ပုံထဲက ဆေးရုံက မြန်မာပြည် နယ်မြို့လေးက ဆေးရုံရဲ့ ပုံပါ (စင်္ကာပူနဲ့ ထိုင်းက ဆေးရုံတွေနဲ့ ပုံစံအတူတူပါပဲ)

အဲ့ဒါ စင်္ကာပူကဆေးရုံ မဟုတ်ဘူးနော် ထိုင်းနိုင်ငံက ဆေးရုံလည်း မဟုတ်ဘူး။ အန်နယ်ဒီ အစိုးရလက်ထက် မိတ်ဆွေဂျပန် အကူအညီနဲ့ တည်ဆောက်အဆင့်မြှင့်ပေးလိုက်တဲ့ မြန်မာနိုင်ငံရဲ့ နယ်မြို့လေးတစ်မြို့ရဲ့ အနာဂတ် ရင်သွေးငယ်တွေ မွေးထုတ်ပေးမယ့် သွားဖွားမီးယပ် ဆေးရုံကြီးတဲ့..

“မကွေးတိုင်း သားဖွားမီးယပ်ဆေးရုံကြီးခုတင်၂၀၀မှခုတင်၅၀၀ဆံ့‌ဆေးရုံသစ်ကြီးအဖြစ် တိုးမြှင့်ဆောက်လုပ်ပြီးစီး”

မကွေးတိုင်း သားဖွားမီးယပ်ဆေးရုံကြီးခုတင် ၂၀၀ မှခုတင် ၅၀၀ ဆံ့‌ဆေးရုံသစ်ကြီးအဖြစ် တိုးမြှင့်ဆောက်လုပ်ပြီးစီးကြောင်း မကွေးတိုင်း၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

နို၀င်ဘာလ ၅ ရက်နေ့မှာ အများပြည်သူသို့ ၀န်ကြီးချုပ်က အသိပေးပြောကြားလိုက်ခြင်းဖြစ်ပါတယ်။

“မကွေးတိုင်းဆေးရုံကြီး ၊ခုတင် (၂၀၀) ကနေ ခုတင် (၅၀၀) ဆေးရုံကြီးအဖြစ် အဆင့်တိုးမြင့်သတ်မှတ်လိုက်ပြီတဲ့။ ခုမြင်ရတာက ဂျပန်က ဆောက်လုပ်လှူတန်းထားတဲ့ မွေးကင်းစ နဲ့ သားဖွား ၊ မီးယပ်ဆေးရုံအသစ်ပါ” ဟု မကွေးတိုင်း၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

မကွေးတိုင်းတွင် လူဦးရေ ၃,၉၁၇,၀၅၅ ဦးနေထိုင်ပြီး တိုင်းဆေးရုံအဟောင်းကိုလည်း အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*