စိန်ဆိုင်မှာ ဈေးရောင်းပေးပြီး အပြန် အိတ်ထဲ တန်ဖိုးကြီးတဲ့ စိန်လက်စွပ်ကြီး ပါလာခဲ့ပေမယ့် ရိုးသားစွာဆိုင်ရှင်ကိုပြန်ပေးခဲ့တယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ ဇာတ်ပို့ဇာတ်ရန်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ကောင်ကို ဟာသဖြစ်ဖြစ်အကြမ်းအရမ်းဖြစ်ဖြစ် မင်းသားမင်းသမီးတွေရဲ့ ဘေးကနေ ဝိုင်းဝန်းပံ့ပိုးပေးတတ်တဲ့ ဇာတ်ရံကောင်းတစ်ဦးလို့ဆိုရမှာပါ။

အခုလိုcovid ကာလမှာ အိမ်မှာပဲ Stay Homeနေနေကြရတာကြောင့် အနုပညာရှင်တော်တော်များများ ဟာဆိုရင်ရိုက်ကူးရေးတွေရပ်နားထားကြရတာပါ။

Stay Homeကာလမှာ နှိုင်းယှဉ်မြင့်မိုရ်ကတော့ Online ဈေးရောင်းတဲ့အလုပ်ကိုလုပ်ကိုင်နေခဲ့တာဖြစ်ပြီး အရမ်းကို ရောင်းကောင်းပြီး ရက်လွတ်တွေမရှိအောင် မအားမလပ်နဲ့ဖြစ်လောက်ထိပါပဲနော်။

ဒီနေ့မှာတော့ ”မနေ့က စိန်ရောင်းနေရင်း လည်ပင်းနာလာတော့ အိတ်ကိုပေါင်ပေါ်တင်ပီး ငုံဆေးထုတ်စားတာဒီလက်စွပ်လေးက ဘယ်ကဘယ်လို အိတ်ထဲကျသွားမှနိးမသိဘူး အိမ်ပြနိရောက်ရင် အိတ်ထဲကပစ္စည်းတွေအမြဲထုတ် ဆေးဖြန်းနေတော့ လက်စွပ်လေးထွက်လာတယ်ဟယ်

ဆိုင်ကပါလာပါလားဆိုပီး အန်တီရေဆိုပီးဖုန်းဆက်အကျိုးအကြောင်းပြောပြတော့ သမီးရယ် အဲ့အသံလေးကို record တောင်သွင်းထားရအုံးမှာ ဆိုပီး ကျေးဇူးတင်ကြောင်းတွေတဖွဖွပြောတယ်လောကကြီးမှာ ကိုယ်ချင်းစာစိတ် ကအရေးကြီးတာပါသူ့နေရာမှာ ငါဆိုတဲ့စိတ်ဝင်တာနဲ့ အားလုံးအေးချမ်းသွားကြလိမ့်မယ်”ဆိုတဲ့စာလေးနဲ့ သူမရဲ့စိတ်ထားလေးကိုဖွင့်လှပ်ပြခဲ့တာပါ။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*