နားရွက်ပေါ်မှာ Selfie ဓာတ်ပုံလို ပုံရိပ်ပါလာလို့ နာမည်ကျော်နေတဲ့ ခွေးမလေးလူစီ

အသက် 8 လအရွယ်ကို ရောက်နေပြီဖြစ်တဲ့ ခွေးမလေး လူစီဟာ တစ်ခြားခွေးတွေနဲ့မတူတဲ့ ပုံစံရှိပါတယ်။ သူမရဲ့ နားရွက်ပေါ်မှာ အစက်အပျောက် အမှတ်အသားလေးတွေက သူမနဲ့ ဆင်တူတဲ့ Selfie ဓာတ်ပုံတစ်ပုံလို ထင်ရာနေပါတယ်။ ဂုတ်သားအထိ ကွက်ပြီး မည်းနက်နေတဲ့ အမှတ်အသားကြီးနဲ့ နားရွက်မှာပါတဲ့ ခွေးပုံလေး ပေါင်းစပ်လိုက်တဲ့အခါမှာ ထူးခြားတဲ့ ပုံရိပ်ကလေးကို ထင်ရှားစွာ တွေ့ရမှာပါ။

နားရွက်ပေါ်မှာပါတဲ့ ပုံရိပ်မှာ မျက်လုံးနှစ်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နွားရွက်ပုံစံ အမည်ကွက်ကလေးက ခွေးမလေး လူစီရဲ့ ပုံရိပ်ကို ပြန်ကြည့်နေရသလိုပါဘဲ။ ခွေးပိုင်ရှင်တွေ ဖြစ်တဲ့ Cassidy Troy နဲ့ Zach Johnson တို့က ဒီခွေးမလေးနဲ့ လမ်းလျှောက်ထွက်တဲ့ အခါတိုင်း လူတိုင်းက လူစီရဲ့နားရွက်ပေါ်က ပုံရိပ်လေးကို သတိထားမိပြီး မေးစမ်းကြတယ်လို့ ဆိုပါတယ်။

Troy နဲ့ Zach တို့ဟာ နယူးယောက်ခ်မှ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ အသက် 19 နှစ်အရွယ် Troy က ” လူစီရဲ့ နားရွက်လေးပေါ်မှာ ထူးခြားတဲ့ ပုံရိပ်ကလေး ပါလာတာကို တစ်ချို့က အံ့သြကြပါတယ် .. တစ်ချို့က အိမ်အထိ တကူးတက လာကြည့်ကြပါတယ် .. လူစီက အားလုံးကို ချစ်ခင်တတ်တဲ့ ခွေးမလေးပါ .. ရောက်လာသူတိုင်းကို ပတပ်ရပ်တက်ပြီး နမ်းဖို့ ကြိုးစားတော့တာပါဘဲ “လို့ ပြောပါတယ်။

လူစီကို နယူးယောက်ခ်မြို့ရှိ Lollypop Farm Animal Rescue Centre မှ Zach တို့ မောင်နှံက ဝယ်ယူမွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပထမတော့ ခွေးမလေးရဲ့ ထူးခြားမှုကို ချစ်သူနှစ်ဦးစလုံးက မရိပ်မိခဲ့ပါဘူး။ ဆိုင်ဝန်ထမ်းတစ်ဦးက အမှတ်မထင် သတိထားမိရင်းမှ သူတို့ကို တစ်ဆင့်ပြသ သိရှိစေခဲ့တာပါ။

အသက် 20 ရှိပြီဖြစ်တဲ့ Zach က ” သူ့ကို လူတိုင်းက ချစ်ကြပါတယ် .. သူတို့ နားရွက်ပေါ်က ခွေးပုံလေးကို မြင်တဲ့အခါတိုင်း ‘အို ဘုရားရေ … တကယ့်ကို ထူးဆန်းပါပေ့’ဆိုပြီး ဘုရားတရတော့တာပါဘဲ .. တစ်ချို့က ‘ထူးဆန်းတာကွာ .. ငါ ဒါမျိုး မြင်ကို မမြင်ဖူးပါဘူး’လို့ ပြောတဲ့သူတွေလည်း ရှိပါတယ် “လို့ ဖွင့်ဟပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*