သခင် အိပ်ပျော်ချိန်အထိ စောင့်ကြည့်တဲ့ ခွေးကလေး ရဲ့ နောက်မှသိရတဲ့ အဖြေမှန်

မကြာသေးခင်ကမှ တရုတ်နိုင်ငံမှာ ဖြစ်ပျက်သွားခဲ့တဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်လေးတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတစ်ဦဟာ Golden Retriever အမျိုးအစား ခွေးကလေးတစ်ကောင်ကို တိရစ ္ဆာန်ဂေဟာ ကနေ ခေါ်ယူမွေးစားခဲ့ပါတယ်။ ခွေးကလေးကို အမျိုးသားရဲ့ မိသားစုဝင်တွေကလည်း ချစ်ချစ်ခင်ခင် ရှိကြပေမဲ့ ခွေးကလေးမှာ ထူးခြားတဲ့အပြုအမူ တစ်ခု ရှိနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ ညဘက်ကျရင် ခွေးကလေးဟာ သူ့ကို ခေါ်ယူမွေးစားတဲ့ သခင် အိပ်မောကျသွားချိန် အထိ သခင်ရဲ့ အခန်းအပြင်ဘက် တစ်နေရာကနေ စောင့်ကြည့်နေခဲ့တာပါ။


ပထမတော့ သခင်ဟာ ခွေးကလေးအတွက် နေရာစိမ်းလို့ အသားမကျသေးတာ ဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့ ထူးခြားတဲ့ ဒီအလေ့အကျင့်ကြီးဟာ ညစဉ် ရက်စက်ဆိုသလို ဖြစ်လာချိန်မှာတော့ ပိုင်ရှင်ဟာ သံသယဖြစ်လာပြီး ခွေးကလေးမှာ နာမကျန်း တစ်ခုခု ဖြစ်နေပြီလား ဆိုတဲ့အတွေးနဲ့ တိရစ ္ဆာန်ကု ဆရာဝန်ဆီမှာ ခွေးကလေးကို သွားပြခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်ကလည်း ခွေးကလေးမှာ ဘာ မှားယွင်းမှုမှ မတွေ့ရဘဲ ပုံမှန်အခြေအနေပဲ ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ပိုင်ရှင် အမျိုးသားဟာ နားမလည်နိုင်အောင် ပဟေဠိဆန်တဲ့ ခွေးကလေးရဲ့ အပြုအမူကို သိနိုင်ဖို့ နောက်ဆုံးမှာတော့ သူ ခေါ်ယူလာခဲ့တဲ့ တိရစ ္ဆာန်ဂေဟာဆီ သွားပြန်မေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ခွေးကလေးရဲ့ ထူးခြားတဲ့အပြုအမူတွေကို လေ့လာအပြီးမှာတော့ တိရစ ္ဆာန်ဂေဟာက အလုပ်သမား တစ်ယောက်ရဲ့ ပြောစကားအရ ခွေးကလေးရဲ့ အရင်ပိုင်ရှင်ဟာ ညဘက် ခွေးကလေး အိပ်ပျော်နေချိန်မှာ ခွေးကလေးကို တိတ်တိတ်လေး ယူဆောက်လာပြီး တိရစ ္ဆာန်ဂေဟာမှာ လာစွန့်ပစ်သွားတယ် ဆိုတာကို သိလိုက်ရပါတယ်။ အရင်ပိုင်ရှင်ရဲ့ ဇနီးဟာ ကိုယ်ဝန် ရှိလာပြီမို့ ခွေးကလေးကို ဂရုမစိုက်နိုင်တော့တဲ့အတွက် ခွေးကလေးကို အခုလို စွန့်ပစ်ခဲ့တာပါ။ အဖြစ်မှန်ကို သိသွားချိန်မှာတော့ ခွေးပိုင်ရှင်အသစ်လည်း ဝမ်းနည်းပြီး မျက်ရည်ကျခဲ့ရသလို ခွေးကလေးကို နောက်ထပ် မခံစားရစေချင်တာကြောင့် နောက်ပိုင်းညတွေမှာ သူ့အနားကို ခေါ်သိပ်ခဲ့ပါတယ်။
ကိုယ့်ရဲ့ ပါပီလေးတွေကို စွန့်ပစ်တာ၊ သူများကို ပေးပစ်တာ၊ ဒါမှမဟုတ် တိရစ ္ဆာန်ဂေဟာဆီ ပို့ပစ်တာမျိုးတွေ ရှိလား။
ရှိခဲ့ဖူးပါတယ်။ တစ်ခါမှ အဲဒီလိုမျိုးတွေ မလုပ်ရက်ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*