သမီးမိန်းကလေးချည်း 7ယောက်မွေးလို့ မှောင်ခိုဈေးကနေ သားယောင်္ကျားလေးဝယ်ယူဖို့ကြိုးစားခဲ့တဲ့စုံတွဲရဲ့အဖြစ်

တရုတ်နိုင်ငံကစုံတွဲတစ်တွဲဟာ သမီးမိန်းကလေးချည်း 7ယောက်မွေးလို့ ၊ တကယ့်မိသားစုရဲ့မျိုးရိုးနာမည်နဲ့အမွေဆက်ခံနိုင်အောင် သားယောင်္ကျားလေးလိုချင်လွန်းလို့ လူမှောင်ခိုဈေးကွက်ကနေ သားယောင်္ကျားလေးဝယ်ယူဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ။

နို့စို့အရွယ်ကလေးငယ်ကို 92,000 yuan နဲ့ဝယ်ယူခဲ့ပေမဲ့လည်း ကလေးငယ်မှာအိမ်သို့မရောက်ရှိလာခင် အဆိုပါအရောင်းအဝယ်ကိစ္စကြောင့် ၎င်းတို့စုံတွဲဟာ ရဲအရာရှိတွေရဲ့ဖမ်းယူစစ်ဆေးခြင်းကိုခံခဲ့ရပါတယ် ။ ကလေးငယ်ကို လူမှောင်ခိုဈေးကွက်ကနေဝယ်ယူခဲ့တဲ့အပြင် ကလေးငယ်ရဲ့ဇာတိကတော့ တရုတ်နိုင်ငံအနောက်တောင်ဖက်ရှိ ယူနန်ပြည်နယ်မှဖြစ်ကြောင်းသိရှိရပါတယ် ။

Chen အမည်ရှိတဲ့ခင်ပွန်းဖြစ်သူပြောပြချက်အရ Wang အမည်ရှိတဲ့ပွဲစားတစ်ဦးစီကနေ မွေးစားခတန်ဖိုးအဖြစ် 92,000 yuan ပေးခဲ့ရကြောင်း နှင့် အဆိုပါပိုက်ဆံများကိုတော့ ပွဲစားဖြစ်သူက ကလေးငယ်ရဲ့မိဘတွေကို ကလေးငယ်ရဲ့အဖိုးအခအဖြစ် ပြန်ပေးရမှာဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါအဖြစ်အပျက်မှာ ပါဝင်သူ 8ဦးခန့်ရှိပြီး ပြစ်ဒဏ်ကိုတော့ချမှတ်ခြင်းမျိုးမရှိသေးဘဲ စစ်ဆေးနေဆဲဖြစ်ကြောင်းသိရှိရပါတယ် ။ မျိုးရိုးအမည် နှင့် အမွေဆက်ခံနိုင်ဖို့အတွက် တကယ့်စစ်မှန်တဲ့မိသားစုတစ်ခုမှာ သားယောင်္ကျားတစ်ဦးတော့ရှိရမယ်ဆိုတဲ့ တရုတ်တွေရဲ့ရိုးရာဓလေ့တွေကြောင့် ယခုလိုအဖြစ်မျိုးဖြစ်ပျက်ခဲ့ရတာဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*