မဲလာပေးတဲ့ အသက် ၇၀ ကျော် အဘိုးအို (၁) ဦး ဦး‌နှောက်သွေးကြောပြတ်ပြီး ရုတ်တရက် လဲကျသေဆုံး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ချေကျေးရွာမှာ နိုဝင်ဘာ ၈ ရက်နေ့ မနက်က အထွေထွေရွေးကောက်ပွဲအတွက် မဲရုံကို မဲလာပေးတဲ့ အသက် ၇၀ ကျော်အရွယ် အဘိုးအို ၁ ဦး ရုတ်တရက်လဲကျသေဆုံးသွားခဲ့တယ်လို့ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဦးခင်ရီက ပြောပါတယ်။

“ရမ်းသစ်ချေကျေးရွာမှာ ဒီနေ့မနက် မဲရုံကို မဲလာပေးတဲ့ အသက် ၇၀ ကျော်လောက်ရှိပြီ။ မဲရုံကိုလာတဲ့အချိန်မှာ မူးလဲကျသွားတယ်၊ ပြီးရင်ဆုံးသွားတယ်လို့ သိရတယ်။ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတာပေါ့။ သူမှာက သွေးတိုးရှိတယ်လို့တော့ ပြောကြတယ်။ ဆုံးသွားတဲ့သူကတော့ အမျိုးသား ၁ ဦးပေါ့။”

အခုလို မဲလာပေးတဲ့သူ ၁ ဦး သေဆုံးသွားတဲ့သတင်းမှာ မှန်ကန်တယ်လို့ ရမ်းဗြဲမြို့နယ် ရွေးးကောက်ပွဲကော်မရှင်ခွဲရုံး ဥက္ကဋ္ဌ ဦးကျင်သောင်းက ပြောပါတယ်။

ကျနော်တို့ဆီကိုတော့ အဲဒီသတင်းက ရောက်မလာဘူး၊ အထွေထွေအုပ်ချုပ်ရေးရုံးဖက်ကို တော့ သတင်းရောက်တယ်။ ကျနော်တို့ ကော်မရှင်ဘက်ဆီကိုတော့ မဆက်သွယ်သေးဘူး၊ သတင်းအရတော့ မှန်တယ်လို့တော့ ပြောတယ်။”

ရမ်းဗြဲမြို့နယ်မှာ မဲပေးနိုင်သူဦးရေ ၈၀၆၅၈ ဦးနဲ့ မဲရုံပေါင်း ၁၇၆ ရုံရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*