ဦးကျော်ထူးကို စေတနာသန့်သန့်နဲ့ ဈေးကူရောင်းပေးရာက မထင်မှတ်ပဲ ပြန်ရလိုက်တဲ့အရာများကြောင့် ကျေးဇူးတင်ဝမ်းသာနေတဲ့ နှိုင်းယှဉ်မြင့်မိုရ်…

“ဦးကျော်ထူးကိုစေတနာသန့်သန့်နဲ့ ကူညီကာ Live လွှင့်ပြီးဆန်ရောင်းပေးခဲ့ပေမယ့် ပြန်ရလိုက်တဲ့ အရာတွေကအများကြီးမို့ ကျေးဇူးတင်စကားဆိုလိုက်တဲ့နှိုင်းယှဉ်မြင့်မိုရ်”

ပရိသတ်ကြီးရေ ဇာတ်ပို့ဇာတ်ရန်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ကောင်ကို ဟာသဖြစ်ဖြစ်အကြမ်းအရမ်းဖြစ်ဖြစ် မင်းသားမင်းသမီးတွေရဲ့ ဘေးကနေ ဝိုင်းဝန်းပံ့ပိုးပေးတတ်တဲ့ ဇာတ်ရံကောင်းတစ်ဦးလို့ဆိုရမှာပါ။

အခုလိုcovid ကာလမှာ အိမ်မှာပဲ Stay Homeနေနေကြရတာကြောင့် အနုပညာရှင်တော်တော်များများ ဟာဆိုရင်ရိုက်ကူးရေးတွေရပ်နားထားကြရတာပါ။ Stay Homeကာလမှာ နှိုင်းယှဉ်မြင့်မိုရ်ကတော့ Online ဈေးရောင်းတဲ့အလုပ်ကိုလုပ်ကိုင်နေခဲ့တာဖြစ်ပြီး အရမ်းကို ရောင်းကောင်းပြီး ရက်လွတ်တွေမရှိအောင် မအားမလပ်နဲ့ဖြစ်လောက်ထိပါပဲနော်။

ဒီနေ့မှာတော့ ” အဖေက ဆန်ရောင်းဖို့ live လွှင့်ပေးဖို့ အကူအညီတောင်းတော့ ဘာမှမပေးပါနဲ့ သမီး လာကူညီပေးမယ်လို့ ပြောခဲ့တယ် ဘာမှမမျှော်လင့်ပဲ စေတနာသန့်သနိ့နဲ့ကူညီပေးခဲ့ပေမယ့် ပြန်ရလိုက်တာက မနည်းမနောပါပဲ

ဘယ်အချိန်က ကားထဲ လာထည့်ပေးထားမှနိးမသိဘူး။ 67000 တန် ရှယ်ဆန် 3အိတ်/ဆီဗူးကြီး 6ဗူး/ကြက်ဥ 5ကဒ်/ကနိတော့ခြင်း တခြင်း/အိပ်ရာခင်း တစ်စုံ/လက်သနိ့ဆေးဗူး 10ဗူး/Body scrub၂ဗူး/ထီး 3ချောင်း/ငပိချက် 1ဗူး/Mask 1ဗူး/ခေါင်းစွပ်1ဗူး/ ပိုက်ဆံ 8သိနိး ဒါတောင်ကနိတော့ခြင်းက Black ပုလင်းကြီးပါနေတာဟာကိုဘင်းမသောက်ဘူးဆိုလို့

အစားခြင်းနဲ့ပြန်လဲပေးလိုက်တာ🙏🙏🙏အားနာလို့ နေစရာနေရာတောင်မရှိဘူး….ဖေဖေဦးကျော်ထူးရော ချစ်လေးရော လှိုင်ဝတီကျော် ဆန်ရောင်းဝယ်ရေးမိသားစုရော အရမ်းကျေးဇူးတင်ပါတယ်ရှင်🙏🙏🙏”ဆိုတဲ့စာလေးနဲ့ ဖော်ပြခဲ့တာပါ။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ZawGyi








Be the first to comment

Leave a Reply

Your email address will not be published.


*