ရွေးကောက်ပွဲနှင့် ကျတော်တို့ ရွာ (မဲထည့်သွားရတာလဲ အူနာချက်)

မဲထည့်သွားရတာလဲ အူနာချက်😂😂😂 မဲစာရွက်ကို အပြန့်လိုက်ကြီး ထည့်နေလို့  မဲရုံက ဦးလေးက ခေါက်ထည့် ခေါက်ထည့် လို့ပြောတာကို မဲထည့်တဲ့ ပုံးကိုသုံးလေးချက် ခေါက်ခေါက်ပြီးမဲထည့်နေသော အန်တီရယ်


အပေါက်မမြင်လို့ မဲပုံး အဖုံးကို အတင်းဆွဲခွာ ဖွင့်နေသော ဖွားဖွားရယ်

မဲရုံက ဘုန်းကြီးကျောင်းက ဓမ္မာရုံမှာ လုပ်တာဆိုတော့ ဖိနပ်ကို ဓမ္မာရုံအပြင်ဘတ်ချွတ်ခဲ့တာ မဲထည့်ပြီး ပြန်ထွက်လာတော့ ဖိနပ်ပျောက်လို့အော်ဆဲနေတဲ့ မိန်းမကြီးရယ်

ဘယ်တံဆိပ်နှိပ်ရမှန်းမသိလို့ဘေးကတယောက်ကို NlDအပုံက ဒီဟာမလားဆိုပြီး ဘေးကမဲထည့်နေသူကို လှမ်းပြနေသော
ဦးလေးကြီးရယ်

တမနက်လုံး ရပ်နေရပြီး သူများတွေကြားဖြတ်ဝင်လို့ အော်ဆဲရင်း ကြားဖြတ်ဝင်သူတယောက်နဲ့နပန်းလုံးနေသော မိန်းမကြီးရယ်

ထဘီအစိမ်းဝတ်လာလို့ ဟဲ့ ငါ့များ ပြည်ခိုင်ဖြိုးကထင်သွားမလားဆိုပြီး အိမ်ပြန်ပြီး ထဘီသွားလဲတဲ့ မမရယ်

မနက်အစောကြီးထ အိပ်ရေးပျတ်ခံပြီး ငါးရောင်းတောင်မသွားဘဲ အမေစုကို မဲလာပေးတါနော်အမေစုမနိုင်လို့ကတော့ မဲစစ်သူတွေအကုန်စပနဲ့လိုက်ပွတ်မှာဆိုပြီး အော်ပြောနေတဲ့ငါးရောင်းတဲ့ ဒေါ်တင်ဝင်းရယ်

တရွာလုံး အမေစုဘဲ ပေးကြတာဘဲကို ခိုးကြောင်ခိုးဝှက်ပေးနေရတယ် မဲစာရွက်တွေအကုန် အမေစုထဲ ထည့်လိုက်ပြီးရော ကလေးက နို့ဆာလို့ ငိုနေပြီလားမသိဘူး ငါလဲရပ်နေရတာ ညောင်းလာပြီ ဆိုတဲ့ ကလေးအမေ ရယ်

လက်သန်းထိပ်လေးတင် မှင်ထင်နေလို့တဲ့မှင်များ သူတို့ဖင်ထဲကထွက်တာမို့လို့လားမသိဘူး မှင်တောင် လာကပ်စေးတိုပြနေတာ  ငါလဲ တချောင်းလုံး နှစ်ထည့်လိုက်တယ် အေးရော အဲ့ကောင်မ ဘာတတ်နိုင်သေးလဲ ငါ့ကိုလာကြည့်နေတာ ပြောရဲပြောကြည့်လေ ဆရာမတွေ ဆရာထီးတွေ နားမလည်ဘူးပါးဆွဲချမှာဆိုတဲ့ အမကြီးတယောက်ရယ်

အမယ် ငါတို့ကို ရွာကလူတွေဆိုပြီး လှည့်စားထားတာသိလား ခွပ်ဒေါင်းအပုံက ပထမနှစ်ရွက်က အောက်ဆုံးမှာပေါ့အေ နောက်ဆုံအရွက်ကျ အလယ်မှာရောက်နေတာ ငါမျက်စိလျင်လို့တော်သေးတယ် အမလေး အဲ့ဒါသက်သက် ညစ်တာသိလား ဆိုတဲ့ ဒေါ်ကြီးရယ်

😂😂😂ကျနော်တို့ ရွာ😂😂ဒါတောင် ကိုယ်မြင်နေ ကြားနေရတာလေးတင်အူတတ်နေတာ တယောက်တပေါက်တွေပြောဆိုနေကြတာ ဆူညံနေတာဘဲ မပျင်းရဘူး😂😂

Credit ;

Be the first to comment

Leave a Reply

Your email address will not be published.


*