
သမုဒ္ဒရာအောက် ၂.၄ မိုင်ကို ရေငုပ်သင်္ဘောဖြင့် သွားပြီး Titanic သင်္ဘောကို သွားရောက် ကြည့်ရှုနိုင်မည့် ခရီးစဉ်
ကနေဒါနိုင်ငံမှ ခရီးသွားကုမ္ပဏီ တစ်ခုသည် RMS Titanic ၏ အပျက်အစီးများကို ပုဂ္ဂလိက ရေငုပ်သင်္ဘောဖြင့် ရှစ်နာရီကြာ စူးစမ်းလေ့လာရန် ပထမဆုံးအကြိမ်အဖြစ် ကမ်းလှမ်းလိုက်သည်။ အကယ်၍ သွားရောက်လည်ပတ်လိုပါက ခရီးစဉ်အတွက် ပေါင်၉၆၀၀၀ကျော် ကုန်ကျမည်ဖြစ်သည်။
OceanGate Expeditions သည် ပြည်သူလူထုအား ပထမဆုံးအကြိမ်အဖြစ် တိုက်တန်းနစ်ကို ကြည့်ရှုရန် သမုဒ္ဒရာအောက် ၂.၄ မိုင်ကို ရေငုပ်သွားရောက် လည်ပတ်နိုင်မည့် အခွင့်အရေးကို ပေးလိုက်ခြင်း ဖြစ်သည်။ ၁၉၁၂ခုနှစ်တွင် တိုက်တန်းနစ် သင်္ဘောသည် သင်္ဘောသားနှင့် ခရီးသည် စုစုပေါင်း ၂,၅၀၀ တင်ဆောင်ပြီး ဆောက်သမ်တန်မှ နယူးယောက်သို့ ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်တွင် ရေခဲတောင်နှင့် တိုက်မိကာ နှစ်ပိုင်းကွဲပြီး နစ်မြုပ်ခဲ့သဖြင့် လူပေါင်း ၁၅၀၀ဝန်းကျင် သေဆုံးခဲ့သည်။
တိုက်တန်းနစ် “မနစ်မြုပ်နိုင်” ဟု အပေးထားသည့် White Star ဗြိတိလျှ ရေကြောင်းလိုင်း ခရီးသည်တင်သင်္ဘောသည် မြောက်အတ္တလန္တိတ်တွင် နစ်မြုပ်ပြီးနောက် ၁၉၉၇ တွင် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းက မင်းသား လီယိုနာဒိုဒီကတ်ပီရိုနှင့် မင်းသမီး ကိတ်ဝင်းစလက်တို့နှင့် တိုက်တန်းနစ်ကို ခရီးစဉ်ကို အခြေခံသည့် ဇာတ်ကား ရိုက်ကူးခဲ့ရာ ကမ္ဘာကျော်ခဲ့သည်။
ထိုစဉ်က ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်း၊ သိပ္ပံပညာရှင်နှင့် သုတေသီ အနည်းအကျဉ်းပါဝင်သော အဖွဲ့သည် တိုက်တန်းနစ် သင်္ဘောပျက်ကို ပထမ ဦး ဆုံး သွားရောက် စူစမ်းလေ့လာ ခဲ့ဖူးသည်ဟု The Telegraph သတင်းစာကဖော်ပြခဲ့သည်။ထိုစဉ်က ရေငုပ်သင်္ဘောဖြင့် ရှစ်ရက်ကြား သွားရောက် လေ့လာသည့် ခရီးစဉ်ကို ကနေဒါနိုင်ငံ နယူးဖောင်လန်မှ စတင်ထွက်ခွာခဲ့ပြီး လူ ၉ ဦး လိုက်ပါခဲ့ကြဖူးသည်။
ယခု ပုဂ္ဂလိကရေငုပ်သင်္ဘော ခရီးစဉ်သည် ရှစ်နာရီ ကြာမြင့်မည် ဖြစ်ပြီး တစ်ကြိမ်လျှင် လူ၅ဦးလိုက်ပါနိုင်မည်ကြောင်း သိရသည်။
Crd သုညဖြူ
Leave a Reply