ကမ္ဘာကျော် ဂျပန်ဟွန်ဒါကုမ္ပဏီထက် ၇ နှစ်စောပြီး စက်ရုပ်တီထွင်နိုင်ခဲ့တဲ့ မြန်မာ့ပညာရှင် ဦးကြည်

၈၈ အရေးအခင်းကြီး မဖြစ်မှီ ၂နှစ်အလိုကနွေရာသီ တစ်ရက်ပေါ့။ ရန်ကုန် အင်းစိန်မှာရှိသော စက်မှု လက်မှု သိပ္ပံကျောင်း တစ်ဖြစ်လဲ Government Engineering School ကျောင်းကြီးရဲ့ တစ်နေရာမှာ လက်ထောက်ကထိက ဆရာတစ်ယောက် နဲ့တပည့်တစ်စု အလုပ်ရှုပ်နေပါတယ်။

ဂျပန်နိုင်ငံ ဟွန်ဒါ ကုမ္ပဏီက သူရဲ့ပထမဆုံး ရိုဘော့ P1 ကို ထုတ်လုပ်နိုင်ဖို့ ၇ နှစ်အလိုကာလက မြန်မာပြည် စက်မှု လက်မှုသိပ္ပံ ကျောင်းက ဆရာကြီး ဦးကြည် နဲ့တပည့်တစ်စုက ကားဆေးမှုတ်လုပ်ငန်းမှာ အသုံးပြုနိုင်မယ့် Robot စက်ရုပ် တစ်ခုကို အသည်းအသန် တီထွင် နေကြတာပါ။

မော်တော်ကား ဆေးမှုတ်တဲ့လုပ်ငန်းဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက်ကြောင့် စက်ရုပ်တွေနဲ့ အစားထိုးနိုင်ဖို့ ဆရာကြီးဦးကြည် တို့က ရည်ရွယ်ခဲ့ကြတာပါ။ ဆရာ တပည့်တစ်စုဟာ စက်မှုပစ္စည်း ရှားပါးလှတဲ့ မဆလခေတ်ကြီးထဲမှာ ရရာပစ္စည်းတွေ လိုက်စုပြီး တီထွင်ခဲ့ကြပါတယ်နော်။

ရည်ရွယ်သလိုလဲ ခြောက်လအကြာမှာဘဲ အောင်မြင်ခဲ့ပါတယ်နော်။ ၁၉၈၆ ခုနှစ် ပြည်ထောင်စုပြပွဲမှာ ဦးကြည်တို့ရဲ့ စက်ရုပ်ဟာ ကောင်းကောင်း အလုပ်လုပ်ပြနိုင်ခဲ့ပါတယ်နော်။ ဆရာကြီးဟာ လူရဲ့ အမိန့်စကားသံအတိုင်း နာခံတဲ့ စက်ရုပ် နဲ့ စကားပြန်လည် ပြောနိုင်တဲ့စက်ရုပ်တွေ တီထွင်ဖို့ ကြိုးစားခဲ့တဲ့အခါမှာ ဦးနေဝင်းရဲ့ မဆလအစိုးရထံက အကူအညီ တောင်းခံခဲ့တဲ့အခါ အစိုးရက ငြင်းခဲ့ပါတယ်။ ပထမဆုံးတီထွင်နိုင်တဲ့ ဆေးမှုတ် စက်ရုပ်ကိုတော့ ပြပွဲတွေမှာပဲ ပြသခွင့်ပြုခဲ့ပြီးတော့ နောက်ထပ် အများကြီးထုတ်လုပ်ခွင့်ကို အစိုးရက ခွင့်မပြုခဲ့ပါဘူးတဲ့။

ဒီလိုနဲ့၈၈ အရေးအခင်းကြီးဖြစ်။ စက်မှုကျောင်း တွေလည်း ပိတ်။ ဆရာကြီးကို ဂျပန် အပါအဝင် နိုင်ငံခြား ကုမ္ပဏီ တွေက သူတို့ဆီ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့်လည်း ဆရာကြီးကတော့ ကျောင်းဆရာအဖြစ်ပဲပြည်တွင်းမှာ နေထိုင်ခဲ့တာပါ။

ဆရာကြီး ပညာဆည်းပူးခဲ့တဲ့ အင်းစိန်က စက်မှုလက်မှု သိပ္ပံကျောင်းကြီးဟာ ဒီလို ချွန်တဲ့ ထက်တဲ့ မြန်မာကျောင်းသားတွေ၊ ပညာရှင်တွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီကျောင်းကြီးမှာ စင်ကာပူ၊ လာအို နဲ့ ကမ္ဘောဒီးယားက ကျောင်းသားတွေက ပညာလာသင်ယူခဲ့ကြပါတယ်။ စက်မှု လက်မှု သိပ္ပံကျောင်းကြီးရဲ့ ပုံစံ ၊ သင်ကြားမှု နည်းစနစ် နမူနာကို ယူပြီး စင်ကာပူနိုင်ငံက ကျောင်းတစ်ကျောင်း စတည်ထောင်ခဲ့ပါတယ်နော်။

ဒါပေမယ့်လည်း နှစ်ပေါင်းနှစ်ဆယ်နီးပါး ကြာလာတဲ့ အခါမှာတော့ သယံဇာတတွေ ပေါများပြီးတော့ ရွှေရောင်လွှမ်းတဲ့ မြန်မာပြည်ကြီးက ကျောင်းသားတွေဟာ စင်ကာပူက ပိုလီတက္ကနစ် ဆိုတာကြီးကို ငွေကြေးကုန်ကျခံပြီး သွားတက်နေရပါတော့တယ်။အသေးစိတ်ဖတ်ချင်ရင်တော့ ဆရာတင်နိုင်တိုး ရဲ့ ပုဂ္ဂိူလ်ထူးတို့၏ ဘဝတကွေ့ စာအုပ်မှာ ရှာဖတ်နိုင်ပါတယ်ဗျာ။ နိုင်ငံရေး တိုက်ခိုက်ရန် လုံးဝလုံးဝ မရည်ရွယ်ပါ ။ မသိသေးသူများ ဗဟုသုတ ရရန်နှင့် ဂုဏ်ယူနိုင်ရန်သာ ရည်ရွယ်၍ ဖော်ပြခြင်း ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*