ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားခဲ့သော ဝူဟန်မြို့တွင် ဟော်လိုဝင်းပျော်ပွဲရွှင်ပွဲ ကျင်းပ

ကမ္ဘာတစ်ဝန်းကို ကိုရိုနာဗိုင်းရပ်စ်ကူး စက်ပျံ့နှံ့သွားခြင်းမရှိသေးမီ တရုတ်နိုင်ငံ အတွင်း ကူးစက်သေဆုံးမှုတွေအစပြုခဲ့တဲ့ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်ခဲ့ပြီးတဲ့နောက် အခုနှစ်ရဲ့ဟော် လိုဝင်းပါတီပွဲကို လူအများစုရုံးဆင်နွှဲ သွားခဲ့ကြတယ်လို့ သိရပါတယ်။ ဝူဟန် မြို့မှာ ကူးစက်မှုတွေရှိခဲ့ပြီး တစ်နှစ်တောင် မပြည့်သေးခင်မှာပဲ အခုလိုပျော်ပွဲရွှင်ပွဲ တွေပြန်လည်ကျင်းပလာနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဝူဟန်မြို့က Happy Valley Wuhan အပန်းဖြေကစားကွင်းမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဒီဟောလိုးဝင်းပါတီကို လူပေါင်းထောင်နဲ့ချီ ပါဝင်ဆင်နွှဲသွားခဲ့ ကြတာဖြစ်ပါတယ်။ ပွဲတော်ဆင်နွှဲသူတွေ ထဲမှာ ဟော်လိုဝင်းပွဲတော်အတွက် အ ထူးဝတ်စုံတွေနဲ့ ချောက်ချားဖွယ်ပြင်ဆင် လာခဲ့ကြတာကိုတွေ့ရပါတယ်။

အများစု က သွေးသံရဲရဲနဲ့ ဆေးထိုးအပ်တွေကိုင် ထားတဲ့ သူနာပြုပုံစံဆင်မြန်းပြင်ဆင်ထား သူတွေကို မြင်တွေ့ရပြီး လင်းနို့ဝတ်စုံဆင် မြန်းထားသူတွေ၊ ဖုတ်ကောင်အပြင်အ ဆင်တွေအပြင် ပင်လယ်ဓားပြပုံစံ၊ စူပါ ဟီးရိုးအပြင်အဆင်တွေနဲ့လည်း ရောက် လာကြတာကို တွေ့ရပါတယ်။ မကြာသေး ခင်လပိုင်းကတည်းက ဝူဟန်မြို့မှာ ပြည် တွင်းခရီးသွားတွေလည်ပတ်ဝင်ထွက်မှု ကို

 

ပြန်လည်ခွင့်ပြုထားခဲ့တာပါ။ ကမ္ဘာ့ နိုင်ငံအတော်များများမှာ ကပ်ရောဂါအခြေ အနေကြောင့် အခက်အခဲအကျပ်အတည်း တွေကြား ရုန်းကန်နေကြရဆဲဖြစ်သလို တရုတ်ပြည်မကြီးမှာလည်း ပြီးခဲ့တဲ့ရက် တွေထိ ကူးစက်သူတွေရှိနေဆဲဖြစ်ပါ တယ်။

ဥရောပနိုင်ငံတွေထဲမှာလည်း ပြင် သစ်နဲ့ ဂျာမနီနိုင်ငံတွေမှာ ကပ်ရောဂါ ဒုတိယလှိုင်းကို ရင်ဆိုင်နေရတာကြောင့် ကူးစက်မှုတွေထိန်းချုပ်နိုင်ဖို့လော့ခ် ဒေါင်းထပ်ကြေညာထားခဲ့ရပြီဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*