Software Engineer အလုပ်ကို စွန့်လွှတ်ပြီး လဘက်ရည်ရောင်းနေတဲ့ အမျိုးသား

အခုနောက်ပိုင်းလောကကြီးမှာ လူတစ်ယောက်ရဲ့ သက်တမ်းက အင်မတန်တိုတောင်းလှပါတယ်။ ဒါ့ကြောင့် အကောင်းဆုံံံးက တစ်ခဏတာရတဲ့ လူ့ဘဝကြီးမှာ ကိုယ်လုပ်ချင်ရာလုပ်ပြီး ပျော်ပျော်နေတတ်ဖို့ပါပဲ။ လူဆိုတာ အဓိက ပျော်အောင်နေတတ်ဖို့ပဲ လိုတာပါ။
ဒါ့ကြောင့် အကောင်းဆုံးက ကိုယ်အသက်ရှင်ရတဲ့ အချိန်တစ်ခဏလေးအတွင်းမှာ ကိုယ်ကြိုက်တာတွေကိုလုပ်ရင်း ပျော်ပျော်နေတတ်ဖို့ပါပဲ။ အခုလည်း အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက်ဟာ လစာအင်မတန်ကောင်းတဲ့ Software Engineer ဘဝကနေ အလုပ်ထွက်ပြီး အဖျော်ဆရာလုပ်ကာ လက်ဖက်ရည်ရောင်းနေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

လူတော်တော်များများဟာ ဒီကိစ္စကို ရူးနှမ်းတဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်လို့ ထင်ကောင်းထင်နေကြပါလိမ့်မယ်။ အမှန်တစ်ကယ်တော့ လစာအများကြီးရပြီး ကိုယ်စိတ်မဝင်စားတဲ့ အလုပ်မှာ နှစ်ပေါင်းများစွာလုပ်နေတဲ့ လူတစ်ယောက်ရဲ့ နေရာကနေ ဘယ်သူမှဝင်ပြီး မခံစားနိုင်တာပါ။ အ
ဆိုပါအမျိုးသားရဲ့ နာမည်ကိုတော့ မသိသလို သူဘယ်နေရာမှာ လက်ဖက်ရည်ရောင်းနေတယ်ဆိုတာလည်း မသိကြပါဘူး။ အောက်က အဲဒီအမျိုးသားလက်ဖက်ရည်ရောင်းနေတဲ့ ပုံနဲ့ သူဆိုင်လက်တွန်းလှည်းလေးကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်ခဲ့တဲ့ လူကတော့ IAS(Indian Administrative Service) အရာရှိတစ်ဦးဖြစ်တဲ့ Awanish Sharan လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။၏

အဆိုပါ လက်တွန်းလှည်းလေးရဲ့ အရှေ့မှာ ရေးထားတဲ့ စာသားကတော့ “ကျွန်တော်ဟာ Software Engineer တစ်ယောက်ဖြစ်ပါတယ်။ ဒီအလုပ်ကို နောက်ဆုံးလုပ်ခဲ့တဲ့ ကုမ္ပဏီကတော့ Wipro ကုမ္ပဏီမှာပါ။ လစာကလည်း တော်တော်လေးများပါတယ်။ ဒါပေမယ့် ကျွန်တော် အလုပ်မှာ မပျော်တာတော်တော်လေးကြာပါပြီ။ ဒါ့ကြောင့် ကျွန်တော့်နေ့တိုင်းစဉ်းစားနေခဲ့တာ ဒီ Software Engineer အလုပ်မလုပ်ရင် ဘာအလုပ်လုပ်မလဲဆိုတာပါပဲ။ နောက်ဆုံးမှာ ကျွန်တော်စဉ်းစားခဲ့မိတာ လက်ဖက်ရည်ကောင်းကောင်းလေးတစ်ခွက် ဖန်တီးပေးနိုင်တဲ့ အဖျော်ဆရာတစ်ယောက် ဖြစ်ချင်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ကျွန်တော် လက်ဖက်ရည်အဖျော်ဆရာလုပ်ခဲ့ပါတယ်။ Software Engineer အဖျော်ဆရာပေါ့ဗျာ” လို့ ရေးထားတာပဲ ဖြစ်ပါတယ်။

https://twitter.com/AwanishSharan/status/1300104356595785728?

 

 

 

source:sm

Be the first to comment

Leave a Reply

Your email address will not be published.


*