
ချစ်ရသူနဲ့ခရီးတွေသွားပြီး အထင်ကရနေရာလေးတွေမှာ ဓာတ်ပုံရိုက်ရတာလောက် ပျော်ဖို့ကောင်းတာမျိုးမရှိပါဘူး။ ဒါပေမဲ့ ဒီလို ရိုမန့်တစ်ဆန်ဆန်ပုံလေးတွေလည်း ရိုက်ချင်တယ်၊ သင့်မှာကလည်း ချစ်သူမရှိခဲ့ဘူးဆိုရင်..
ဒီ influencer အမျိုးသမီးကတော့ အပေါ်ကပြဿနာကိုအခုလိုပဲဖြေရှင်းခဲ့ပါတယ်။ အရင်ဆုံး အမျိုးသမီးနဲ့မိတ်ဆက်ပေးပါရစေ။ သူမနာမည်ကတော့ Kristiana Kuqi ပါ။ Instagram မှာ follower ပေါင်း 12.7k နဲ့ ရပ်တည်နေသူတစ်ယောက်ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်တုန်းက Kristiana တစ်ယောက် ပဲရစ်ကိုစာသွားသင်ဖို့ ဖြစ်လာခဲ့တယ်။ သိကြတဲ့အတိုင်း ပဲရစ်ဆိုတာ ကမ္ဘာ့ရိုမန့်တစ်အဆန်ဆုံး ထိပ်တန်းမြို့တွေထဲ တစ်မြို့အပါအဝင်ပဲမဟုတ်လား။ ဒါကြောင့် သူမလည်းပဲ အီယ်မျှော်စင်ကြီးကိုနောက်ခံထားပြီး ချစ်သူနဲ့အနမ်းခြွေနေတဲ့ဓာတ်ပုံကို ရိုက်ချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်မိခဲ့ပါတယ်။ ဒါပေမဲ့လည်း Kristiana မှာ ရည်းစားရယ်လို့ မယ်မယ်ရရမရှိခဲ့တဲ့အချိန်ပေါ့။ မတတ်နိုင်တဲ့အဆုံး ကျောင်းပြီးလို့ပြန်ခါနီးမှာပဲ သူမအနားမှာရှိနေတဲ့အမျိုးသားတစ်ယောက်ကို အကျိုးအကြောင်းပြော၊ အကူအညီတောင်းကာ အနမ်းခြွေနေတဲ့ဓာတ်ပုံကို ရိုက်ခဲ့ပါတော့တယ်။
နောက် ရောမကိုသွားခဲ့တဲ့အချိန်တုန်းကလည်း ချစ်သူမရှိတဲ့ Kristiana ဟာ အထင်ကရနေရာကြီးရှေ့မှာ ခုမှတွေ့ဖူးတဲ့သူစိမ်းတစ်ယောက်ကို အကူအညီတောင်းကာ ပဲရစ်တုန်းကလိုပဲ အနမ်းခြွေကာ ရိုမန့်တစ်အဆန်ဆုံးဓာတ်ပုံတစ်ပုံကို အရရိုက်ကူးနိုင်ခဲ့ပါသေးတယ်။
ဒီအပြင် Kentucky မှာ သူငယ်ချင်းမင်္ဂလာဆောင်တက်တုန်းကလည်း မင်္ဂလာပွဲမှာ အတွဲကိုယ်ဆီနဲ့ ခပ်ရိုရိုဓာတ်ပုံတွေ ရိုက်နေခဲ့တဲ့အတွက် သူမကတော့ တစ်ယောက်တည်းအဖော်မဲ့ကာနေခဲ့တာပါ။ ဒါနဲ့ပဲ လမ်းမပေါ်မျာ မီးပွိုင့်မိနေတဲ့ မီးသတ်ယာဉ်ပေါ်ကအရာရှိတစ်ယောက်ကို အကူအညီတောင်းပြီး အခုပုံကိုလည်း ရိုက်ခဲ့တာဖြစ်ပါတယ်။
ဒီ ၃ ယောက်တည်းမှာ နမ်းလို့အကောင်းဆုံးကတော့ ရောမမှာနမ်းခဲ့တဲ့ အာဂျင်တီးနားအမျိုးသားပါတဲ့လေ။ ဓာတ်ပုံတွေကိုတော့ သူမရဲ့ Twitter account မှာ တင်ခဲ့ပြီး like ပေါင်း ၅ သိန်းနဲ့ ရပ်တည်လျက်ရှိနေပါတယ်။
Leave a Reply