တရုတ်နိုင်ငံမှာ တန် ၇၆၀၀ လေးတဲ့ (၅) ထပ်တိုက်ကြီးကို စက်ရုပ်ခြေထောက်တွေနဲ့ ရွှေ့ပြောင်းခဲ့

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ၈၅ နှစ် သက်တမ်းရှိတဲ့သမိုင်းဝင်စာသင်ကျောင်း အဆောက်အအုံကြီးတစ်ခုကို စက်ရုပ်ခြေ ထောက် ၁၉၈ ခုအသုံးပြုပြီး အင်ဂျင်နီ ယာတွေက အောင်မြင်စွာရွှေ့ပြောင်းပေး နိုင်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ အိုဟောင်းနေတဲ့အ ဆောက်အအုံတွေကို ရွှေ့ပြောင်းနေကျဆို ပေမယ့် Lagena မူလတန်းကျောင်းဟာ တန်ချိန် ၇၆၀၀ အလေးချိန်ရှိတဲ့အပြင် ထူးခြားတဲ့ပုံသဏ္ဌာန်ရှိတာကြောင့် အင် ဂျင်နီယာတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ် ခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ဟိုက်ဒ ရောလစ်ခြေထောက် ၁၉၈ ခုကိုအသုံးပြု ပြီး ကျောင်းကြီးကို ၁၈ ရက် ကျော်အတွင်း ၂၀၃ ပေအကွာအဝေးကို ရွှေ့ပြောင်းနိုင်ခဲ့ ပါတယ်။ ဒီလိုရွှေ့ပြောင်းမှုဟာ ကမ္ဘာပေါ် မှာ ပထမဆုံးမဟုတ်ပေမယ့် စက်ရုပ်ခြေ ထောက်တွေကိုအသုံးပြုတာကတော့ ပထမဆုံးဖြစ်ပါတယ်။ လူသားတွေရဲ့ခြေ ထောက်ကိုတုပထားတဲ့စက်ရုပ်ခြေ ထောက်တွေဟာ သမားရိုးကျရွှေ့ပြောင်း တဲ့နည်းစနစ်တွေထက် ပိုမိုကောင်းမွန်ပြီး ၂၀ ရာခိုင်နှုန်းအချိန်ကုန်သက်သာစေပါ တယ်။

ဒီခြေထောက်တွေကြောင့်လည်း အင်ဂျင်နီယာတွေဟာ အဆောက်အအုံ ကြီးကို ၂၀ ဒီဂရီလှည့်နိုင်ခဲ့ပါတယ်။ ၁၉၃၅ ခုနှစ်ကတည်ဆောက်ခဲ့တဲ့စာသင် ကျောင်းကို ကုန်သွယ်ရေးစင်တာသစ် တည်ဆောက်ဖို့ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါ တယ်။ အာဏာပိုင်တွေက စာသင်ကျောင်း ကိုဖြိုချမယ့်အစား သမိုင်းဝင်အဆောက် အအုံဖြစ်တာကြောင့် နေရာရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါ တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*