
ထိုင်းနိုင်ငံ တောင်ပိုင်း ယလားခရိုင် ဘန်းနားစတားမြို့နယ်က ” စီဝိလိုင်း ရွှေဆိုင် “ ပိုင်ရှင်ရဲ့သားဖြစ်သူ နိုင်ထီးလချိုင်း ခုန်ထောင်း ( သို့ ) ကျိကျိပီပိုး ဆိုသူရဲ့ ဒုလ္လဘရဟန်းခံပွဲကို ကြီးကျယ်ခမ်းနားတဲ့ အဆင်တန်ဆာတွေဆင်မြန်းပြီး ရှေးယခင် မဟာချက်ကရီမင်းဆက်
– ၅ ဆက်ခေတ်ကလို ဝတ်စားဆင်ယင်၍ ဝင်းခင်းကာ ၃ ရက်တိုင်တိုင် နာမည်ကြီးတေးသံရှင်တွေကို ငှါးကာကျင်းပခဲ့တာကြောင့် ထိုင်းလူမှုကွန်ယက်မှာ အကောင်းမြင်သူတွေနဲ့ ထိုးနှက်က်ချက်တွေ ခံခဲ့ရပါတယ် ။
သူဟာ ရုပ်ရှင်ဇာတ်ကားတစ်ခုလို သရုပ်ဆောင်ချက်တွေနဲ့အတူ ရဟန်းခံတာနဲ့ မတူဘဲ ထင်ပေါ်ကျော်ကြားမှုကို လိုချင်လို့ ဤသို့ပြုမူသည်ဟုဆိုကြပါသည် ။
ယခင်ကသူ၏ ရွှေဆိုင်မှ လက်ဝတ်ရတနာများကို လူမှုကွန်ယက်ကနေ Live လွှင့်ပြီးရောင်းချစဉ် ရောင်းတုန်းကတစ်မျိုး ဝယ်ယူအားပေးတဲ့အခါမှာ ၉၆.၅၀ ရာခိုင်နှုန်းသာရှိသဖြင့် Customer ၅၀၀၀ ခန့်က ဝိုင်းဝန်းတိုင်ကြားမှုကြောင့် အရေးယူခံခဲ့ရဖူးတယ်လို့ ဆိုကြပါတယ် ။
လူအများ အမြင်မှာတော့ သူဟာ ဘာသာရေးကို အကြောင်းပြပြီး ရှေးထုံးတမ်းအစဉ်အလာထက် ကျော်လွန်ပြီး Performance မျိုးစုံ ၊ ပကာသနမျိုးစုံနဲ့ သာသနာပြုတာဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရပါတယ် ။
အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Leave a Reply