
လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ်။ တစ်ချို့က ဆရာဝန်ဖြစ်ချင်တယ်..တစ်ချို့က အင်ဂျင်နီယာ၊ အဆိုတော်၊ ပန်းချီဆရာ၊ နိုင်ငံတော် သမ္မတ အစရှိသဖြင့်ပေါ့။ ဖိလစ်ပိုင် မိန်းကလေး Joy Fernandis ဟာ ငယ်စဉ်တည်းက လေယာဉ်မယ်ဖြစ်ချင်ခဲ့ပါတယ်။ ကြိုးစားခဲ့တဲ့အတွက် သူမအိပ်မက်တွေအကောင်ထည်ပေါ်လာခဲ့ပြီး ဆော်ဒီလေကြောင်းလိုင်းတစ်ခုမှ လေယာဉ်မယ်ဖြစ်ခွင့်ရခဲ့တယ်။
ကံမကောင်းချင်တော့ သူမငယ်ငယ်တည်းက သွေးကင်ဆာကိုခံစားနေရပြီး လေယာဉ်မယ်အလုပ်မှာပဲ ပျော်ရွှင်နေတာကြောင့် ထိုရောဂါကို မေ့မေ့ပျောက်ပျောက်ရှိနေခဲ့တယ်။ အချိန်မရွေးသေနိုင်တယ်ဆိုတာ သိနေတဲ့အတွက် သူမနောက်ဆုံးချိန်ထိတော့ ယူနီဖောင်းလေးဝတ်ဆင်ပေးဖို့ မိသားစုကိုတောင်းဆိုခဲ့ပါတယ်။
Joy ဟာ ပျော်ရွှင်သွက်လက်ပြီး လူအများနဲ့ ဆက်ဆံရေးဝင်ဆံ့အောင်လိုက်လျောညီထွေနေတတ်သူတစ်ဦးလည်းဖြစ်ပတယ်။ သူမအလုပ်ကိုဘယ်လောက် လေးစားလဲဆိုတာ သူမလုပ်ဖော်ကိုင်ဖက်တွေအသိဆုံးဖြစ်ပါတယ်။ ထိုသတင်းကိုကြားတော့ အားလုံးကစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
Leave a Reply