ်နေခဲ့ကြပါတယ် ။

ဆွဲကြိုးကို အားထည့်ပြီးဆွဲဖြုတ်သွား ခဲ့တာဖြစ်တဲ့အတွက် Anelia ရဲ့လည်ပင်းအနားမှာ အနီရောင်အရာတွေ ကြွင်းကျန်ရစ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း လည်ပင်းမှာ သွေးထွက်လောက်တဲ့ အထိ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ခြင်းမျိုးမရှိပါဘူး ။အဆိုပါအဖြစ် အပျက်ဟာ Anelia ကို စိတ်ဒဏ်ရာရရှိစေသွားခဲ့ပြီး သူမ၏မိဘများကို လုယူသွားသူ၏ ပုံစံများကို ပြန်လည် ပြောပြနိုင်ခဲ့ပါတယ် ။ ” သူ သမီးရဲ့ဆွဲကြိုးခိုးသွားတယ် ။ သူ tudung (ခေါင်းချုံးသည့်ပိတ်စ) မဝတ်ထားဘူး ။ လူနှစ်ယောက်တောင်မှ ပြီးတော့သူကဝတယ် ဆံပင်လည်းရှည်တယ် ” ဆိုပြီးအကုန်ပြန်ပြောပြနိုင်ခဲ့ပါတယ် ။ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန်အတွက်လည်း တိုင်ကြားထားခဲ့ကြသည့်အပြင် Anelia ၏မိဘများက အခြားသောမိဘများလည်းသတိထားပြီးဆင်ခြင်နိုင်ရန်အတွက် အဆိုပါအဖြစ်အပျက်ကို ၎င်းတို့၏ Facebook တွင်ဝေမျှသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*