မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ စိတ်ဓာတ်ကို အမေရိကန် ချီးကျူးလိုက်ပြီ

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီစိတ်ဓာတ်ကို အမေရိကန် ချီးကျူးလိုက်ပြီ

စိန်ခေါ်မှုအခက်ခဲကြားထဲက မဲပေးခဲ့ကြသည့် မြန်မာပြည်သူများကို အမေရိကန်ကချီးကျူးစကားယနေ့ညနေတွင် ဆိုခဲ့သည်။

မြန်မာနိုင်ငံအခြေစိုက်အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ ဌာနေညွှန်ကြားရေးမှူး အဲလာဂရပ်ဘ် နှင့်အတူ ရန်ကုန်မြို့အတွင်းက မဲရုံများကိုလည်ပတ်ကြည့်ရှုခဲ့သည့် အမေရိကန်သံရုံးယာယီတာဝန်ခံ ကွမ်ကတ်နိုက “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသက်ဝင်နေတာတွေ့ရတာ ကောင်းမွန်လှပါတယ်”ဟုပြောသည်။

ယင်းအပြင် “စိန်ခေါ်မှုအခက်ခဲတွေအများကြီးရှိနေပေမဲ့ မိတ်ဆွေတို့ရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို နောက်ထပ်ဆက်ပြီးတက်လှမ်းနေတဲ့မြန်မာပြည်သူတွေကိုချီးကျူးပါတယ်”ဟုပါ အမေရိကန်သံရုံးယာယီတာဝန်ခံ ကွမ်ကတ်နိုက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် ကိုဗစ်ကပ်ရောဂါကြားထဲမှ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*