သေဆုံးသွားတဲ့ချစ်သူကို မစွန့်လွှတ်နိုင်ပဲ စေ့စပ်ခဲ့တဲ့အမျိုးသမီး

Chun နဲ့ Long လို့သာ ဖော်ပြထားတဲ့ ချစ်သူစုံတွဲဟာ ပြီးခဲ့တဲ့နှစ်သစ်ကူးည၊ ဒီဇင်ဘာ ၃၁ မှာ နှစ်ဦးသဘောတူစေ့စပ်ဖို့ ကတိထားခဲ့ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ အောက်တိုဘာလမှာ Long ဟာ Chun ကို မော်တော်ဆိုင်ကယ်နဲ့ လာအကြိုမှာ အက်ဆီးဒင့်ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး ဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။

အသက် ၂၅နှစ်အရွယ်၊ ရဲအရာရှိဖြစ်တဲ့ Long ရဲ့သေဆုံးမှုကို Chun ဟာ ဖြေမဆည်နိုင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီဇင်ဘာ ၃၁ရက်နေ့ရောက်တဲ့အခါမှာတော့ Chun ဟာ မနက်စောစောထပြီး အလှတွေပြင်ဆင်ပြီး စေ့စပ်ပွဲအတွက် ပြုပြင်ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ ဘေးကအိမ်နီးနားချင်းတွေရဲ့အကူအညီနဲ့ Chun ဟာ သူမနဲ့ Long ရဲ့ စေ့စပ်ပွဲကို တစ်ယောက်ဆည်း ကျင်းပခဲ့ပါတယ်။

‌စေ့စပ်ပွဲကို ထိုင်းရိုးရာအတိုင်းကျင်းပခဲ့ပြီး အခုဆိုရင် Chun ဟာ ပိုင်ရှင်ရှိပြီးသား မိန်းကလေးတစ်ယောက်လို် ပြောလို့ရပါတယ်။ သက်ဆိုင်သူဟာ လူ့လောကထဲမရှိတော့တာက လွဲလို့ပေါ့။

Be the first to comment

Leave a Reply

Your email address will not be published.


*