ထိုင်းတွင် မြွေနဲ့လက်ထပ်ပြီး အတိတ်ဘဝက ချစ်သူ ဝင်စားသည့်ဟု ဆိုသူ သူအကြောင်း လူမှုမီဒီယာတွင် ပျံ့နှံ့

ထိုင်းတွင် မြွေနဲ့လက်ထပ်ပြီး အတိတ်ဘဝက ချစ်သူ ဝင်စားသည့်ဟု ဆိုသူ သူအကြောင်း လူမှုမီဒီယာတွင် ပျံ့နှံ့
………………………………….
လူသားများသည် တိရိစ္ဆာန်များအပေါ် တွယ်တာမှုအမျိုးမျိုးဖြင့် သူတို့ကို မွေးစားလေ့ရှိကြရာ အချို့သည် မြွေကိုပင် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြသည်လည်း ရှိသည်။

ထိုမျှမက မြွေနှင့် လက်ထပ်သူများလည်း ရှိသည်။ ယနေ့ခေတ် ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် ဖြစ်ရပ်တစ်ခုတွင် မြွေကို လက်ထပ်ခဲ့သူက မြွေသည် သူ၏ ချစ်သူဟောင်း ဖြစ်ခဲ့သည်ဟု ဆိုသည်။

ထိုင်နိုင်ငံမှ အမျိုးသားတစ်ဦးသည် လွန်ခဲ့သော ငါးနှစ်က သူ၏ ချစ်သူသည် အသတ်ခံခဲ့ရပြီးနောက် ၁၀ပေရှည်သော အဆိပ်ပြင်းသည့် မြွေဟောက် တစ်ကောင်ဘဝဖြင့် သူထံ ပြန်လာခဲ့သည်ဟု ဆိုသည်။


ထို့နောက်သူက မြွေကို မွေးစားခဲ့ချိန်တွင် လူတော်တော်များများက သူ့ကို သတိပေးတား မြစ်သည်ကို လက်မခံသည့်အပြင် သူ့ရည်စားကို အရမ်းချစ်ကြောင်း လက်မလွှတ်နိုင်ကြောင်း ပြောကာ မြွေနှင့် လက်ထပ်ခဲ့သည်။

အံ့သြစရာကောင်းသည်က ထိုလူသည် မြွေကို အိမ်၌ သူ၏ ဇနီးသည်လို ထိန်းထားသည်။ လက်ထပ်ပြီးသည်နောက် သူကမြွေနှင့် အတူစားသည် သာမက မြွေနှင့်အတူ ပျော်ပွဲစားပင် ထွက်သွားတတ်သေးသည်။

မြွေကလည်း ထိုလူငယ်နှင့် သင့်မြတ်စွာ နေထိုင်ပြီး လူငယ်ကို မည့်သည့် အခါက ထိခိုက်အောင် မလုပ်ဟု သိရသည်။
ထိုသူ၏ သူငယ်ချင်းက မြွေနှင့် လက်ထပ်ထားသူ၏ စုံတွဲဓာတ်ပုံများကို လူမှုမီဒီယာတွင် မျှဝေခဲ့ပြီးနောက် လူတော်တော်များများ အံ့အားသင့်ခဲ့ကြသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*